


Source – Khine Hnin Wai
Credit:Cele Zone

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးကြီး ခိုင်နှင်းဝေ ကတော့ အလှူအတန်းတွေနဲ့ ပရဟိတ လုပ်ငန်းတွေကို တစိုက်မတ်မတ်နဲ့ လုပ်ဆောင်နေတာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာ ပါနော်။ ခိုင်နှင်းဝေ က စိတ်ရင်းစေတနာအမှန်နဲ့ ပရဟိတအလုပ်တွေကို ကိုယ်တိုင်ကိုယ်ကျလည်း လုပ်ကိုင်နေတာကြောင့် ပရိသတ်တွေအားလုံးက ချီးကျူးရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်…။

ဒီနေ့မှာလည်း ခိုင်နှင်းဝေက ပကာသနကင်းမဲ့ပေမဲ့ မြင်ရသူတိုင်း ကြည်နူးပီတိဖြစ်ကာ သာဓုအကြိမ်ကြိမ်ခေါ်ဆိုရ လောက်တဲ့ အလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ အလှူလေး ကတော့ စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေနေရတဲ့ အမျိုးသမီး နှစ်ယောက်နဲ့ ကလေးနှစ်ယောက် အတွက် ထမင်းနဲ့ ဟင်းတွေပါဝင်တဲ့ ဇကောထမင်းကို အာဟာရဒါနအလှူလေးအနေနဲ့ လှူဒါန်းပေးခဲ့ပြန်ပါတယ် …။

ခိုင်နှင်းဝေ က ဒီနေ့အလှူလေးကို ပြုလုပ်ဖြစ်တာကတော့ သူ စားသလိုမျိုး စားစေချင်တဲ့ ရိုးရှင်းတဲ့ ဆန္ဒလေးကြောင့် အခုလို အလှူလေးပြုလုပ် ခဲ့တာကို “ကိုယ်စားသလိုလေး ကျွေးချင်မိတယ်”လို့လည်း ဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ခိုင်နှင်းဝေရဲ့ ပကာသနမဲ့ ရိုးရှင်းလှတဲ့ အလှူလေးကတော့ ပရိသတ်တွေ သာဓုအကြိမ်ကြိမ်ခေါ်ဆိုနေရတဲ့ အထိကို ကြည်နူးပီတိဖြစ်ရတာတော့ အမှန်ပါပဲနော်…။

Source – Khine Hnin Wai
Credit:Cele Zone