မဂၤလာပါ ပရိသတ္ႀကီးေရ ပရိသတ္ေတြခ်စ္ၾကတဲ့ မင္းသမီးေခ်ာ ထက္ထက္မိုးဦးကေတာ့ ေၾကာ္ျငာဘုရင္မတစ္ေယာက္ဆိုတဲ့ ဂုဏ္ပုဒ္ကို ဒီေန့ဒီအခ်ိန္ထိ ျပိဳင္ဘက္မရိွ ဆြတ္ခူးထားနိုင္ဆဲ ျဖစ္ပါတယ္။ ထက္ထက္မိုးဦးကေတာ့ မခ်စ္တဲ့သူ မရိွသေလာက္ကို ခ်စ္ခင္အားေပးၾကတဲ့ ပရိသတ္ေတြကို တစ္နိုင္ငံလံုးအတုိင္းအတာနဲ့ ရရိွပိုင္ဆိုင္ထားျပီး ထက္ထက္မုိးဦးကလည္း သူမကိုခ်စ္ၾကတဲ့ ပရိသတ္တစ္ေယာက္ခ်င္းစီတိုင္းကို တန္ဖိုးထား ေလးစားသူတစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း ထက္ထက္တစ္ေယာက္ က်န္းမာေရးမေကာင္းသည့္တုိင္ ပရိသတ္ေတြအတြက္ အနုပညာအလုပ္ေတြကို ၾကိဳးစားလုပ္ကိုင္ေနလ်က္ရိွတာပဲ ျဖစ္ပါတယ္။

ဒီတစ္ေခါက္မွာလည္း ထက္ထက္မိုးဦးက လြန္ခဲ့တဲ့ နွစ္(၂၀)က လွဴဒါန္းခဲ့တဲ့ ဆြမ္းစားေက်ာင္းေဆာင္ကို ျပန္လည္ျပဳျပင္လွဴဒါန္းဖို့ စီစဥ္ရင္း ပီတိျဖစ္ေနရေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။ “ထက္ ၂၀၀၁ ခုနစ္ကလႉခဲ့တဲ့ အလိုေတာ္ျပည့္ဓမၼာစရိယတကၠသိုလ္က အာဟာရသုခဆြမ္းစားေက်ာင္းေဆာင္ကို လိုအပ္တာတခ်ိဳ႕ ျပန္လည္ျပဳျပင္ လႉဒါန္းဖို႔ ဒီေန႔သြားၾကည့္ခဲ့တယ္။”

“စလႉခဲ့တုန္းကလည္း အလုပ္ေတြလုပ္လိုက္ လႉလိုက္နဲ႔ပဲ ေက်ာင္းႀကီးျဖစ္ခဲ့ၿပီး ယခုအခါမွာလည္း အလုပ္ေတြလုပ္ရင္းနဲ႔ပဲ ျပန္လည္လႉဒါန္းခြင့္ရတာမို႔ အရမ္းကိုမွ ပီတိျဖစ္ရတယ္။ ခ်စ္ရသူေတြကိုလည္းေမတၱာေတြ ပို႔ျဖစ္တယ္။ နာယကခ်ဳပ္ဆရာေတာ္ကလည္း “ေက်ာင္းဒါယိကာမႀကီး ဘာမွ မပူနဲ႔ ဒကာမႀကီးရဲ႕ ဆြမ္းစားေက်ာင္းေဆာင္မွာ သံဃာေတြဟာ အၿမဲတမ္းတစ္ေန႔ ၂ ႀကိမ္ ေဝေနယ်သတၱဝါေတြ ပစၥည္းေလးပါးဒါယကာ ဒါယိကာမေတြကို ေမတၱာပို႔သေပးေနတာေၾကာင့္ ကုသိုလ္ေတြ သံဃာေတြရဲ႕ေမတၱာေတြအၿမဲရေနမွာပါ ” ဆိုၿပီး ေျပာလိုက္တဲ့အခ်ိန္မွာ ရင္ထဲမွာ ေျပာမျပတတ္ေအာင္ပါပဲ ။ ခ်စ္ရသူေတြအားေပးမႈေတြေၾကာင့္ အလုပ္ေတြလုပ္ရင္း သဒၶါေပါက္လို႔ ဒါနေျမာက္ခဲ့ၿပီ။” ဆိုျပီး ေျပာျပလာပါတယ္။

ထက္ထက္မိုးဦးကေတာ့ သူမကိုယ္တိုင္ လွဴဒါန္းခဲ့တဲ့ ဆြမ္းစားေက်ာင္းေဆာင္ကို သူမကိုယ္တိုင္ပဲ ျပန္လည္ျပဳျပင္မြန္းမံျပီး လွဴဒါန္းျဖစ္ေတာ့မွာမို့ အလွဴဒါယိကာမၾကီးပီပီ ပီတိျဖစ္ ဝမ္းသာေနတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ခ်စ္ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုကၸါတယ္ေနာ္…။

Source: Htet Htet Moe Oo ‘s fb
Credit – Cele Connections

မင်္ဂလာပါ ပရိသတ်ကြီးရေ ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချော ထက်ထက်မိုးဦးကတော့ ကြော်ငြာဘုရင်မတစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဒီနေ့ဒီအချိန်ထိ ပြိုင်ဘက်မရှိ ဆွတ်ခူးထားနိုင်ဆဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးကတော့ မချစ်တဲ့သူ မရှိသလောက်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရရှိပိုင်ဆိုင်ထားပြီး ထက်ထက်မိုးဦးကလည်း သူမကိုချစ်ကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို တန်ဖိုးထား လေးစားသူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ထက်ထက်တစ်ယောက် ကျန်းမာရေးမကောင်းသည့်တိုင် ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ထက်ထက်မိုးဦးက လွန်ခဲ့တဲ့ နှစ်(၂၀)က လှူဒါန်းခဲ့တဲ့ ဆွမ်းစားကျောင်းဆောင်ကို ပြန်လည်ပြုပြင်လှူဒါန်းဖို့ စီစဉ်ရင်း ပီတိဖြစ်နေရကြောင်း အခုလိုပဲ ပြောပြလာပါတယ်။ “ထက် ၂၀၀၁ ခုနစ်ကလှူခဲ့တဲ့ အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်က အာဟာရသုခဆွမ်းစားကျောင်းဆောင်ကို လိုအပ်တာတချို့ ပြန်လည်ပြုပြင် လှူဒါန်းဖို့ ဒီနေ့သွားကြည့်ခဲ့တယ်။”

“စလှူခဲ့တုန်းကလည်း အလုပ်တွေလုပ်လိုက် လှူလိုက်နဲ့ပဲ ကျောင်းကြီးဖြစ်ခဲ့ပြီး ယခုအခါမှာလည်း အလုပ်တွေလုပ်ရင်းနဲ့ပဲ ပြန်လည်လှူဒါန်းခွင့်ရတာမို့ အရမ်းကိုမှ ပီတိဖြစ်ရတယ်။ ချစ်ရသူတွေကိုလည်းမေတ္တာတွေ ပို့ဖြစ်တယ်။ နာယကချုပ်ဆရာတော်ကလည်း “ကျောင်းဒါယိကာမကြီး ဘာမှ မပူနဲ့ ဒကာမကြီးရဲ့ ဆွမ်းစားကျောင်းဆောင်မှာ သံဃာတွေဟာ အမြဲတမ်းတစ်နေ့ ၂ ကြိမ် ဝေနေယျသတ္တဝါတွေ ပစ္စည်းလေးပါးဒါယကာ ဒါယိကာမတွေကို မေတ္တာပို့သပေးနေတာကြောင့် ကုသိုလ်တွေ သံဃာတွေရဲ့မေတ္တာတွေအမြဲရနေမှာပါ ” ဆိုပြီး ပြောလိုက်တဲ့အချိန်မှာ ရင်ထဲမှာ ပြောမပြတတ်အောင်ပါပဲ ။ ချစ်ရသူတွေအားပေးမှုတွေကြောင့် အလုပ်တွေလုပ်ရင်း သဒ္ဓါပေါက်လို့ ဒါနမြောက်ခဲ့ပြီ။” ဆိုပြီး ပြောပြလာပါတယ်။

ထက်ထက်မိုးဦးကတော့ သူမကိုယ်တိုင် လှူဒါန်းခဲ့တဲ့ ဆွမ်းစားကျောင်းဆောင်ကို သူမကိုယ်တိုင်ပဲ ပြန်လည်ပြုပြင်မွန်းမံပြီး လှူဒါန်းဖြစ်တော့မှာမို့ အလှူဒါယိကာမကြီးပီပီ ပီတိဖြစ် ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ချစ် ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက္ပါတယ်နော်…။

Source: Htet Htet Moe Oo ‘s fb
Credit – Cele Connections