ပရိသတ္ေတြရဲ့တစ္ခဲနက္အားေပး ခ်စ္ခင္မႈေတြကို အခိုင္အမာရရွိထားတဲ့ ဝါရင့္သ႐ုပ္ေဆာင္ အႏုပညာရွင္ တစ္ဦး ျဖစ္တဲ့ ခင္လွိုင္ကေတာ့ လတ္ တေလာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ျပည္သူေတြနဲ႔အတူ ရပ္တည္ေနၾကတာပဲ ျဖစ္ပါတယ္..။ခင္လွိုင္တို႔ဇနီးေမာင္ႏွံအျပင္ သားျဖစ္သူေနရဲနဲ႔ သမီးျဖစ္သူ သဇင္ထူးျမင့္တို႔ကလည္း ျပည္သူေတြအားလုံးနဲ႔အတူ ေတာ္လွန္ေရးတိုက္ပြဲႀကီး မွာ လမ္းေပၚထြက္လႈပ္ရွားမႈေတြအျပင္ လႉဒါန္းမႈေတြျပဳလုပ္ကာ တတ္နိုင္ေလာက္ အားျဖည့္ပါဝင္ခဲ့ၾကတာလည္း ေတြ႕ရပါတယ္..။

အေျခအေနေတြအမ်ိဳးမ်ိဳးေၾကာင့္ ေရွာင္တိမ္းေနရတဲ့အခ်ိန္မွာေတာင္ သၾကၤန္မွာ ေပ်ာ္ေန တယ္ဆိုတဲ့ ေကာလ ဟာလ သတင္းအမွားေတြနဲ႔ ပတ္သက္ၿပီး သဇင္ထူးျမင့္က သူမရဲ့ေဖ့စ္ဘြတ္စာမ်က္ႏွာကေန ျပတ္ျပတ္သားသားေျပာလာပါတယ္..။“ေဖေဖကသၾကၤန္မွာေပ်ာ္ေနၿပီေလ ဝမ္းနည္းေနတုန္းလား” ဆိုၿပီး လာေျပာတဲ့သူကို မိသားစုလိုက္အခက္အခဲျဖစ္ေနတဲ့ အခုလိုအခ်ိန္မွာ ခ နဲ႔ သလို ရြဲ႕သလိုမေျပာၾကဖို႔၊ ခံယူခ်က္ခ်င္းမတူတဲ့သူေတြနဲ႔ မခိုင္းႏွိုင္းဖို႔ကိုလည္း ျပတ္ျပတ္သားသား သတိေပးေျပာလိုက္တာပဲျဖစ္ပါတယ္ ..။“ဒီခ်ိန္မွာ ခနဲ႔သလို ရြဲ႕သလိုေတြလာမလုပ္နဲ႔ေနာ္ …ေျပးလိုက္ရပုန္းလိုက္ရနဲ႔ေနေနရတာ…ဒုကၡမ်ိဳးစုံေရာက္ေနရတာ ကိုယ္ေတြပဲသိတယ္ဒီေန႔ ေဖေဖ့ေမြးေန႔ေတာင္ မိသားစုေတြမဆုံနိုင္လို႔စိတ္မေကာင္းျဖစ္ေနရ တာေခြးထပ္မိုက္တဲ့ ေကာင္ေတြလုပ္တဲ့

ဘယ္ပြဲမွသြားစရာအေၾကာင္းမရွိဘူး…အသားထဲကေလာက္ထြက္တဲ့ေကာင္ေတြေသေအာင္ရြံတယ္…မႏွိုင္းစမ္းပါနဲ႔ အဲ့လိုစိတ္ဓာတ္ရွိတဲ့ေကာင္ ေတြနဲ႔🤢..”ဆိုၿပီး သဇင္ထူးျမင့္က ေရးသားေျပာျပထားတာပါ..။သူမရဲ့ပို႔စ္ေအာက္မွာေတာ့ ပရိသတ္ေတြကလည္း အခုလိုအခ်ိန္မွာ အားေပးစကားေတြနဲ႔အတူ အစစအရာရာဂ႐ုစိုက္ၾကဖို႔ေျပာထားရင္း အ ႏၲရာယ္ကင္းေဘးရွင္းၾကေစဖို႔ကိုလည္း ဆုေတာင္းစကားေတြ ေျပထားၾကတာ ေတြ႕ရပါတယ္..။

Credit

ပရိသတ်တွေရဲ့တစ်ခဲနက်အားပေး ချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် အနုပညာရှင် တစ်ဦး ဖြစ်တဲ့ ခင်လှိုင်ကတော့ လတ် တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေကြတာပဲ ဖြစ်ပါတယ်..။ခင်လှိုင်တို့ဇနီးမောင်နှံအပြင် သားဖြစ်သူနေရဲနဲ့ သမီးဖြစ်သူ သဇင်ထူးမြင့်တို့ကလည်း ပြည်သူတွေအားလုံးနဲ့အတူ တော်လှန်ရေးတိုက်ပွဲကြီး မှာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေအပြင် လှူဒါန်းမှုတွေပြုလုပ်ကာ တတ်နိုင်လောက် အားဖြည့်ပါဝင်ခဲ့ကြတာလည်း တွေ့ရပါတယ်..။

အခြေအနေတွေအမျိုးမျိုးကြောင့် ရှောင်တိမ်းနေရတဲ့အချိန်မှာတောင် သင်္ကြန်မှာ ပျော်နေ တယ်ဆိုတဲ့ ကောလ ဟာလ သတင်းအမှားတွေနဲ့ ပတ်သက်ပြီး သဇင်ထူးမြင့်က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြတ်ပြတ်သားသားပြောလာပါတယ်..။“ဖေဖေကသင်္ကြန်မှာပျော်နေပြီလေ ဝမ်းနည်းနေတုန်းလား” ဆိုပြီး လာပြောတဲ့သူကို မိသားစုလိုက်အခက်အခဲဖြစ်နေတဲ့ အခုလိုအချိန်မှာ ခ နဲ့ သလို ရွဲ့သလိုမပြောကြဖို့၊ ခံယူချက်ချင်းမတူတဲ့သူတွေနဲ့ မခိုင်းနှိုင်းဖို့ကိုလည်း ပြတ်ပြတ်သားသား သတိပေးပြောလိုက်တာပဲဖြစ်ပါတယ် ..။“ဒီချိန်မှာ ခနဲ့သလို ရွဲ့သလိုတွေလာမလုပ်နဲ့နော် …ပြေးလိုက်ရပုန်းလိုက်ရနဲ့နေနေရတာ…ဒုက္ခမျိုးစုံရောက်နေရတာ ကိုယ်တွေပဲသိတယ်ဒီနေ့ ဖေဖေ့မွေးနေ့တောင် မိသားစုတွေမဆုံနိုင်လို့စိတ်မကောင်းဖြစ်နေရ တာခွေးထပ်မိုက်တဲ့ ကောင်တွေလုပ်တဲ့

ဘယ်ပွဲမှသွားစရာအကြောင်းမရှိဘူး…အသားထဲကလောက်ထွက်တဲ့ကောင်တွေသေအောင်ရွံတယ်…မနှိုင်းစမ်းပါနဲ့ အဲ့လိုစိတ်ဓာတ်ရှိတဲ့ကောင် တွေနဲ့🤢..”ဆိုပြီး သဇင်ထူးမြင့်က ရေးသားပြောပြထားတာပါ..။သူမရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း အခုလိုအချိန်မှာ အားပေးစကားတွေနဲ့အတူ အစစအရာရာဂရုစိုက်ကြဖို့ပြောထားရင်း အ န္တရာယ်ကင်းဘေးရှင်းကြစေဖို့ကိုလည်း ဆုတောင်းစကားတွေ ပြေထားကြတာ တွေ့ရပါတယ်..။

Credit