


Source : PhoneThiriKyaw

ချစ်လှစွာသော ပရိသတ်ကြီးရေ နာမည်ကြီးနေတဲ့ သရုပ်ဆောင်ချောလေး ဘုန်းသီရိကျော်ကတော့လက်ရှိမှာဆိုရင်လည်းဇာတ်လမ်းတိုတွေအပြင် ကြော်ငြာလေးတွေလည်းရိုက်ကူးလာတာ ကိုတွေ့ရပါတယ်။ စိုင်းစိုင်းရဲ့ Sai Cosmetix ပြိုင်ပွဲကနေစပြီး သူမဟာ အနုပညာအလုပ်တွေစလုပ်ခဲ့တဲ့သူလေးလည်း ဖြစ်ပါတယ်..။

ဒါ့အပြင်မျက်နှာလေးက လမင်းလေးသဖွယ်ဝိုင်းဝိုင်းပြည်ပြည့်လေးနဲ့ ဇော်ပိုင်ရဲ့ မေသီချင်းလိုပဲ ဘုန်းသီရိကျော်ကတော့ အမျိုးသားပရိသတ်တွေ တခဲနက်ဝန်းရံ အားပေးခြင်းခံရတဲ့မင်းသမီးလေးလို့ဆိုရမှာပါ။ ချစ်စရာကောင်းခြင်းတွေစု စည်းထားတဲ့မျက်နှာလေးနဲ့ အပြုံးတွေ ၊စကားပြောဟန်တွေက အမျိုးသားထုကြီးရဲ့ ရင်ကို ဆွဲခါလှုပ်ရမ်းနိုင်သူလေးလို့ ဆိုရမှာပါ..။

လက်ရှိမှာတော့​နှစ်သစ် 2021မှာ သူမနေထိုင်ဖြတ်သန်းမယ့် ပူံစံလေးကိုပြောပြခဲ့တာပါ။ ” ဒီနှစ်လည်း ရိုးရှင်းအေးချမ်းစွာပဲ ဖြတ်သန်းရပါစေ❣️ ” ဟုဆိုတဲ့စာလေးနဲ့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ချစ်စရာကောင်းလှတဲ့သူမရဲ့ ပုံရိပ်တွေကိုဝေမျှခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – CeleKhitThit