ပရိတ္သတ္ႀကီးေရ….အဆိုေတာ္ J Fireကေတာ့ အမွန္တရားကိုခ်စ္ျမတ္နိုးတဲ့သူတစ္ေယာက္ျဖစ္တဲ့အတြက္ ေဖေဖာ္ဝါရီလအစပိုင္းမွာေျပာင္းလဲျဖစ္ေပၚခဲ့တဲ့အေျခအေနေတြမွာ ျပည္သူလူထုနဲ႔အတူ ရပ္တည္ေနခဲ့တဲ့ သူတစ္ေယာက္ပဲျဖစ္ပါတယ္ေနာ္.။လမ္းေပၚထြက္ကာ ရင္ထဲက ဆႏၵအမွန္ကို ေဖာ္ထုတ္တဲ့ လူထုလႈပ္ရွားမႈႀကီးမွာလည္း ကိုယ္တိုင္ပါဝင္အားျဖည့္ခဲ့တာျဖစ္ပါတယ္။ ဒီကေန႔အပါအဝင္ ရက္ေပါင္း ၅၄ရက္ၾကာ ရွိခဲ့ၿပီျဖစ္တဲ့ အေျခအေနေတြမွာေတာ့ J Fireက ေသြးေအးမသြားပဲ ဆက္လက္ရပ္တည္ေနတာကို ေတြ႕ရပါတယ္။

အဆိုေတာ္ J Fireက ျပည္သူေတြနဲ႔အတူ ပူးေပါင္းပါဝင္ေနသလို လူထုလႈပ္ရွားမႈေၾကာင့္ အသက္ေပးကာ က်ဆုံးခဲ့ရတဲ့ အာဇာနည္သူရဲေကာင္းေတြရဲ့ မိသားစုဝင္ေတြအတြက္လည္း ေငြေၾကးအင္အားနဲ႔ ကူညီေထာက္ပံ့ေပးေနတာျဖစ္ပါတယ္။ ဒါ့အျပင္ အခုလက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြေၾကာင့္ အစားအေသာက္ေတြ ခက္ခဲေနၾကတဲ့ အေျခခံလူတန္းစား ျပည္သူအခ်ိဳ႕အတြက္လည္း လိုအပ္တာေတြကို လႉဒါန္းတာျဖစ္ပါတယ္ေနာ္။

အခုလို လႉဒါန္းၿပီး လူထုလႈပ္ရွားမႈႀကီးမွာ ပါဝင္ေနခဲ့တဲ့ J Fireက သူရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာထက္မွာ ” ကၽြန္ေတာ္ေျမျပင္က လူေတြနဲ႔ အခုခ်ိန္အထိ အတူရွိေနၿပီး အခက္အခဲျဖစ္ေနၿပီး လိုအပ္တဲ့ေနရာမွန္သမၽွမွာ ကူညီေပးေနပါတယ္။ ျမင္တဲ့သူေတြလည္းျမင္ၾကမယ္ ထင္ပါတယ္။ တျခားလုပ္ေနတာေတြ ပုံေတြ Post ေတြကို ပုံမွန္ Social Media မွာမတင္ျဖစ္တာကိုေတာ့ နားလည္မယ္ထင္ပါတယ္။ ဂ႐ုစိုက္ၾကပါ အေကာင္းဆုံးေတြကိုရဖို႔ အဆိုးဆုံးေတြကို အရင္ဆုံးေက်ာ္ျဖတ္ၾကတာေပါ့ ” ဆိုတဲ့ စာသားနဲ႔ ပုံေတြကို ေဝမၽွလာခဲ့ပါတယ္။ နိုင္ငံအတြက္ တစ္ဖက္တစ္လမ္းကေန တက္တက္ႂကြႂကြပါဝင္ေနရင္း ျပည္သူေတြနဲ႔အတူ ပူးေပါင္းလုပ္ေဆာင္ေနတဲ့ J Fireရဲ့ စာသားေတြနဲ႔ ပုံေတြကို ပရိသတ္ေတြထံ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကိုအထူးပဲေက်းဇူးတင္ရွိပါတယ္ေနာ္….။

Source & Photo credit – J Fire’s Facebook Page
Credit; MMLoad

ပရိတ်သတ်ကြီးရေ….အဆိုတော် J Fireကတော့ အမှန်တရားကိုချစ်မြတ်နိုးတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ဖေဖော်ဝါရီလအစပိုင်းမှာပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေမှာ ပြည်သူလူထုနဲ့အတူ ရပ်တည်နေခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်နော်.။လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒအမှန်ကို ဖော်ထုတ်တဲ့ လူထုလှုပ်ရှားမှုကြီးမှာလည်း ကိုယ်တိုင်ပါဝင်အားဖြည့်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့အပါအဝင် ရက်ပေါင်း ၅၄ရက်ကြာ ရှိခဲ့ပြီဖြစ်တဲ့ အခြေအနေတွေမှာတော့ J Fireက သွေးအေးမသွားပဲ ဆက်လက်ရပ်တည်နေတာကို တွေ့ရပါတယ်။

အဆိုတော် J Fireက ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်နေသလို လူထုလှုပ်ရှားမှုကြောင့် အသက်ပေးကာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ မိသားစုဝင်တွေအတွက်လည်း ငွေကြေးအင်အားနဲ့ ကူညီထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အစားအသောက်တွေ ခက်ခဲနေကြတဲ့ အခြေခံလူတန်းစား ပြည်သူအချို့အတွက်လည်း လိုအပ်တာတွေကို လှူဒါန်းတာဖြစ်ပါတယ်နော်။

အခုလို လှူဒါန်းပြီး လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်နေခဲ့တဲ့ J Fireက သူရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ” ကျွန်တော်မြေပြင်က လူတွေနဲ့ အခုချိန်အထိ အတူရှိနေပြီး အခက်အခဲဖြစ်နေပြီး လိုအပ်တဲ့နေရာမှန်သမျှမှာ ကူညီပေးနေပါတယ်။ မြင်တဲ့သူတွေလည်းမြင်ကြမယ် ထင်ပါတယ်။ တခြားလုပ်နေတာတွေ ပုံတွေ Post တွေကို ပုံမှန် Social Media မှာမတင်ဖြစ်တာကိုတော့ နားလည်မယ်ထင်ပါတယ်။ ဂရုစိုက်ကြပါ အကောင်းဆုံးတွေကိုရဖို့ အဆိုးဆုံးတွေကို အရင်ဆုံးကျော်ဖြတ်ကြတာပေါ့ ” ဆိုတဲ့ စာသားနဲ့ ပုံတွေကို ဝေမျှလာခဲ့ပါတယ်။ နိုင်ငံအတွက် တစ်ဖက်တစ်လမ်းကနေ တက်တက်ကြွကြွပါဝင်နေရင်း ပြည်သူတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေတဲ့ J Fireရဲ့ စာသားတွေနဲ့ ပုံတွေကို ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နော်….။

Source & Photo credit – J Fire’s Facebook Page
Credit; MMLoad