Source: Htoo El Lynn’s fb
ချစ်ပရိသတ်ကြီးရေ အဆိုတော်ကြီး ထူးအယ်လင်းရဲ့ သီချင်းတွေကတော့ ပရိသတ်တွေကြားမှာ ဘယ်တော့မှ ရိုးမသွားမယ့် သီချင်းကောင်းလေးတွေဖြစ်ပြီး ဒီနေ့ဒီအချိန်ထိ ရေပန်းစားအောင်မြင်နေဆဲ ဖြစ်ပါတယ်။ ထူးအယ်လင်းက အသက်အရွယ်တစ်ခု ရောက်ရှိလာချိန်မှာ အနုပညာလုပ်ငန်းတွေနဲ့အတူတူ လူမှုအကျိုးပြုလုပ်ငန်းတွေကိုပါ ပူးတွဲလုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ စကားပြောပြတ်သားပြီး စိတ်ရှင်းလူရှင်းအောင်နေတတ်တဲ့ ထူးအယ်လင်းကတော့ သူ့ရဲ့အတွင်းစိတ်က သူတစ်ပါးကို ကူညီချင်စိတ်အပြည့်ရှိပြိး သဘောမနောကောင်းတယ်ဆိုတာကိုတော့ အထွေအထူးပြောစရာလိုမယ် မထင်ပါဘူး။
ဇန်နဝါရီလ (၆) ရက်နေ့ကတော့ ထူးအယ်လင်းရဲ့ အချစ်ဆုံး ချစ်ဇနီးလေးရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ထူးအယ်လင်းကတော့ ချစ်ဇနီးရဲ့ မွေးနေ့မှာ စကားတွေ ရှည်ရှည်ဝေးဝေးပြောမနေတော့ပဲ သူ့ရင်ထဲက ဆန္ဒလေးတစ်ခုနဲ့ ရိုးရိုးရှင်းရှင်း မွေးနေ့ဆုတောင်းပေးခဲ့တာ တွေ့ရပါတယ်။ ထူးအယ်လင်းက “မွေးနေ့မှာ ပျော်ရွှင်ကြည်နူးပါစေမိန်းမရေ …🥰🥰🥰😍😘” ဆိုပြီး အသက်ထက်မက ချစ်မြတ်နိုးရတဲ့ ချစ်ဇနီးအတွက် မွေးနေ့ဆုတောင်းပေးလာတာပဲ ဖြစ်ပါတယ်။
ထူးအယ်လင်းကတော့ ချစ်ရတဲ့ချစ်ဇနီးကို ဘဝတစ်သက်တာလုံး ပျော်ရွှင်ကြည်နူးမှုတွေကိုသာရရှိစေလိုကြောင်း သူ့ရဲ့ မွေးနေ့ဆုတောင်းလေးက သက်သေပါပဲ။ ထူးအယ်လင်းတို့ ဇနီးမောင်နှံနှစ်ယောက် ချစ်ရတဲ့ သားသားမီးမီးလေးတွေနဲ့ သေတပန်သက်တစ်ဆုံး ပျော်ရွှင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။
Source: Htoo El Lynn’s fb
Credit – Cele Connections