သွေးမတော်သားမစပ်ပေမယ့် တန်ဖိုးကြီးလက်ဆောင် ပစ္စည်းကြီးကို အိမ်တိုင်ရာရောက် လာပေးသွားလို့ ကျေးဇူးတွေတင်နေတဲ့ ဇာတ်ပို့မင်းသမီးချောလေး နှိုင်းယှဉ်မြင့်မိုရ်….(ကာလတန်ဖိုး ၆သိန်းဝန်းကျင်..)

အခုလိုcovid ကာလမှာ အိမ်မှာပဲ Stay Home နေရတဲ့ အတွက် ရိုက်ကူးရေးတွေရပ်နားထားရတဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ Online ကနေတဆင့် Live လွှင့်ဈေးရောင်းရင်း မအားမလပ်နဲ့ဖြစ်နေတာပါ။

စိန်ရွှေရတနာတွေကို Live လွှင့် ရောင်းရင်း ချစ်ရတဲ့ ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတော်လေး ရောင်းကောင်းဝယ်ကောင်းဖြစ်နေခဲ့တာပါ ။ လတ်တလောမှာတော့ သူမဆီမထင်မှတ်ထားတဲ့ လက်ဆောင် လေးတစ်ခုရောက်ရှိလာတယ်လို့သိရပါတယ် ။

ဘယ်မှမသွားပဲ အိမ်ထဲမှာနေနေတုနိး တီးတောင် သံကြားလို့ထွက်ကြည့်‌တော့… ကိုယ့်ဆီကစိန်တွေ အမြဲ အားပေးနေတဲ့ ချစ်သော အစ်မတစ်ယောက်ကပို့ပေးလိုက်တာတဲ့… ဖုန်းဆက်မေး ကြည့်တော့ သီတင်းကျွတ်လက်ဆောင်ပါ ညမလေးတဲ့

သမီးကို ချစ်ပေးကြလို့ အရမ်းကျေးဇူးတင်ပါတယ် မကြီးအရမ်းလည်းချစ်တယ် ဆိုတဲ့စာသားလေးနဲ့အတူ လက်ဆောင်ပို့ပေးတဲ့ အစ်မကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ကျေးဇူးတင် စကားဆိုခဲ့တာပါ ။
သူမ ဆီရောက်ရှိလာတဲ့ သီတင်းကျွတ် လက်ဆောင် လေးကတော့ စိန်ဆွဲသီးလေးတစ်ခုဖြစ်ပြီး တန်ဖိုးအားဖြင့် (၆)သိန်းနီးပါးတန်ကြေးရှိပါတယ် ။ နှိုင်းယှဉ်ကတော့ ခုလိုချစ်သူ ခင်သူတွေရဲ့ သူမအပေါ် ထားတဲ့ စိတ်ထားကြောင့် အရမ်းကိုကျေးဇူးတင်သလို ပျော်ရွှင်နေရပါတယ်တဲ့ ပရိသတ်ကြီးရေ .. ။

Zaw Gyi



