



Credit

ညီညီမောင် စမ်းချောင်းမှ သင်္ကြန် ဓာတ်ပုံများကို ပုံအမှားဟု မဟုတ်မမှန် ငြင်းဆို မိသည် ဟုဝန်ခံ ရင်း မိမီမှာ ဒလန် လုပ်မည့် သူမဟုတ် ကြော င်း ရှင်းပြခဲ့ပါသည်စစ်တပ်မှ ကျင်းပသော သင်္ကြန် ပွဲ သလို့ သွားရောက် ခဲ့ ရသည်မှာ ဖိတ်စာ ရပြီး မသွားရဲ ပဲ မနေရဲ သောကြောင့် ဖြစ်သည် ဟု ရေးသား ဖော် ပြထားပါသည်။

ဒလံ ဒလံ လိုပြောနေရအောင်လျှာပေါ်မြက်ပေါက်သွားပါစေ ဘယ်တော့မှဒလံမလုပ်ဘူးဆိုတာ ပြောပြစေ 😔ကိုယ်ကြောင့် မည်သူတဦးတယောက်မှ အန္တရယ်မကျဘူးလိုလဲ တိုင်းပြည်နဲ့ လူမျိုး ပျက်စီးအောင်လည်း တခါမှမလုပ်ဖူးပါဘူးသလို ပြည်သူ တဦးတယောက်ကို မှလဲဒုက္ခမပေးဘူးပါ ဖဖော်ဝါရီ တရက်နေ့ထည်းကလည်းပြည်သူ နဲ့ အတူပါဝင်လှုပ်ရှားခဲ့တာပါပဲ ဒီအချိန်မှာ ဖိတ်ရင် မသွားပဲ ဘယ်သူနေရဲမလဲ လူဆိုတာ ကိုယ်တိုင်နဖူးတွေ့ ဒူးတွေ့ တွေ မှသိကြမှာပါ

အခုရေးနေပြောနေသူတွေကိုလဲမမုန်းပါဘူးချစ်ကြလို့ သူတို့ဖြစ်စေချင်သလို မတွေ့ရလို့ စိတ်ဆိုးပြီးရေးနေပြောနေကြတာပါ သု နေရာ ဝင် ကြည့်ရင်သူတို့သဘောပေါက်သွားမှာပါကိုယ့်အိမ်မှာ အနုပညာရှင်တွေ ကလေးတွေ ဝင်ပုန်းရင်တောင်စေတနာထား ခဲ့တာ နေဖူးသူ တွေသိပါတယ် မယုတ်မာဘူးပါဘူးအခုချိန်အခုအခြေနေမှာတော့ ဘယ်သူမှ လည်းမထိခိုက်ဘူး ကိုယ် အတွက်လည်း အန္တာရာယ်မဖြစ်အောင်သွားခဲ့တာပဲရှိပါတယ် ဘာရည် ရွယ်ချက်မှမပါပါဘူးသု နိုင်ငံရေးလုပ်တာလဲ အမေစု ကိုချစ်လိုပါ ဘယ်ပါတီ အရောင်မှမပါပါဘူး အရာရာ စွန့်လွှတ်နိုင်တဲ့ သူမို့ လေးစားတယ်ချစ်တယ် တန်ဖိုး ထား တယ် 🙏🏻🙏🏻🙏🏻

လူဆိုတာ ကိုယ်ကြုံဘူးမှ ကိုယ်သိကြတာပါ ကိုယ်ဝမ်းနာ ကိုယ်သာသိတာပါ နားလည်ပေးရမဲ့အစား ပုံကြီးချဲ့ပြီး လူမှုရေး တိုက်ခိုက်တာတွေ တော့ စိတ်မကောင်း ဖြစ်ရပါတယ် 😔နိုင်ငံရေး နဲ့ လှုမှု့ရေးတိုက်ခိုက်မှုခွဲခြားနိုင်ပါစေ 🙏🏻နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုအင်ဆန္ဒပြည့်ဝကြပါစေ 🙏🏻 ဆို ပြီး ရေးသား ထား တာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း သိရှိနိုင်စေရန် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit