


Source: Thandar Bo’s fb

ချစ်ပရိသတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်စုံတွဲဖြစ်ကြတဲ့သရုပ်ဆောင်မင်းသား ကောင်းပြည့်နဲ့ သရုပ်ဆောင်မင်းသမီး သန္တာဗိုလ်တို့ကတော့ နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်ညီတဲ့ ချစ်သူစုံတွဲလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အများအပြားရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့က အခုဆိုရင် ချစ်သူသက်တမ်း (၉) နှစ်နီးပါးတိုင်ရှိခဲ့ပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် အချစ်မလျော့စတမ်း သစ္စာရှိရှိ လက်တွဲနေကြဆဲ ဖြစ်တာကြောင့် ပရိသတ်တွေ အားကျခြင်းခံရတဲ့ သမီးရည်းစားစုံတွဲလေးဆိုလည်း မမှားပါဘူး။

မင်းသမီး သန္တာဗိုလ်ကတော့င် မင်းသား ကောင်းပြည့်ထက် အသက်ငယ်ရွယ်သူပီပီ ကောင်းပြည့်ကို အရမ်းချစ်သလို တစ်ခါတစ်လေမှာလည်း ကလေးလေးတစ်ယောက်လို ချစ်စဖွယ်ကောင်းအောင် ချွဲ့နွဲ့တတ်သူလေး ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း သန္တာဗိုလ်က ချစ်သူကောင်းပြည့်ရဲ့ ဓာတ်ပုံပါတဲ့ ခေါင်းအုံးလေးကို တစိမ့်စိမ့်ကြည့်ပြီး လွမ်းတဲ့အကြောင်းတွေကို သီချင်းလေးနဲ့ ရင်ဖွင့်လာခဲ့တာကို အခုလိုမျိုးပဲ ကြည်နူးဖွယ် တွေ့ရပါတယ်။

သန္တာဗိုလ်ကတော့ ကောင်းပြည့်ကို သတိရတဲ့အကြောင်း သီချင်းလေးအတိုင်း ခံစားချက်အပြည့်နဲ့ ထုတ်ဖော်ပြလာတာပဲ ဖြစ်ပါတယ်။ ကောင်းပြည့်လည်း ဒီဗီဒီယိုလေးကိုကြည့်ပြီး အချစ်ဆုံးလေး သန္တာဗိုလ်ကို အရမ်းသတိရ ပြေးတွေ့ချင်သွားမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Thandar Bo’s fb
Credit– Cele Connections