ခုျဖစ္ေပၚေနတဲ့ အေျခအေနေတြေၾကာင့္ ျပည္သူအမ်ားစုဟာ လုပ္ငန္းတာဝန္မ်ားကို ရပ္နားထား ရတာေၾကာင့္ စားဝတ္ေနေရး အခက္အခဲမ်ားစြာကို ရင္ဆိုင္ေနရတာလည္းေတြ႕ရပါတယ္။ဒီလိုအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ မိသားစုေတြကို အႏုပညာရွင္မ်ားက တတ္နိုင္သေလာက္ ကူညီေထာက္ပံ့ကာ လႉဒါန္းမႈေတြ ျပဳလုပ္ေပးေန တာလည္းျဖစ္ပါတယ္။

ဒီလိုကူညီေထာက္ပံ့မႈေတြျပဳလုပ္ေပးေနၾကတဲ့ထဲမွာ ေရဗကၠာဝင္းကလည္း အပါအဝင္ပါပဲေနာ္။တတ္နိုင္သေလာက္ လိုအပ္တဲ့ေနရာမ်ားကို သြားေရာက္ကာ စားနပ္ရိကၡာမ်ားကို လႉဒါန္းခဲ့သလို မိတ္ေဆြသူငယ္ခ်င္းမ်ားနဲ႔လည္း စုေပါင္းကာ အလႉေငြမ်ား လိုအပ္တဲ့ အသုံးအေဆာင္ပစၥည္းမ်ားကို လႉဒါန္းလ်က္ရွိတာကို ေလးစာ းစြာေတြ႕ျမင္ရပါတယ္။

အခုလည္း မိတ္ေဆြမ်ားနဲ႔စုေပါင္းကာ စားဝတ္ေနေရးအခက္အခဲျဖစ္ေနတဲ့ မိသားစုေတြအတြက္ ဆန္၊ဆီနဲ႔ အျခားလိုအပ္တဲ့ အစားအေသာက္မ်ားကိုလႉဒါန္းခဲ့ျပန္ပါတယ္။ အလႉပုံေလးေတြနဲ႔အတူ ” ေဝလုဝန္ေက်ာင္းတိုက္ ေတာင္ဒဂုံကဆရာေတာ္ KBC (ကခ်င္ႏွစ္ျခင္းသာသနာအဖြဲ႕ခ်ဳပ္)နဲ႔ လိုအပ္ေနတဲ့ျပည္သူမ်ားကို ေပၚဆန္းေမႊး ၃ျပည္ ေနၾကာဆီ ၁လီတာ ပဲၾကာဇံ ပဲနီေလး Maggi စြယ္စုံသုံးဟင္းခတ္မႈန႔္ တို႔ကို အိမ္ေထာင္စု (၂၂၈)စုစာ လႉဒါန္းခဲ့ပါတယ္ရွင္ သားအိမ္ျခစ္ဖို႔ အခက္အခဲျဖစ္ေနတဲ့ အမ်ိဳးသမီး တစ္ဦးအတြက္လဲ ေဆး႐ုံတက္ဖို႔ လႉဒါန္းပါဝင္ခဲ့ပါတယ္ရွင္ “ဆိုတဲ့စာေလးကိုပါေရးသားေဝမၽွထားရာ ပရိသတ္ႀကီးအတြက္ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Credit – Cele Zone
Photo – Rebecca Win

ခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပြည်သူအများစုဟာ လုပ်ငန်းတာဝန်များကို ရပ်နားထား ရတာကြောင့် စားဝတ်နေရေး အခက်အခဲများစွာကို ရင်ဆိုင်နေရတာလည်းတွေ့ရပါတယ်။ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မိသားစုတွေကို အနုပညာရှင်များက တတ်နိုင်သလောက် ကူညီထောက်ပံ့ကာ လှူဒါန်းမှုတွေ ပြုလုပ်ပေးနေ တာလည်းဖြစ်ပါတယ်။

ဒီလိုကူညီထောက်ပံ့မှုတွေပြုလုပ်ပေးနေကြတဲ့ထဲမှာ ရေဗက္ကာဝင်းကလည်း အပါအဝင်ပါပဲနော်။တတ်နိုင်သလောက် လိုအပ်တဲ့နေရာများကို သွားရောက်ကာ စားနပ်ရိက္ခာများကို လှူဒါန်းခဲ့သလို မိတ်ဆွေသူငယ်ချင်းများနဲ့လည်း စုပေါင်းကာ အလှူငွေများ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းလျက်ရှိတာကို လေးစာ းစွာတွေ့မြင်ရပါတယ်။

အခုလည်း မိတ်ဆွေများနဲ့စုပေါင်းကာ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ မိသားစုတွေအတွက် ဆန်၊ဆီနဲ့ အခြားလိုအပ်တဲ့ အစားအသောက်များကိုလှူဒါန်းခဲ့ပြန်ပါတယ်။ အလှူပုံလေးတွေနဲ့အတူ ” ဝေလုဝန်ကျောင်းတိုက် တောင်ဒဂုံကဆရာတော် KBC (ကချင်နှစ်ခြင်းသာသနာအဖွဲ့ချုပ်)နဲ့ လိုအပ်နေတဲ့ပြည်သူများကို ပေါ်ဆန်းမွှေး ၃ပြည် နေကြာဆီ ၁လီတာ ပဲကြာဇံ ပဲနီလေး Maggi စွယ်စုံသုံးဟင်းခတ်မှုန့် တို့ကို အိမ်ထောင်စု (၂၂၈)စုစာ လှူဒါန်းခဲ့ပါတယ်ရှင် သားအိမ်ခြစ်ဖို့ အခက်အခဲဖြစ်နေတဲ့ အမျိုးသမီး တစ်ဦးအတွက်လဲ ဆေးရုံတက်ဖို့ လှူဒါန်းပါဝင်ခဲ့ပါတယ်ရှင် “ဆိုတဲ့စာလေးကိုပါရေးသားဝေမျှထားရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Rebecca Win