


Credit – CeleKhitThit

ချစ်ပရိသတ်ကြီးရေ ဖြိုးရာဇာနိုင်ကတော့ မောင်မြင့်အဖြစ် ” မျက်လုံးမှာအလွမ်းနှုတ်ခမ်းမှာမာန ” ဇာတ်လမ်းတွဲထဲမှာမောင်မြင့် ဇာတ်ကောင်အနေနဲ့ ပရိတ်သတ်အကြိုက်တွေ့ခဲ့တဲ့ MRTV – (4) ဇာတ်လမ်းတွဲ မင်းသားတစ်လက်ပါ။ ချောမောတဲ့ ရုပ်သွင်ကိုပိုင်ဆိုင်ထားပြီး ယောကျာ်းပီသတဲ့ သွင်ပြင်ကြောင့် ပရိသတ်တွေသတိထားမိလာသူလို့လည်း ဆိုရမှာပါ။

သူရဲ့သရုပ်ဆောင်ချက်တွေက အနုပညာကျောင်းဆင်းတစ်ယောက်ဖြစ်တာနဲ့အတူ သရုပ်ဆောင်ချက်တွေက ရောက်တဲ့နေရာမှာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီးအလားအလာရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ကြော်ငြာ တွေစတင်ရိုက်ကူးခဲ့ပြီး ဇာတ်လမ်းတွဲတွေပါရိုက်ကူးနေပြီဖြစ်တာမို့ အောင်မြင်မှုလမ်းကြောင်းပေါ်စတင်လျှောက်လှမ်းနေပြီလို့ ပြောရမှာပဲ ဖြစ်ပါတယ်။ခုနောက်ပိုင်းတွေမှာလည်း ဇာတ်လမ်းတွဲတင်မဟုတ်ဘဲ ရုပ်ရှင်ကားကြီးကိုရိုက်ကူးနေပြီလည်း သိရပါတယ်။

ဒီနေ့မှာတော့ ”ကျနော့်နာမည် ဖြိုးဇေယျာနိုင်❌မဟုတ်ပါဘူးဖြိုးရာဇာနိုင် ✅ပါဗျ 😡”ဆိုတဲ့စာလေးနဲ့ပိုစ့်တင်လာခဲ့ကာ “La Pyae ရုပ်ရှင်နှစ်တစ်ရာပြည့် စီစီတင်ဆက်သူ လုပ်ပေးလို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးမလို့တဲ့ ဖြိုးဇေယျာနိုင် တဲ့နာမည်က နာမည်မှားနေတယ်မယူတော့ဘူးလို့ 😂”ဆိုတဲ့စာလေးနဲ့သူငယ်ချင်းဖြစ်သူ ဇာတ်လမ်းတွဲမင်းသားလပြည့်ကို မှတ်ချက်ပေးရင်ဖွင့်ပြောပြခဲ့တာပါ။ မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်အခမ်းအနား မှာ စီနီယာ အစ်ကိုအစ်မ နဲ့ အတူ အခမ်းနားမှူးအဖြစ် ပါဝင်အားဖြည့်ခဲ့တဲ့ ဖြိုးရာဇာနိုင်ကတော့ သူ့နာမည်မှား​ခဲ့တဲ့အတွက်တော်တော်ကိုပေါက်ကွဲနေပုံပါပဲနော်။ဖတ်ရှုပေးကြတဲ့ချစ် ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်….။

Source: PhyoYazarNaing
Credit – CeleKhitThit