



Credit

ပရိတ်သတ်ကြီးရေ မြန်မာပြည်အတွက်ဂုဏ်ယူရတဲ့ Miss တစ်ယောက်ဖြစ်ပေးခဲ့တဲ့ သူဇာဝင့်လွင် ဟာလတ်တလောအခြေအနေတွေကြောင့် အမိနိုင်ငံကိုပြန်လာဖို့အဆင်မပြေသေးတာကြောင့် အမေရိကမှာရှိတဲ့ အသိမိတ်ဆွေတွေ ဟာသူမ ရပ်တည်နိုင်ဖို့အတွက်အကူအညီတွေအများကြီးပေးခဲ့ကြပါတယ်။ Asia’s Next Top ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ယောက်ဖြစ်တဲ့သက်သက်သင်း (Beauty) ဟာလည်း သူမကိုယ်တိုင်က International Model လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေခဲ့သူ ဖြစ်တဲ့အလျောက် Candy ကိုလည်းသူမနဲ့အတူလုပ်ကိုင်ဖို့ လက်တွဲခေါ်ခဲ့ပါတယ်…။

ဒီနေ့မှာလည်း အင်္ဂလန်နိုင်ငံအခြေစိုက် JEM Model Agency မှာ သူဇာဝင့်လွင် တစ်ယောက်ဝင်ရောက်လုပ်ကိုင်တော့မယ့် အကြောင်းကို Agency က Jake Egginton ဆိုသူကအသိပေးပြောကြားလာခဲ့ပါတယ်။ နိုင်ငံအတွက် တစ်ကမ္ဘာလုံးကစောင့်ကြည့်နေတဲ့စင်မြင့်ထက်မှာ Speak Out လုပ်ပေးခဲ့တဲ့ သူဇာဝင့်လွင် ဟာလတ်တေလာမှာတော့ အမေရိကနိုင်ငံ မှာရှိနေပြီး International Model တစ်ယောက်ဖြစ်ဖို့ ခြေလှမ်းစတင်နေခဲ့ပါပြီ…။

သူမ နဲ့စတင် ချိတ်ဆက်လိုက်ပြီဖြစ်တဲ့ JEM Model Agency ဟာ နာမည်ကျော်မော် ဒယ်တွေကိုမွေးထုတ်ပေးခဲ့တဲ့ Agency တစ်ခုဖြစ်ပြီး သက်သက်သင်း (Beauty) ဟာလည်း JEM ရဲ့ Model တစ်ယောက်ဖြစ်ပါတယ်။ စီနီယာတစ်ယောက်အဖြစ်နဲ့ Candy ကို လက်တွဲခေါ်ပြီး လမ်းကြောင်းမှန်ပေ ါ်ဆွဲတင်ေ ပးခဲ့လို့ Candy ရဲ့အမဖြစ်သူမေနဲ့ပရိသတ်တွေက Beauty ကို ကျေးဇူးတင်စကားေ တွပြောခဲ့ ကြပါတယ်….။

Candy ဟာမကြာခင်မှာ JEM ရဲ့ Model တစ်ယောက်ဖြစ်လာတော့မယ့်အကြောင်းကို ” Excited to introduce Thuzar – Miss Universe Myanmar to the JEM Family! We Are JEM Incredible to watch her represent her country with the current political issues on an international level! ” ဆိုပြီး Jake Egginton က သူ့ရဲ့လူမှုကွန်ရက်မှာ ပြောပြလာခဲ့ပါတယ်။ Candy ရဲ့ ပရိသတ်ေ တွကတော့ ဒီသတင်းကော င်းနဲ့ပတ်သက်ပြီး အရမ်းကိုပျော်နေခဲ့ပါတယ်။ Miss Universe Myanmar လေးရဲ့ ပထမဆုံးစ တင်လိုက်တဲ့ International ခြေလှမ်းအ သစ်ကနေ ကမ္ဘာကျော်ပြီး အောင်မြင်တဲ့ Model တစ်ယောက် အထိတက် လှမ်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်…။

Source;Thuzar Wint Lwin’s FB Acc
Credit