


Source: Bhone Hlyan’s fb

မင်္ဂလာပါပရိတ်သတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် ဘုန်းလျှံကတော့ သူ့ရဲ့အတိတ်က အပြစ်တွေကိုဆေးကြောပြီး အနုပညာလောကထဲကို ဒုတိယမြောက် ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဘုန်းလျှံကတော့ သူပြန်ရောက်လာတဲ့အချိန်မျာ ကိုဗစ်ရောဂါတွေက ပျံ့နှံ့နေတာကြောင့် ဇာတ်ကားတွေကို မရိုက်ကူးဖြစ်ပေမယ့် ပရိသတ်တွေနဲ့တော့ အဆက်အ သွယ်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘုန်းလျှံက အိမ်ထောင်ပြုလက်ထပ်ခဲ့ပြီဖြစ်ပြီး သူ့ရဲ့ ဇနီးနဲ့အတူတူ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်..။

အားလပ်တဲ့အချိန်တွေမှာတော့ အကယ်ဒမီခန့်စည်သူရဲ့ မေတ္တာသင်္ဂဟ ပရဟိတအသင်းနဲ့ အလှူအတန်းတွေ ပြုလုပ်တဲ့ ဘုန်းလျှံက ဒီကနေ့မှာတော့ သူ့ရဲ့အစ်ကို၊ ဆရာတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ ခန့်စည်သူရဲ့ ဂုဏ်ယူစရာ သတင်းအတွက် ဝမ်းသာကြောင်း ပြောလာပါတယ်။ ခန့်စည်သူက ” ” သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော် ” ချီးမြှင့်ခံရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ် ကိုခန့်…ဘာသာသာသနာအကျိုး သယ်ပိုးဆောင်ရွက်ခြင်းနဲ့ အလှူအတန်း ပရဟိတအရာမှာ အမြဲလေးစားအားကျလျက်ပါ… 🙏🙏🙏 ” ဟုဆိုပြီး ပြောလာပါတယ်..။

ရုပ်ရှင်သရုပ်ဆောင်မင်းသား ဘုန်းလျှံကတော့ သူ့အပေါ်မှာ အစ်ကိုတစ်ယောက်ကိုလည်း အားကိုးရသလို ဆရာတစ်ယောက်လိုလည်း လေးစားရတဲ့ ခန့်စည်သူရဲ့ သီရိသုဓမ္မမဏိ ဇောတဓရ ဘွဲ့တံဆိပ်တော် ချီးမြှင့်ခံခဲ့ရခြင်းအတွက် ဝမ်းသာဂုဏ်ယူကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – Cele Connections