ပြန်လည်ဆန်းသစ်နှောင်းတစ်ခေတ် အယ်လ်ဘမ်ထွက်ပြီးနောက်ပိုင်း ပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားလာတဲ့ အဆိုတော် မေလသံစဉ်ကတော့ လတ်တလော ဝေဖန်ခံနေရတဲ့ကိစ္စကိုအခုလိုတုံ့ပြန်လာခဲ့ပါတယ် ။ သူမဟာ အသက် ၁၈ မပြည့်သေးပေမယ့် ကိုယ်တိုင်ရေး ကိုယ်ပိုင်

သီချင်းလေးတွေ ဆိုခဲ့သလိုပြန်ဆိုတေးလေးတွေကိုလည်း ဆန်းသစ်ဆိုခဲ့ပါတယ် ။ သူမ သိသလောက် အဆိုတော်တိုင်းနီးပါး ပြန်ဆိုတေး မဆိုဖူးသူ မရှိသလောက်မို့ သီချင်းတွေနဲ့ အလှမ်းဝေးနေသူတွေတိုင်းအတွက် သီချင်းဟောင်းတွေကလည်း အသစ်ပြန်ဖြစ်လာတာပဲမို့ မေလလည်း ပြန်ဆိုနေဖြစ်ဦးမှာလို့ ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။

မေလသံစဉ်မှာ ကိုယ်ပိုင်သီချင်းမရှိဘူးလားမေးနေကြသူလေးတွေ မသိသေးတာက သူမဟာ ၂၀၁၆ ခုနှစ် ကတည်းက ကိုယ်ပိုင်သံစဉ်သီချင်း အသစ်တွေ ရေးခဲ့ဆိုခဲ့တာဖြစ်ပြီး (ပြန်ဆုံစည်းခွင့် ၊ ခဏ ၊ တောင်ပေါ်မြို့လေး နယ်ကျွံ အချစ် ၊ တိတ်တခိုးလေးနဲ့ပြောမယ် မင်းကိုငါချစ်တယ် ၊

လမ်းသစ်ဆီ အဲ့ သီချင်းလေးတွေ လူသိများခဲ့ပါတယ်။ သူမ ရေးတဲ့ တခြားသီချင်းလေးတွေလည်း လက်ခံကြသူတွေရှိသလို တခြားအဆိုတော်တွေအတွက်လည်း သီချင်းသစ်တွေ ရေးပေးဖြစ်ပါတယ်လို့ မေလက သူမရဲ့ကိုယ်ပိုင်သီချင်းတွေအကြောင်းကို လည်း ပြောပြခဲ့ပါသေးတယ် ။ အကျိုးပြုသီချင်းတွေလဲရေးသလို ကြော်ငြာသီချင်းတွေနဲ့ ခွန်အားဖြစ်စေတဲ့ သီချင်းလေးတွေလဲ ရေးခဲ့တဲ့အကြောင်း ပရိသတ်တွေကို ထပ်မံအသိပေးခဲ့ပါတယ် ။

အရင်ခေတ်တုန်းက သီချင်းတွေကနေ ခုခေတ်သီချင်းတွေထိ လေ့လာတယ် နှစ်သက်တယ် သီချင်းတွေကိုချစ်တယ် ဂီတကိုမြတ်နိုးတယ် ဒါကြောင့်အဟောင်းရော၊အသစ်ရော အကုန်ဆိုနေမိမှာပဲ သီချင်းဟောင်းပြန်ဆိုတာကို ဖောင်းထုနေကြသူတွေ သိဖို့ ရှင်းပြရတာ နည်းနည်းမောသွားတယ် အမြဲနားလည်မှုရှိတဲ့ WeLove လေးတွေကြောင့် အားသစ်တွေမွေးပြီး မေလသံစဉ် သီချင်းတွေဆက်ဆိုနေပါဦးမယ်နော် လို့လည်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ်

ျပန္လည္ဆန္းသစ္ေႏွာင္းတစ္ေခတ္ အယ္လ္ဘမ္ထြက္ၿပီးေနာက္ပိုင္း ပရိသတ္ေတြၾကားမွာ အေတာ္ေလးေရပန္းစားလာတဲ့ အဆိုေတာ္ ေမလသံစဥ္ကေတာ့ လတ္တေလာ ေဝဖန္ခံေနရတဲ့ကိစၥကိုအခုလိုတုံ႔ျပန္လာခဲ့ပါတယ္ ။ သူမဟာ အသက္ ၁၈ မျပည့္ေသးေပမယ့္ ကိုယ္တိုင္ေရး ကိုယ္ပိုင္

သီခ်င္းေလးေတြ ဆိုခဲ့သလိုျပန္ဆိုေတးေလးေတြကိုလည္း ဆန္းသစ္ဆိုခဲ့ပါတယ္ ။ သူမ သိသေလာက္ အဆိုေတာ္တိုင္းနီးပါး ျပန္ဆိုေတး မဆိုဖူးသူ မရွိသေလာက္မို႔ သီခ်င္းေတြနဲ႔ အလွမ္းေဝးေနသူေတြတိုင္းအတြက္ သီခ်င္းေဟာင္းေတြကလည္း အသစ္ျပန္ျဖစ္လာတာပဲမို႔ ေမလလည္း ျပန္ဆိုေနျဖစ္ဦးမွာလို႔ ပရိသတ္ေတြကို ေျပာျပလာခဲ့ပါတယ္ ။

ေမလသံစဥ္မွာ ကိုယ္ပိုင္သီခ်င္းမရွိဘူးလားေမးေနၾကသူေလးေတြ မသိေသးတာက သူမဟာ ၂၀၁၆ ခုႏွစ္ ကတည္းက ကိုယ္ပိုင္သံစဥ္သီခ်င္း အသစ္ေတြ ေရးခဲ့ဆိုခဲ့တာျဖစ္ၿပီး (ျပန္ဆုံစည္းခြင့္ ၊ ခဏ ၊ ေတာင္ေပၚၿမိဳ႕ေလး နယ္ကၽြံ အခ်စ္ ၊ တိတ္တခိုးေလးနဲ႔ေျပာမယ္ မင္းကိုငါခ်စ္တယ္ ၊

လမ္းသစ္ဆီ အဲ့ သီခ်င္းေလးေတြ လူသိမ်ားခဲ့ပါတယ္။ သူမ ေရးတဲ့ တျခားသီခ်င္းေလးေတြလည္း လက္ခံၾကသူေတြရွိသလို တျခားအဆိုေတာ္ေတြအတြက္လည္း သီခ်င္းသစ္ေတြ ေရးေပးျဖစ္ပါတယ္လို႔ ေမလက သူမရဲ့ကိုယ္ပိုင္သီခ်င္းေတြအေၾကာင္းကို လည္း ေျပာျပခဲ့ပါေသးတယ္ ။ အက်ိဳးျပဳသီခ်င္းေတြလဲေရးသလို ေၾကာ္ျငာသီခ်င္းေတြနဲ႔ ခြန္အားျဖစ္ေစတဲ့ သီခ်င္းေလးေတြလဲ ေရးခဲ့တဲ့အေၾကာင္း ပရိသတ္ေတြကို ထပ္မံအသိေပးခဲ့ပါတယ္ ။

အရင္ေခတ္တုန္းက သီခ်င္းေတြကေန ခုေခတ္သီခ်င္ းေတြထိ ေလ့လာတယ္ ႏွစ္သက္တယ္ သီခ်င္းေတြကိုခ်စ္တယ္ ဂီတကိုျမတ္နိုးတယ္ ဒါေၾကာင့္အေဟာင္းေရာ၊အသစ္ေရာ အကုန္ဆိုေနမိမွာပဲ သီခ်င္းေဟာင္းျပန္ဆိုတာကို ေဖာင္းထုေနၾကသူေတြ သိဖို႔ ရွင္းျပရတာ နည္းနည္းေမာသြားတယ္ အျမဲနားလည္မႈရွိတဲ့ WeLove ေလးေတြေၾကာင့္ အားသစ္ေတြေမြးၿပီး ေမလသံစဥ္ သီခ်င္းေတြဆက္ဆိုေနပါဦးမယ္ေနာ္ လို႔လည္း သူမရဲ့လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္