


Source: Aye Myat Thu’s fb

မင်္ဂလာပါပရိတ်သတ်ကြီးရေ မမြတ်လေးလို ့ကိုယ့်ကိုကိုယ် ချစ်စဖွယ်လေးပြောတတ်တဲ့ မင်းသမီးချောလေး အေးမြတ်သူက မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက်ပါ။ ကျရာဇာတ်ရုပ်အပေါ် တာဝန်ယူစိတ်အပြည့်နဲ့ စိတ်ရောကိုယ်ပါနစ်ပြီး သရုပ်ဆောင်တတ်တဲ့ မင်းသမီးချောလေး အေးမြတ်သူက အကယ်ဒမီဆုကြီး တစ်ဆုကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အခိုင်အမာရရှိထားသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။ လက်ရှိမှာ အသက် (၃၅) နှစ်အရွယ်ရောက်ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင် အေးမြတ်သူက ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး အောင်မြင်တဲ့ မင်းသမီးတစ်လက် အဖြစ်ရပ်တည်နေဆဲပါ..။

အသက် (၃၅) နှစ်အရွယ်ဆိုပေမယ့် ငယ်ရွယ်သူတွေတောင် လိုက်လို့မမှီနိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားလေးကို ပိုင်ဆိုင်ထားတဲ့ အေးမြတ်သူက သူမရဲ့ သွယ်လျလှပခြင်းရဲ့ လျှို့ဝှက်ချက်တစ်ခုကို ပြောပြလာပါတယ်။ အေးမြတ်သူက “ မမြတ်လေးက ညဘက် ထမင်းတွေအများကြီး စားပြီးရင် နောက်နေ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်တယ်နော်……..😜😜💪🏼 ဒါကြောင့် အဆီပိုတွေ အများကြီးမရှိဘဲ များများစားလည်း မဝတာရှင့် 💪🏼 ချစ်ရသူတွေလည်း ကိုယ်လက်လှုပ်ရှားအားကစားလေး ဖြည်းဖြည်းချင်းစလုပ်ကြဖို့ တိုက်တွန်းပါ့ရစေရှင့် ” ဟုဆိုပြီး ပရိသတ်တွေကို ပြောပြလာပါတယ်..။

သရုပ်ဆောင်မင်းသမီးချောလေး အေးမြတ်သူကတော့ ညတိုင်း Live လွှင့်ပြီး ထမင်းတွေအများကြီးစားပြပေမယ့် အဆီပိုမရှိပဲ အားကျဖွယ်ရာ လှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာ နေ့တိုင်း ကိုယ်လက်လေ့ကျင့်ခန်းတွေ ပြုလုပ်လို့ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အေးမြတ်သူ တိုက်တွန်းသလို ကိုယ်လက်လှုပ်ရှားအားကစားလေး ဖြည်းဖြည်းချင်းစလုပ်ကြနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ် နော်..။

Credit – Cele Connections