


Source:Sane
Credit -CeleKhitThit

ချစ်ပရိသတ်ကြီးရေ စိမ်းလဲ့ရတနာကတော့ နေခြည်ဦးရဲ့တစ်ဦးတည်းသော အငယ်ဆုံးညီမလေးပါ။ချစ်စရာကောင်းပြီး အရမ်းကိုချောတဲ့ညီမလေးကိုပိုင်ဆိုင်ထားတဲ့ နေခြည်ဦးကတော့အမြဲ သူမရဲ့ညီမလေးကို ပရိသတ်တွေရှေ့ ပွဲထုတ်လေ့ရှိပါတယ်နော်။ယောကျာ်းလေးပရိသတ်တွေကလည်း စိမ်းလဲ့ရတနာလေးကို အားပေးဝန်းရံနေကြပြီဆိုရင်မှားမယ်မထင်ပါဘူးနော်။

ပညာရေးဘက်ကို အားစိုက်ပြီးနောက်ပိုင်းမှာ အနုပညာဘက်ကိုလျှောက်လှမ်းမယ့်စိမ်းလဲ့ရတနာအတွက် ချီချီကတော့ အစွမ်းကုန် ပံ့ပိုးမယ်လို့လည်း ပြောကြားထားတာပါ။ လက်ရှိမှာစိမ်းလဲ့ရတနာကတော့ တက္ကသိုလ်ဝင်စာမေးပွဲကိုပြန်လည်ဖြေကြားဖို့အတွက် စာတွေကိုကြိုးစားသင်ယူနေတဲ့အပြင် အနုပညာခြေလှမ်းတွေကိုလည်း တစ်ဖက်ကနေနိုင် သလောက်လျှောက်လှမ်းနေတာပါ။

ဒီနေ့မှာလည်းသူမရဲ့ Instagram မှာ Follower 80K ရရှိခဲ့တာကြောင့်အရမ်းကိုပျော်ရွှင်ဝမ်းသာနေကြောင်း သူမရဲ့ Mh dayမှာဖော်ပြခဲ့တာပါ။ တက်သစ်ဖြစ်ပြီးအ နုပညာအလုပ်တွေကို တစိုက်မတ်မတ်မလုပ်နိုင်သေးပေမယ့်အားပေးဝန်းရံတဲ့ပရိသတ်တွေကတော့ အံသြစရာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ​ချစ်ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်…။

Source:Sane
Credit -CeleKhitThit