ေအနုပညာနဲ့ သက်ဆိုင်တာကို သင်ယူလေ့လာဖြစ်နေတယ်။ခြူးလေးရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။ခြူးလေးကတော့ အိမ်မှာနေရတဲ့ အချိန်တွေမှာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ လေ့လာမှုတွေကို အခုလို ပြောပြလာပါတယ်။ ခြူးလေးကတော့
ကိုဗစ်ကာလဖြစ်တာကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတာ တွေ့ရပါတယ်။ ဒီလို အားတဲ့ အချိန်တွေမှာလည်း နိုင်ငံတကာက ရုပ်ရှင်တွေ
ကြည့်ရင်း ကိုယ့်ရဲ့ အနုပညာနဲ့ သက်ဆိုင်တာကို သင်ယူလေ့လာဖြစ်နေတယ်လို့ Duwun ကို ပြောပါတယ်။ “ လောလောဆယ်တော့ ခြူးလေးက
ပရိသတ်တစ်ယောက်အနေနဲ့ နိုင်ငံတကာက ရုပ်ရှင်ဇာတ်ကားတွေကို လေ့လာနေတယ်။ ကိုဗစ်ကြီး ပြီးသွားလို့ အလုပ်တွေ ပြန်စတဲ့ အခါကျရင်
အရင်ကထက် ပိုပြီး အလုပ်ကြိုးစားမယ်။ ပြီးတော့ အခုတော့ အစားတွေလည်း အများကြီးစားဖြစ်တယ်။ ဒါပေမယ့် အခုချိန်မှာ Gym လည်း
သွားလို့ရတာ မဟုတ်ဘူး။ ကိုယ်တိုင်ကလည်း အားကစားလုပ်တဲ့နေရာမှာ အရမ်းပျင်းတဲ့သူဆိုတော့ အစားနဲ့ပဲ ပြန်ထိန်းတယ်၊ တစ်ပတ်စားလိုက်
တစ်ပတ်နားလိုက်ပဲပေါ့” လို့ ဆိုပါတယ်။ အစားတွေလည်း စားနေရသလို ဝိတ်တွေလည်းချနေရတဲ့ ဖြစ်ရပ်တစ်ခုကို ခြူးလေးက သဘောကျရယ်မောရင်း
ပြောလာခဲ့ပါတယ်။ “ အခုချိန်မှာ အလုပ်ရှိရင် ကြိုပြောလို့ ပြောထားတယ်။ ကြိုမပြောရင်လည်း အရမ်းစိတ်ဆိုးတယ် ကိုယ်က
ဘာမှ မပြင်ဆင်ရသေးဘူးလေနော်။ အနည်းဆုံး (၁၀) ရက်လောက် ကြိုပြောမှ ခန္ဓာကိုယ်က ပြန်ကျမှာလေ။ အနားနီးမှ လာပြောရင်လည်း
ကိုယ်က ရက်ကို ရအောင် ရွှေ့တယ်။ ဘယ်နေ့ကနေ ဘယ်နေ့အထိတော့ ငါ ဝိတ်ရချမယ် ဆိုပြီးတော့ ရက်တွေ ရွှေ့ရတာပေါ့” ဆိုပြီးတော့
စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့ မင်္ဂလာဆောင်ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ ခြူးလေး(Chue Lay) ဟာ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေ
ရိုက်ကူးရင်းနဲ့ နာမည်ရလာတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမကို “ထာဝရ မန္တလေး” ရုပ်သံဇာတ်လမ်းတွဲနဲ့ လူသိများလာတာဖြစ်ပြီး
အဲဒီနောက်မှာ ဗီဒီယိုတွေလည်း ရိုက်ကူးလာတာကို တွေ့ရပါတယ်။၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရိုက်ကူးတဲ့ One Night In The Old House ဆိုတဲ့
ဗီဒီယိုကားထဲမှာ ကိုရီးယားရူးမလေးအဖြစ် ပါဝင်ထားတဲ့ အပြင် MRTV 4 မှာ ပြသခဲ့တဲ့ “ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲထဲမှာပါလည်း ပါဝင်ထားပါသေးတယ်။
အခုနောက်ပိုင်းဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးလာရတာကိုလည်း တွေ့ရပါတယ်။ အစမှ အဆုံးဖတ် ပေးသော Cele top
stars ပရိတ်သတ်ကြီးအားကျေးဇူးတင်ပါတယ် ။အနုပညာရှင်တွေရဲ့ သတင်းတွေကို အစဉ်အပျက် တင်ဆက်ပေးနေသော cele top stars page လေးကို
like and share လေးပြုလုပ်ပေးကျပါအုံးနော်…
Zaw gyi
အနုပညာနဲ့ သက်ဆိုင်တာကို သင်ယူလေ့လာဖြစ်နေတယ်။ခြူးလေးရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။ခြူးလေးကတော့ အိမ်မှာနေရတဲ့ အချိန်တွေမှာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ လေ့လာမှုတွေကို အခုလို ပြောပြလာပါတယ်။ ခြူးလေးကတော့