အမေ့ကိုပိုကြောက်ရတယ် ၊အဖေ ကအမြဲ ပြုံးပြုံးနဲ့ဆိုတော့ သိပ်မကြောက်ရဘူး” လို့ဆိုလာတဲ့ သူမနဲ့ မိဘတွေကြားက ဆက်ဆံရေးကို ပြောပြလာတဲ့ စိန်နန်းတော်ပိုင်ရှင်မိဘနှစ်ပါးရဲ့ သမီးလေး သက်ရတနာကျော်ဝင်း ရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

G( ခေါ် ) သက်ရတနာကျော်ဝင်း ဟာ The Voice Myanmar (Season 3) Blind Auditions သီချင်းဆိုပြိုင်ပွဲမှာ “It Will Rain” သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကြား လူသိများ လာခဲ့တာဖြစ်ပါတယ်
သူမဟာ ချမ်းသာသူ မိဘ ၂ ပါးက ဆင်းသက် လာပေမယ့်မောက်မာမှုမရှိဘဲ ပရဟိတအလုပ်တွေကိုသာ တစိုက်မက်မက် လုပ်ကိုင်နေတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိလာခဲ့သူပါ

G ကတော့ ဒီတပတ် Battle Round မှာ ပြိုင်ပွဲက နေထွက် ခွာခဲ့ရတာဖြစ်ပြီး သူမအနေနဲ့ ပြိုင်ပွဲတွေမပြိုင်တော့ပဲ ပရဟိတအလုပ်တွေကိုသာဆက်လက်လုပ်ကိုင်သွားမယ်လို့ ပြောဆိုထားခဲ့တာပါ G က သူမအနေနဲ့ အမေဖြစ်သူကို ကြောက်ရ တဲ့လအကြောင်းကိုလည်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာပြောကြားခဲ့ပါသေးတယ်“ပရဟိတအလုပ်တွေကို စိတ်ဝင်စားခဲ့တာတော့ အသက် ၁၃ နှစ်လောက်ကစပြီး စိတ်ဝင်စားခဲ့တာပါ အဲ့တုန်းကကျတော့ ဦးလေးကအရမ်းမခေါ်ဘူး အခု

ကြီးလာမှ ကိုဗစ်နဲ့လည်း ကြုံတော့ လာလုပ်ဆိုပြီးတော့ခေါ်တော့မှ လုပ်ဖြစ်တာပါ အဲ့တော့မှတကယ်ကြီးထဲထဲဝင်ဝင်လုပ်ဖြစ်တာပေါ့အိမ်ကတော့ Safety အတွက်ကိုပဲ အဓိက မှာတာပေါ့ မပေါ့ပါနဲ့ သတိထား ပေါ့ စိတ် တော့ပူကြတယ် အိမ်လည်းတခါတလေပြန်လာခိုင်းရင် အိမ်ပြန်တယ် ဒါပေမယ့် ကျန်တာထွေထွေထူးထူးတော့ဘာမှမပြောပါဘူး အမေ့ကိုတော့ပိုကြောက်ရတယ် အဖေကအမြဲ ပြုံးပြုံးနဲ့ဆိုတော့ သိပ်မကြောက်ရဘူး အိမ်ကသိပ်ကြောက်စရာတော့ မလို

ပါဘူး သူတို့ဆူစရာလည်း ဘာမှမရှိဘူးဆိုတော့လေကိုယ်က အဖေရော အမေရောတစ်ယောက်စီနဲ့တူတယ်လို့ ထင်တယ် အဖေကဒီတစ်ခုကို ပြောမယ်ဆို ထပ်ခါထပ်ခါမပြောဘူး အမေက ထပ်ခါထပ်ခါ အရမ်း ပြောတယ် အဲ့ဒါကအဖေနဲ့တူတယ် အမေနဲ့တူတာကျ စိတ်မာတယ် Physically နည်းနည်းပိုမာတယ် အဲ့ဒါတွေတူတယ် နှစ်ယောက်စလုံးနဲ့မတူတာတွေလည်းအများကြီးပဲ သုံးယောက် စလုံးကတလိုင်းစီဆိုတော့ မတူတာတွေကပိုများပါတယ်အဖေရယ် အမေရယ် ညီမရယ်

က ကိုယ်ကျွမ်းကျင်ရာကိုယ်လုပ်တာဆိုတော့ ဆွေးနွေးအကြံပေးတာတော့ရှိတယ် တစ်ယောက်ကိစ္စ တစ်ယောက် အရမ်းဝင်မပါဘူး အမေနဲ့ပြောဖြစ်တာကလည်း အင်တာဗျူးတွေကို သေချာဖြေဘာညာ နည်းနည်း ဂရုစိုက်ဖို့ ဒီလောက်ပါပဲ ညီမကအရမ်း တုံးတိ ပြောတတ်တာဆိုတော့ အမေကနည်းနည်းသတိထားစေချင်တယ် အဲ့လိုမျိုးဟာတွေပဲပြောတာပါညီမကိုယ်တိုင်ဆိုရင်တော့မှန်တယ်ထင်ရင်အကုန်ပြောချင်တာပေါ့ ဒါပေမယ့် ပြန်ထိန်းရတာတွေရှိတယ် ကိုယ်ကဂရုမစိုက်ပေမယ့်

ကိုယ့်အဖေကစီးပွားရေး ကိုယ့်အမေက နိုင်ငံရေးလုပ်နေတာဆိုတော့ ထိန်းရတာ ပေါ့ ကိုယ့်ကိုထိခိုက်မှာ မကြောက်ပေမယ့် မိဘတွေကို ထိခိုက်မှာတော့ စိုးရိမ်ပါတယ် ” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်ဒါကတော့ G ပြောပြလာတဲ့ သူ့မိဘတွေနဲ့ ဆက်ဆံပုံ အကြောင်းပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်
zaw gyi

အမေ့ကိုပိုကြောက်ရတယ် ၊အဖေကအမြဲ ပြုံးပြုံးနဲ့ဆိုတော့ သိပ်မကြောက်ရဘူး” လို့ဆိုလာတဲ့ သူမနဲ့ မိဘတွေကြားက ဆက်ဆံရေးကို ပြောပြလာတဲ့ စိန်နန်းတော်ပိုင်ရှင်မိဘနှစ်ပါးရဲ့ သမီးလေး သက်ရတနာကျော်ဝင်းရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

G( ခေါ် ) သက်ရတနာကျော်ဝင်း ဟာ The Voice Myanmar (Season 3) Blind Auditions သီချင်းဆိုပြိုင်ပွဲမှာ “It Will Rain” သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကြား လူသိများလာခဲ့တာဖြစ်ပါတယ်
သူမဟာ ချမ်းသာသူ မိဘ ၂ ပါးက ဆင်းသက် လာပေမယ့်မောက်မာမှုမရှိဘဲ ပရဟိတအလုပ်တွေကိုသာ တစိုက်မက်မက် လုပ်ကိုင်နေတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိလာခဲ့သူပါ

G ကတော့ ဒီတပတ် Battle Round မှာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး သူမအနေနဲ့ ပြိုင်ပွဲတွေမပြိုင်တော့ပဲ ပရဟိတအလုပ်တွေကိုသာဆက်လက်လုပ်ကိုင်သွားမယ်လို့ ပြောဆိုထားခဲ့တာပါ G က သူမအနေနဲ့ အမေဖြစ်သူကို ကြောက်ရတဲ့လအကြောင်းကိုလည်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာပြောကြားခဲ့ပါသေးတယ်“ပရဟိတအလုပ်တွေကို စိတ်ဝင်စားခဲ့တာတော့ အသက် ၁၃ နှစ်လောက်ကစပြီး စိတ်ဝင်စားခဲ့တာပါ အဲ့တုန်းကကျတော့ ဦးလေးကအရမ်းမခေါ်ဘူး အခု

ကြီးလာမှ ကိုဗစ်နဲ့လည်း ကြုံတော့ လာလုပ်ဆိုပြီးတော့ခေါ်တော့မှ လုပ်ဖြစ်တာပါ အဲ့တော့မှတကယ်ကြီးထဲထဲဝင်ဝင်လုပ်ဖြစ်တာပေါ့အိမ်ကတော့ Safety အတွက်ကိုပဲ အဓိက မှာတာပေါ့ မပေါ့ပါနဲ့ သတိထားပေါ့ စိတ်တော့ပူကြတယ် အိမ်လည် းတခါတလေပြန်လာခိုင်းရင် အိမ်ပြန်တယ် ဒါပေမယ့် ကျန်တာထွေထွေထူးထူးတော့ဘာမှမပြောပါဘူး အမေ့ကိုတော့ပိုကြောက်ရတယ် အဖေကအမြဲ ပြုံးပြုံးနဲ့ဆိုတော့ သိပ်မကြောက်ရဘူး အိမ်ကသိပ်ကြောက်စရာတော့ မလို

ပါဘူး သူတို့ဆူစရာလည်း ဘာမှမရှိဘူးဆို တော့လေကိုယ်က အဖေရော အမေရောတစ်ယောက်စီနဲ့တူတယ်လို့ ထင်တယ် အဖေကဒီတစ်ခုကို ပြောမယ်ဆို ထပ်ခါထပ်ခါမပြောဘူး အမေက ထပ်ခါထပ်ခါအရမ်းပြောတယ် အဲ့ဒါက အဖေနဲ့တူတယ် အမေနဲ့တူတာကျ စိတ်မာတယ် Physically နည်းနည်းပိုမာတယ် အဲ့ဒါတွေတူတယ် နှစ်ယောက်စလုံးနဲ့မတူတာတွေလည်းအများကြီးပဲ သုံးယောက်စလုံးကတလိုင်းစီဆိုတော့ မတူတာတွေကပိုများပါတယ်အဖေရယ် အမေရယ် ညီမရယ်

က ကိုယ်ကျွမ်းကျင်ရာကိုယ်လုပ်တာဆိုတော့ ဆွေးနွေးအကြံပေးတာတော့ရှိတယ် တစ်ယောက်ကိစ္စ တစ်ယောက် အရမ်းဝင်မပါဘူး အမေနဲ့ပြောဖြစ်တာကလည်း အင်တာဗျူးတွေကို သေချာဖြေဘာညာ နည်းနည်းဂရုစိုက်ဖို့ ဒီလောက်ပါပဲ ညီမကအရမ်းတုံးတိ ပြောတတ်တာဆိုတော့ အမေကနည်းနည်းသတိထားစေချင်တယ် အဲ့လိုမျိုးဟာတွေပဲပြောတာပါညီမကိုယ်တိုင်ဆိုရင်တော့မှန်တယ်ထင်ရင်အကုန်ပြောချင်တာပေါ့ ဒါပေမယ့် ပြန်ထိန်းရတာတွေရှိတယ် ကိုယ်ကဂရုမစိုက်ပေမယ့်

ကိုယ့်အဖေကစီးပွားရေး ကိုယ့်အမေက နိုင်ငံရေးလုပ်နေတာဆိုတော့ ထိန်းရတာပေါ့ ကိုယ့်ကိုထိခိုက်မှာ မကြောက်ပေမယ့် မိဘတွေကို ထိခိုက်မှာတော့ စိုးရိမ်ပါတယ် ” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်ဒါကတော့ G ပြောပြလာတဲ့ သူ့မိဘတွေနဲ့ ဆက်ဆံပုံ အကြောင်းပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်