ခ်စ္ပရိသတ္ႀကီးေရ သရုပ္ေဆာင္ ေမာင္နဲ့ သရုပ္ေဆာင္ ရီရီပြင့္ျဖဴတို့ကေတာ့ ထူးထူးျခားျခား တုိက္တိုက္ဆိုင္ဆိုင္ပဲ အနုပညာအလုပ္ေတြ ရပ္နားလုိက္ျပီးခ်ိန္မွ ဖူးစာဆံုခဲ့ၾကတာ ျဖစ္ပါတယ္။ ခ်စ္သူသက္တမ္း (၇) နွစ္ေက်ာ္လာခဲ့ျပီျဖစ္တဲ့ ေမာင္နဲ့ ရီရီပြင့္ျဖဴတို့က ခ်စ္သက္တမ္းေတြၾကာလာတာနဲ့အမွ် တစ္ေယာက္နဲ့တစ္ေယာက္ သံေယာဇဥ္ေနွာင္ၾကိဳးေတြလည္း ခိုင္ျမဲလာခဲ့ျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ေမာင္နဲ့ ရီရီပြင့္ျဖဴတို့ နွစ္ေယာက္စလံုး အနုပညာအလုပ္ေတြမလုပ္ေတာ့ေပမယ့္ သူတို့နွစ္ေယာက္ရဲ့ Vlog ေလးေတြကုိ အားေပးရင္း အရင္အတိုင္းခ်စ္ခင္ေနၾကဆဲ ျဖစ္ပါတယ္။

ပရိသတ္ေတြအတြက္ မတူညီတဲ့ Vlog ေလးေတြကို တင္ဆက္ေပးေနတဲ့ ေမာင္နဲ့ ရီရီပြင့္ျဖဴက ဒီတစ္ေခါက္မွာလည္း ပရိသတ္ေတြအတြက္ ဗီဒီယိုသစ္ေလးကို တင္ဆက္နိုင္ဖို့ ခရီးတိုေလးထြက္ရိွခဲ့ၾကတာေတြ့ရပါတယ္။ ေမာင္နဲ့ ရီရီပြင့္ျဖဴတို့က ေရစီးေနတဲ့ ေရတံခြန္ေလးမွာ Vlog ရိုက္ရင္း ေမာင္တစ္ေယာက္ အမွတ္မထင္ေရထဲျပဳတ္က်သြားခဲ့ကာ “ပန္းကန္ေဆးမယ္ဆိုၿပီး ငါးဆင္းဖမ္းလိုက္တဲ့စိန္စိန္ 😂😂😂 စကားမစပ္ အိုင္တို႔၂ေယာက္ ဘာေတြ အလုပ္ရႈတ္ေနတယ္ထင္လဲ 😁😁😁🛎” ဆိုျပီး ရီရီပြင့္ျဖဴ ေဆးၾကီးၾကီးထိုးျပီး ပရိသတ္ေတြကို ခ်ျပလာခဲ့ပါတယ္။

ေမာင္ကေတာ့ ပန္းကန္ေဆးေနရင္း ေရထဲေျခေခ်ာ္က်ျပီး ျပဳတ္က်သြားခဲ့တာကို ရီရီပြင့္ျဖဴ သေဘာက်စြာနဲ့ ပရိသတ္ေတြဆီ ခ်ျပလာခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေမာင့္ရဲ့အျဖစ္ကိုၾကည့္ျပီး ရယ္ရခက္၊ သနားရခက္ျဖစ္ေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္…။

Source: SEIN PHYO & YI’s fb
Credit– Cele Connections

ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မောင်နဲ့ သရုပ်ဆောင် ရီရီပွင့်ဖြူတို့ကတော့ ထူးထူးခြားခြား တိုက်တိုက်ဆိုင်ဆိုင်ပဲ အနုပညာအလုပ်တွေ ရပ်နားလိုက်ပြီးချိန်မှ ဖူးစာဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ချစ်သူသက်တမ်း (၇) နှစ်ကျော်လာခဲ့ပြီဖြစ်တဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့က ချစ်သက်တမ်းတွေကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်နှောင်ကြိုးတွေလည်း ခိုင်မြဲလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မောင်နဲ့ ရီရီပွင့်ဖြူတို့ နှစ်ယောက်စလုံး အနုပညာအလုပ်တွေမလုပ်တော့ပေမယ့် သူတို့နှစ်ယောက်ရဲ့ Vlog လေးတွေကို အားပေးရင်း အရင်အတိုင်းချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။

ပရိသတ်တွေအတွက် မတူညီတဲ့ Vlog လေးတွေကို တင်ဆက်ပေးနေတဲ့ မောင်နဲ့ ရီရီပွင့်ဖြူက ဒီတစ်ခေါက်မှာလည်း ပရိသတ်တွေအတွက် ဗီဒီယိုသစ်လေးကို တင်ဆက်နိုင်ဖို့ ခရီးတိုလေးထွက်ရှိခဲ့ကြတာတွေ့ရပါတယ်။ မောင်နဲ့ ရီရီပွင့်ဖြူတို့က ရေစီးနေတဲ့ ရေတံခွန်လေးမှာ Vlog ရိုက်ရင်း မောင်တစ်ယောက် အမှတ်မထင်ရေထဲပြုတ်ကျသွားခဲ့ကာ “ပန်းကန်ဆေးမယ်ဆိုပြီး ငါးဆင်းဖမ်းလိုက်တဲ့စိန်စိန် 😂😂😂 စကားမစပ် အိုင်တို့၂ယောက် ဘာတွေ အလုပ်ရှုတ်နေတယ်ထင်လဲ 😁😁😁🛎” ဆိုပြီး ရီရီပွင့်ဖြူ ဆေးကြီးကြီးထိုးပြီး ပရိသတ်တွေကို ချပြလာခဲ့ပါတယ်။

မောင်ကတော့ ပန်းကန်ဆေးနေရင်း ရေထဲခြေချော်ကျပြီး ပြုတ်ကျသွားခဲ့တာကို ရီရီပွင့်ဖြူ သဘောကျစွာနဲ့ ပရိသတ်တွေဆီ ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မောင့်ရဲ့အဖြစ်ကိုကြည့်ပြီး ရယ်ရခက်၊ သနားရခက်ဖြစ်နေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: SEIN PHYO & YI’s fb
Credit– Cele Connections