



ပရိတ်သတ်ကြီးရေ….ပြည်သူချစ်မင်းသမီး ချောနှစ်ယောက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင် နဲ့ သက်မွန်မြင့်ဟာဆိုရင် လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေး တိုက်ပွဲကြီးမှာပြည်သူလူထုနဲ့အတူတက်ကြွစွာပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်နော်။သူမတို့နှစ်ယောက်စလုံးမှာမတူညီတဲ့အချက်တွေရှိကြပါတယ်။သူမတို့နှစ်ယောက်က ချမ်းသာတယ် လှပတယ် ဘဝမှာလိုလေသေးမရှိပြည့်စုံကြတယ်တဲ့ အပြင်ပရိတ်သတ်အားပေးမှုကိုအခိုင်အမာရရှိထားကြတဲ့ အောင်မြင်တဲ့ထိပ်တန်းမင်းသမီးတွေပဲဖြစ်ပါ တယ်…။

သူမ တို့လာရင်ကင်မရာမီးရောင်တွေ တဖျက်ဖျက်နဲ့တက်ကြွတဲ့ခြေလှမ်းတွေနဲ့အတူ လျှောက်လှမ်းခဲ့ကြတဲ့ ထိပ်တန်းမင်းသမီး(၂)လက်ပဲဖြစ်ပါတယ်.။သူမ တို့နှစ်ယောက်မှာ သာယာပျော်ရွှင်စရကောင်းတဲ့ မိသားစုလေးတွေရှိတယ်။သူတို ့ဆီမှာ သိပ်ချစ်စရာကောင်းပြီး တီတီတာတာပြောတတ်ကြတဲ့ သားလေးတွေ သမီးလေးတွေရှိတယ်။ဒါတွေကိုတောင်မမှု့ပဲပြည်သူလူထုနဲ့အတူလမ်းပေါ်ထွက်ပြီး အမှန်တရားအတွက်တိုက်ပွဲဝင်ခဲ့ကြတယ်။အဲ့ဒီလိုတိုက်ပွဲဝင်ခဲ့လို့သူမတို့နှစ်ယောက်ဟာ ၅၀၅(က)နဲ့ဝရမ်းထုတ်ခံခဲ့ရပါ တယ်…။

အခုအချိန်မှာတော့ တစ်ယောက်က သံတိုင်ကြားထဲကိုရောက်ရှိနေခဲ့ပြီး တစ်ယောက်ကတော့ ကျန်းမာရေးမကောင်းပဲတရားခံတစ်ယောက်လိုထွက်ပြေးတိမ်းရှောင်နေရတာပဲဖြစ်ပါတယ်နော်။အဲ့ဒီလိုအခက်အခဲမျိုးစုံနဲ့ထွက်ပြေးတိမ်းရှောင်နေရတဲ့အထဲမှာလည်း ပိုင်ဖြိုးသု၊ဖွေးဖွေး ၊ခင်ဝင့်ဝါ၊အေးမြတ်သူတို့အပြင် တခြားသောအနုပညာရှင်င်များစွာလည်းပါဝင်ခဲ့ကြပါသေးတယ်နော်..။အရေးတော်ပုံကြီးအမြန်ဆုံးအောင်မြင်ပြီး ချစ်တဲ့မိသားစု ချစ်တဲ့ပရိတ်သတ်တွေနဲ့အန္တရယ်ကင်းစွာပြန်လည်ဆုံတွေ့နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါ တယ်နော်…။

Credit ; Celebrity Platforms