ပရိတ္သတ္ႀကီးေရ ျမန္မာနိုင္ငံရဲ့ ေႏြဦးေတာ္လွန္ေရးႀကီးမွာ အမွန္တရားကို လိုလားၾကတဲ့ ျပည္သူေတြနဲ႔အတူ အႏုပညာရွင္ မ်ားစြာကလည္း ပူးေပါင္းပါဝင္ကာ အစြမ္းကုန္ ရပ္တည္ေပးခဲ့ၾကပါတယ္။ သူတို႔ကိုယ္တိုင္လည္း ျပည္သူေတြနဲ႔ တစ္သားတည္း လမ္းေပၚ ေန႔စဥ္တိုင္းထြက္ကာ လႈပ္ရွားပါဝင္ၾကသလို Follower သိန္းခ်ီရွိတဲ့ အေကာင့္ေတြကေနလည္း နိုင္ငံတကာက မီဒီယာေတြ သိေအာင္ speak out လုပ္ေပးခဲ့ၾကတာပါ… ။

ဒါ့အျပင္ ေတာ္လွန္ေရးႀကီးမွာ အသက္ေပးၾကတဲ့ ျပည္သူ႔ သူရဲေကာင္းေတြရဲ့ မိသားစုေတြဆီလည္း သြားေရာက္ကာ ဂုဏ္ျပဳေငြမ်ား ခ်ီးျမႇင့္ရင္း အားေပးစကားေတြလည္း ေျပာၾကားခဲ့တာလည္း ေတြ႕ရပါတယ္ ။ တစ္ခ်ိဳ႕အႏုပညာရွင္ေတြဆိုရင္ ေအာင္ျမင္မႈေတြကို စြန႔္ခြာၿပီး တိုင္းရင္းသားေတြ ဆီသြားေရာက္ကာ စစ္သင္တန္းမ်ား တက္ေရာက္လ်က္ရွိေနၾကပါၿပီ ။ တစ္ခ်ိဳ႕ကလည္း ဖမ္းဆီးထိန္းသိမ္းခံထား ရတာေတြလည္း ရွိေနပါတယ္…။

ဒီေန႔မွာေတာ့ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ဦးဇင္ဝိုင္း ျပန္လည္ လြတ္ေျမာက္လာတာေၾကာင့္ အႏုပညာရွင္ေတြေကာ ျပည္သူ အားလုံးကပါ ဝမ္းသာပီတိ ျဖစ္ေနၾကတာပါ ။ ဒီသတင္းေလးနဲ႔ ပတ္သက္ၿပီး ေက်ာ္ေက်ာ္ ကလည္း တိုက္ဆိုင္စြာ ဒီေန႔မွာပဲ ညီအစ္ကိုလိုခင္မင္ရတဲ့ ေျပတီဦး ကို သတိ အရမ္းရမိေၾကာင္း ေျပာၾကားလာပါတယ္။ ဒါ့အျပင္ ဦးတီတို႔ ဇနီးေမာင္ႏွံအပါအဝင္ ဖမ္းဆီးခံထားရသူတိုင္းလည္း အျမန္လြတ္ေျမာက္ေစခ်င္ေၾကာင္းကို ” ဒီေန႔ေတာ့ အကိုတီ ကိုထူးထူးျခားျခားသတိရေနမိတယ္…သာမာန္ဆိုရင္ေတာ့ အကိုနဲ႔သြားလိုက္ စားလိုက္…ေပ်ာ္ေပ်ာ္ပါးပါးနဲ႔ညီအကိုေတြ အလုပ္ေတြလဲလုပ္ေနၾကပီေပါ့ေလ…ခုေတာ့ ဦးေဌး အိမ္ျပန္ေရာက္ပီၾကားေတာ့ ကိုတီနဲ႔အစ္မ အန္ကယ္ေလး ညီေလးပိုင္တံခြန္အပါအဝင္ ဖမ္းစီးခံထားရတဲ့သူေတြလဲ ျပန္လည္လြတ္ေျမာက္လာမလားလို႔ ေမၽွာ္ေနမိတယ္…အျမန္သာလႊတ္ေပးလိုက္ၾကပါေတာ့ဗ်ာ ” ဆိုၿပီး ေရးသား ထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္…။

Credit

ပရိတ်သတ်ကြီးရေ မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကြီးမှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အနုပညာရှင် များစွာကလည်း ပူးပေါင်းပါဝင်ကာ အစွမ်းကုန် ရပ်တည်ပေးခဲ့ကြပါတယ်။ သူတို့ကိုယ်တိုင်လည်း ပြည်သူတွေနဲ့ တစ်သားတည်း လမ်းပေါ် နေ့စဉ်တိုင်းထွက်ကာ လှုပ်ရှားပါဝင်ကြသလို Follower သိန်းချီရှိတဲ့ အကောင့်တွေကနေလည်း နိုင်ငံတကာက မီဒီယာတွေ သိအောင် speak out လုပ်ပေးခဲ့ကြတာပါ… ။

ဒါ့အပြင် တော်လှန်ရေးကြီးမှာ အသက်ပေးကြတဲ့ ပြည်သူ့ သူရဲကောင်းတွေရဲ့ မိသားစုတွေဆီလည်း သွားရောက်ကာ ဂုဏ်ပြုငွေများ ချီးမြှင့်ရင်း အားပေးစကားတွေလည်း ပြောကြားခဲ့တာလည်း တွေ့ရပါတယ် ။ တစ်ချို့အနုပညာရှင်တွေဆိုရင် အောင်မြင်မှုတွေကို စွန့်ခွာပြီး တိုင်းရင်းသားတွေ ဆီသွားရောက်ကာ စစ်သင်တန်းများ တက်ရောက်လျက်ရှိနေကြပါပြီ ။ တစ်ချို့ကလည်း ဖမ်းဆီးထိန်းသိမ်းခံထား ရတာတွေလည်း ရှိနေပါတယ်…။

ဒီနေ့မှာတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဦးဇင်ဝိုင်း ပြန်လည် လွတ်မြောက်လာတာကြောင့် အနုပညာရှင်တွေကော ပြည်သူ အားလုံးကပါ ဝမ်းသာပီတိ ဖြစ်နေကြတာပါ ။ ဒီသတင်းလေးနဲ့ ပတ်သက်ပြီး ကျော်ကျော် ကလည်း တိုက်ဆိုင်စွာ ဒီနေ့မှာပဲ ညီအစ်ကိုလိုခင်မင်ရတဲ့ ပြေတီဦး ကို သတိ အရမ်းရမိကြောင်း ပြောကြားလာပါတယ်။ ဒါ့အပြင် ဦးတီတို့ ဇနီးမောင်နှံအပါအဝင် ဖမ်းဆီးခံထားရသူတိုင်းလည်း အမြန်လွတ်မြောက်စေချင်ကြောင်းကို ” ဒီနေ့တော့ အကိုတီ ကိုထူးထူးခြားခြားသတိရနေမိတယ်…သာမာန်ဆိုရင်တော့ အကိုနဲ့သွားလိုက် စားလိုက်…ပျော်ပျော်ပါးပါးနဲ့ညီအကိုတွေ အလုပ်တွေလဲလုပ်နေကြပီပေါ့လေ…ခုတော့ ဦးဌေး အိမ်ပြန်ရောက်ပီကြားတော့ ကိုတီနဲ့အစ်မ အန်ကယ်လေး ညီလေးပိုင်တံခွန်အပါအဝင် ဖမ်းစီးခံထားရတဲ့သူတွေလဲ ပြန်လည်လွတ်မြောက်လာမလားလို့ မျှော်နေမိတယ်…အမြန်သာလွှတ်ပေးလိုက်ကြပါတော့ဗျာ ” ဆိုပြီး ရေးသား ထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်…။

Credit