“မြို့ပြနဲ့ဝေးတဲ့ ကမ်းခြေလေးမှာ စိတ်အပန်းဖြေရင်း လွတ်လပ်ပေါ့ပါးကာ လူငယ်တစ်ယောက်လို
ပျော်ရွှင်နေတဲ့ မြတ်ကေသီအောင်”ရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက်
ပြန်လည်မျှဝေလိုက်ပါတယ်။ပရိသတ်ကြီးရေ မင်းသမီးကြီး မြတ်ကေသီအောင်က တစ်ခေတ်တခါက
အနုပညာနယ်ပယ်မှာ အောင်မြင်ကျော်လူကြိုက်များခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။
ဗီဒီယိုဇာတ်ကားတွေ နဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို များစွာရိုက်ကူးထားခဲ့ပြီး ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့်
အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ ယနေ့အချိန်ထိလည်း မြတ်ကေသီအောင်က
အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။မြတ်ကေသီအောင်က
အသက်အရွယ်ရလာပေမဲ့အရွယ်တင်နုပျိုနေပြီး ချောမောလှပနေတုန်းပဲဖြစ်ကာ လူငယ်လေးတွေလို
ခေတ်နဲ့အညီလိုက်ရောညီထွေး နေတတ်သူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမက ပရိသတ်တွေနဲ့
အဆက်သွယ်မပြတ်သွားအောင်လည်း မကြာခဏဆိုသလို လှုပ်ရှားမှုလေးတွေဖော်ပြပေးပါတယ်။
ယခုတစ်ခါမှာလည်း မြတ်ကေသီအောင်က ပရိသတ်တွေ ချစ်အားပိုလောက်မယ့် အမှတ်တရ
ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ဒီပုံလေးတွေကတော့ မြတ်ကေသီအောင်က ရန်ကုန်နဲ့
မနီးမဝေးမှာရှိတဲ့ ကမ်းခြေလေးကို သွားရောက်လည်ပတ်ပြီး စိတ်အပန်းဖြေခဲ့တဲ့
အမှတ်တရလေးတွေပဲ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မြတ်ကေသီအောင်က
” အရင်ကခရီးတွေက ခုဆိုလွမ်းစရာ အဖြစ်နဲ့ တည်ရှိနေသလို ခုခရီးတွေဟာလည်း
နောင်တချိန်မှာ အမှတ်ရစရာ အဖြစ်နဲ့ ကျန်ရှိနေဦးမှာပါ” ဆိုပြီး ရေးသားထားပါတယ်။
ပရိသတ်ကြီးလည်း အကယ်ဒမီ မြတ်ကေသီအောင်ရဲ့ ပုံလေးတွေကို ကြည့်ရှု့ရင်း
ချစ်အားပိုမယ်လို့ မျှော်လင့်မိပါတယ်။အစမှ အဆုံးဖတ် ပေးသော Cele top stars
ပရိတ်သတ်ကြီးအားကျေးဇူးတင်ပါတယ် ။အနုပညာရှင်တွေရဲ့ သတင်းတွေကို အစဉ်အပျက်
တင်ဆက်ပေးနေသော cele top stars page လေးကို like and share လေးပြုလုပ်ပေးကျပါအုံးနော်…