



ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော ရတနာခင်ကတော့ ချစ်စရာကောင်းတဲ့ မျက်နှာပေါက်လေးကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အခုဆိုရင် သားသုံးယောက်မိခင်ဖြစ်နေပြီဖြစ်တဲ့ ရတနာခင်ကတော့ အနုပညာအလုပ်တွေနဲ့ လုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီဖြစ်ပြီး မိသားစုတာဝန်တွေကိုသာ ထမ်းဆောင်နေတဲ့ အိမ်ထောင်ရှင်မဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ရတနာခင်အပြင် သူမရဲ့ ချစ်စရာကောင်းတဲ့ မိသားစုလေးကိုပါ ချစ်ခင်စွာနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။

မနေ့က ဇန်နဝါရီလ (၁) ရက်နေ့ကတော့ ရတနာခင်ရဲ့ ကျေးဇူးရှင်မေမေ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ရတနာခင်ကတော့ သူမရဲ့ အချစ်ဆုံးမေမေအတွက် “Happy Birthday ပါမေကြီး😘🥰😍အသက်ရှည် ကျန်းမာပါစေ၊ ဝိပဿနာတရားတွေ ကိုလည်း ကျန်းမာစွာဖြင့် အားထုတ်နိုင်ပါစေ၊ မေကြီးချစ်တဲ့ သားသမီး မြေးတွေ နဲ့ အတူတူ အပူအပင် သောကမရှိ ပျော်ရွှင်စွာနေနိုင်ပါစေ ❤️🙏🏻” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အမှတ်တရ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်မင်းသမီးချော ရတနာခင်ရဲ့ မေမေကတော့ အရမ်းကို အရွယ်တင်နုပျိုပြီး မင်းသမီးဖြစ်တဲ့ သမီးနဲ့အပြိုင် ချောမောလွန်းတာ ပရိသတ်ကြီး သတိထားမိကြမယ် ထင်ပါတယ်။ ရတနာခင်တို့ မိသားစုလေး အခုလိုပဲ အမြဲတမ်းပျော်ရွှင်ချမ်းမြေ့ကြပြီး ကျန်းမာချမ်းသာကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Yadanar Khin’s fb
Credit – Cele Connections