Source :
Credit – CeleKhitThit
ချစ်ပရိသတ်ကြီးရေ ခင်ရူပကတော့ အလှမယ်အဖြစ်ပရိသတ်တွေစတင်သိရှိခဲ့ပြီး အခုနောက်ပိုင်းမှာအနုပညာအလုပ်တွေကြဲသွားပေမယ့်လည်း သူမအနေနဲ့ Live လွှင့်ကာ စျေးရောင်းနေတဲ့ အနုပညာရှင်တစ်လက်လည်းဖြစ်ပါတယ်။ အမြဲပွင့်လင်းတဲ့ ခပ်ပြတ်ပြတ်အပြောလေးတွေကို ပရိသတ်တွေကလည်းအချစ်ပိုနေတာဆိုမှားမယ်မထင်ပါဘူးနော်။
အလှမယ် ခင်ရူပကတော့အမြဲမကြိုက်တာကိုဒဲ့ပြောကာ ပွင့်လင်းသွက်လက်လွန်းတဲ့အပြင်အိမ်ထောင်သည်ဖြစ်ပေမယ့်လည်း အလှမယ်တစ်ယောက်ဆိုတဲ့အတိုင်း သူ့ရဲ့အမိုက်စားဘော်ဒီကိုအခုချိန်ထိထိန်းသိမ်းထားကာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအ​ပြည့်ရှိကြောင်းကို သူမရဲ့ အမိုက်စားဘော်ဒီပုံလေးတွေနဲ့မကြာ​မကြာချပြလေ့ရှိပါသေးတယ်။ သူမကိုဝေဖန်ပြောဆိုတဲ့သူတွေကိုဆိုလည်း အမြဲပညာသားပါပါနဲ့ ပြန်လည်ပြောဆိုချေပတတ်သူလေးပါပဲနော်။
ဒီနေ့မှာတော့ အမြဲဘော်ဒီကိုထိန်းသိမ်းတတ်တဲ့ ခင်ရူပကတော့”အပျိုဆိုလည်းလှအောင်နေချင်ရင်လှတာဘဲအအိုဆိုလည်းလှအောင်နေချင်ရင်လှမှာဘဲပျိုတယ် အိုတယ် ဆိုတာက သတ်မှတ်ချက်ကြီးတစ်ခု”လှချင်တယ်ဆိုတာ ဇွဲရှိတဲ့စိတ်တစ်ခု”အချိန်မပေးနိုင်လို့ မအားလို့ ဆိုတာက အကြောင်းပြချက်တစ်ခု လှချင်ရင်တော့ အပင်ပန်းခံရတာပါဘဲလေ …ဒါတောင် ကျွန်မ မလှသေးဘူး အများကြီးလိုသေးတယ်ပိုလှဖို့တော့ စိတ်ထည့်ထားတယ်ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့အတွက် ❤️”ဆိုတဲ့စာလေးနဲ့သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တာပါ။ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။
Source : KhinYuPa
Credit – CeleKhitThit