


Credit

မင်္ဂလာပါ ပရိသတ်ကြီးရေ ပြည်သူချစ်အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်း ကတော့ ခုဖြစ်ပွားနေတဲ့ လက်ရှိအ​ခြေအနေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူရပ်တည်ကာ နေ့စဉ်တိုင်းလိုလို အန္တရာယ်ကြားကနေ လမ်းပေါ်ထွက်ကာ လူငယ်တွေ အနာဂါတ်အတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်ပေးနေတာဖြစ်ပါတယ်။ဒါ့အပြင် အရေးကြီး အချက်အလက်တွေ နဲ့ သူရဲ့ရင်ထဲက စစ်မှန်တဲ့ ခံစားချက်တွေ ယုံကြည်ချက်တွေကိုလည်း ဖေ့ဘွတ်စာမျက်နှာထက်မှာ အမြဲဖော်ပြပေးနေတာ လည်းဖြစ်ပါတယ်။

အခုလည်း အသက်စွန့်ပြီးတိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေ အတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အနေနဲ့ အနုပညာမောင်နှမတွေနဲ့အတူ လမ်းမထက်မှာ အန္တရာယ်တွေကြားကနေ ရဲရဲဝင့်ဝင့် ငြိမ်းချမ်းစွာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ်။ အင်တိုက်အားတိုက် ပါဝင်အားဖြည့်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူရဲ့ရင်တွင်း ခံစားချက်လေး ကိုလည်း ပရိသတ်တွေအတွက် ဝေမျှခဲ့ပါသေးတယ်။

ထိုစာလေးကတော့ ” 28 February နွေဦးတော်လှန်ရေး အတွက်အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့ကြသော အာဏာရှင်စနစ်ဆိုးကြီးကိုဖီဆန်ရင်း ကျဆုံးခဲ့ကြသောအာဇာနည် သူရဲကောင်းများကို ဝမ်းနည်းစွာဖြင့်ဦးညွတ်အလေးပြုအပ်ပါသည် သို့သော် ဖမ်းလို့ ပစ်လို့ ကျွန်တော်တို့ လမ်းပေါ်မထွက်ရဲခဲ့ဘူးဆိုရင် ကျွန်တော်တို့ ပြည်သူအားလုံး အညံ့ခံအရှံးပေးရာ ကျပါလိမ့်မယ်ဖမ်းတာ ပစ်တာ သူတို့အလုပ်ဆန့်ကျင်ရမှာကျွန်တော်တို့အလုပ်ဒီနေ့ပစ်နေခတ်နေတဲ့ကြားကကျွန်တော်တို့တွေ ရအောင် ထွက်ခဲ့ကြတယ်လက်တွဲခဲ့ကြသော ရဲဘော်ရဲဖက်စာပေ သဘင် ဂီတ ရုပ်ရှင် မီဒီယာ သူရဲကောင်းများအားလုံးအားလုံးအတွက်သူရဲကောင်း ကျောင်းသားပြည်သူအားလုံးအတွက် ရင်ထဲကလှိုက်လှိုက်လဲလဲ ဂုဏ်ယူနေပါတယ်ခင်မျာ”ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း မင်းမော်ကွန်း ရဲ့ လေးစားစရာ စိတ်ဓာတ်လေးကိုဂုဏ်ပြုပေးလိုက် ပါအုံးနော် ပရိသတ်ကြီး။

Source & Photo Credit : Kyaw Kyaw Htay Lwin Facebook Account
Credit