ခ်စ္လွစြာေသာပရိတ္သတ္ႀကီးေရ ဇန္နဝါရီ ၁၃ရက္ေန႔ ဒီေန႔မွာ နာေရးကူညီမႈအသင္း (ရန္ကုန္) ဥကၠဌ ျဖစ္တဲ့ သ႐ုပ္ေဆာင္ ဦးေက်ာ္သူဟာ ကားငါးစီးဆင့္ တိုက္မႈျဖစ္စဥ္မွာ ပါဝင္ခဲ့တယ္လို႔သိရပါတယ္ ။ ဒီေန႔ နာေရးကူညီမႈလမ္းေၾကာင္း ေရေဝးသုႆန္ သို႔အသြား လမ္းတစ္ေနရာရွိ ျဖတ္လမ္းရွိေသာေနရာတြင္ ကားရွင္းရင္ တစ္ဖက္လမ္းကို ကူးဖို႔အတြက္ တန္းစီေစာင့္ေနေသာ ကားေလးတစ္စီးနဲ႔ လိုက္ထရပ္ကားကို ေနာက္မွ အေဝးေျပးခရီးသည္ တင္ကားတစ္စီးက တိုက္သြားခဲ့တာျဖစ္ပါတယ္.. ။

ေရွ႕ဆုံးမွာ ရပ္ေနတဲ့ကားက တစ္ဆင့္ခ်င္းတိုက္ခံရၿပီး ဦးေက်ာ္သူ ေမာင္းလာတဲ့ နာေရးနိဗၺာန္ယာဥ္ကို ေရွ႕ေဘးမွ ေဆာင့္တိုက္ လိုက္တဲ့အတြက္ ဥကၠဌ ဦးေက်ာ္သူက ေရွာင္လိုက္ ေသာ္လည္း သူ႔ရဲ့ ညာဖက္မွာရွိတဲ့ ဘတ္စ္ကားတစ္စီးရဲ့ ေနာက္ပိုင္းေဘးဖက္ ကို နာေရးကူညီမႈကားက တဆင့္ တိုက္မိခဲ့တယ္လို႔ သိရပါတယ္ ။ လူေတြဘာမွ မျဖစ္ေပမယ့္လည္း တိုက္ခံရတဲ့ ကားငယ္ (ေရွ႕/ေနာက္)၊ လိုက္ထရပ္ (ေရွ႕/ေနာက္)၊ နာကူယာဥ္ ေရွ႕ (ဘယ္/ညာ) ၊ဘတ္စ္ကားႀကီး (ေနာက္ဖက္ဘယ္ဖက္ျခမ္း ပြန္း) အသီး သီးထိသြားခဲ့ပါတယ္.. ။

နာေရးကူညီမႈ နိဗၺာန္ယာဥ္ေပၚ က ဘဝကူးသြားတဲ့႐ုပ္ခႏၶာကိုလည္း အသင္းက နိဗၺာန္ယာဥ္ တစ္စီးကို အျမန္ေခၚၿပီး ေဘာ္ဒီအားေျပာင္းေရႊ႕ကာ ေရေဝးသုႆန္ သို႔ပို႔ေဆာင္သၿဂႋဳလ္ေပးမႈအား တာဝန္မပ်က္၊တာဝန္ေၾကစြာ လုပ္ေဆာင္ေပးခဲ့တယ္ လို႔လည္း သိရပါတယ္ ။ သုခေဆးခန္းမွ တာဝန္ရွိသူမ်ားမွ အတင္းေခၚေဆာင္ၿပီး ဥကၠဌ ဦးေက်ာ္သူကို အာထရာေဆာင္းစက္နဲ႔ ႏွလုံး စစ္ေဆးခဲ့ေပမယ့္လည္း အားလုံးပုံမွန္က်န္းမာလ်က္ရွိပါတယ္တဲ့ ပရိသတ္ႀကီးေရ။ဖတ္ရႉ့ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုး
လည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Source : Kyaw Thu

ချစ်လှစွာသောပရိတ်သတ်ကြီးရေ ဇန်နဝါရီ ၁၃ရက်နေ့ ဒီနေ့မှာ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဖြစ်တဲ့ သရုပ်ဆောင် ဦးကျော်သူဟာ ကားငါးစီးဆင့် တိုက်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်လို့သိရပါတယ် ။ ဒီနေ့ နာရေးကူညီမှုလမ်းကြောင်း ရေဝေးသုဿန် သို့အသွား လမ်းတစ်နေရာရှိ ဖြတ်လမ်းရှိသောနေရာတွင် ကားရှင်းရင် တစ်ဖက်လမ်းကို ကူးဖို့အတွက် တန်းစီစောင့်နေသော ကားလေးတစ်စီးနဲ့ လိုက်ထရပ်ကားကို နောက်မှ အဝေးပြေးခရီးသည် တင်ကားတစ်စီးက တိုက်သွားခဲ့တာဖြစ်ပါတယ်.. ။

ရှေ့ဆုံးမှာ ရပ်နေတဲ့ကားက တစ်ဆင့်ချင်းတိုက်ခံရပြီး ဦးကျော်သူ မောင်းလာတဲ့ နာရေးနိဗ္ဗာန်ယာဉ်ကို ရှေ့ဘေးမှ ဆောင့်တိုက် လိုက်တဲ့အတွက် ဥက္ကဌ ဦးကျော်သူက ရှောင်လိုက် သော်လည်း သူ့ရဲ့ ညာဖက်မှာရှိတဲ့ ဘတ်စ်ကားတစ်စီးရဲ့ နောက်ပိုင်းဘေးဖက် ကို နာရေးကူညီမှုကားက တဆင့် တိုက်မိခဲ့တယ်လို့ သိရပါတယ် ။ လူတွေဘာမှ မဖြစ်ပေမယ့်လည်း တိုက်ခံရတဲ့ ကားငယ် (ရှေ့/နောက်)၊ လိုက်ထရပ် (ရှေ့/နောက်)၊ နာကူယာဉ် ရှေ့ (ဘယ်/ညာ) ၊ဘတ်စ်ကားကြီး (နောက်ဖက်ဘယ်ဖက်ခြမ်း ပွန်း) အသီး သီးထိသွားခဲ့ပါတယ်.. ။

နာရေးကူညီမှု နိဗ္ဗာန်ယာဉ်ပေါ် က ဘဝကူးသွားတဲ့ရုပ်ခန္ဓာကိုလည်း အသင်းက နိဗ္ဗာန်ယာဉ် တစ်စီးကို အမြန်ခေါ်ပြီး ဘော်ဒီအားပြောင်းရွှေ့ကာ ရေဝေးသုဿန် သို့ပို့ဆောင်သင်္ဂြိုလ်ပေးမှုအား တာဝန်မပျက်၊တာဝန်ကြေစွာ လုပ်ဆောင်ပေးခဲ့တယ် လို့လည်း သိရပါတယ် ။ သုခဆေးခန်းမှ တာဝန်ရှိသူများမှ အတင်းခေါ်ဆောင်ပြီး ဥက္ကဌ ဦးကျော်သူကို အာထရာဆောင်းစက်နဲ့ နှလုံး စစ်ဆေးခဲ့ပေမယ့်လည်း အားလုံးပုံမှန်ကျန်းမာလျက်ရှိပါတယ်တဲ့ ပရိသတ်ကြီးရေ။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံး
လည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit (Cele Gabar)