အသက်ကြီးလာလေ မိုးအောင်ရင်က ဦးအောင်ရင်နဲ့ တူလာလေဆိုပြီး မှတ်ချက်ချခဲ့တဲ့ကျားပေါက်ရဲ့အကြောင်းလေးကို
Cele Top Stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။စတူဒီယိုတေးသံရှင်တစ်ယောက်ဖြစ်တဲ့
အောင်ရင်ကတော့ သားတစ်ယောက် သမီးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ ဖခင်ဖြစ်ပြီး သားကြီးမိုးအောင်ရင်က
သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို သမီးငယ် သ ဉ္ဇာအောင်ရင်ကတော့
အနုပညာကို ဝါသနာမပါပဲ သာမာန်လူတစ်ယောက်အတိုင်းသာ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့
အောင်ရင်တို့ ဇနီးမောင်နှံနဲ့ သ ဉ္ဇာအောင်ရင်တို့က နိုင်ငံခြားမှာ အခြေချနေထိုင်နေပြီး မိုးအောင်ရင်ကတော့
အနုပညာအလုပ်တွေနဲ့ စီးပွားရေးအလုပ်တွေကိုလုပ်ဖို့ မြန်မာနိုင်ငံမှာ အခြေချနေထိုင်နေတာပဲ ဖြစ်ပါတယ်။
လက်ရှိကိုဗစ်ကာလမှာ အနုပညာအလုပ်တွေကို ရပ်နားထားတဲ့ မိုးအောင်ရင်က အသုပ်စုံရောင်းချနေတာပဲ
ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မိုးအောင်ရင်က သူ့ရဲ့အသုပ်စုံကို အဆိုတော်ကျားပေါက်ဆီ လက်ဆောင်ပို့ပေးခဲ့ရာ
ကျားပေါက်က “Moe Aung Yin လာပို့တာ။ အရမ်းစားလို့ကောင်း Ps. ဒီကောင် ကြီးလာလေသူ့အဖေအသံနဲ့တူလာလေပဲ”
ဆိုပြီး မိုးအောင်ရင်က အသက်ကြီးလာလေ အသံကအစ ဦးအောင်ရင်နဲ့တူလာကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။
ကျားပေါက်ရဲ့ စကားနဲ့ ပက်သတ်ပြီး မိုးအောင်ရင်က “အသံတင်မဟုတ်ဘူး… ရုပ်ပါတူတူလာတာ..Ps. သူလုပ်တာကိုး…”
ဆိုပြီး အရွှန်းဖောက်လာသလို ဦးအောင်ရင်ကလည်း “ငါလည်း ပြောမလို့ရှိသေး။ မင်းကဦးသွားတယ်။ ဗိုက်တော့ မတူစေနဲ့ ”
ဆိုပြီး သားကြီး မိုးအောင်ရင်ကို ပြန်လည်စနောက်ခဲ့တာကို တွေ့ရပါတယ်။ကျားပေါက်ကတော့ အသက်ကြီးလာလေ
မိုးအောင်ရင်က ဦးအောင်ရင်နဲ့ တူလာလေဆိုပြီး မှတ်ချက်ချခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော မိုးအောင်ရင်တစ်ယောက်
ဦးအောင်ရင်နဲ့တူလာပြီလား ပြောပြခဲ့ကြပါဦး။အစမှ အဆုံးဖတ် ပေးသော ပရိတ်သတ်ကြီးအားကျေးဇူးတင်ပါတယ် ။
အနုပညာရှင်တွေရဲ့ သတင်းတွေကို အစဉ်အပျက် တင်ဆက်ပေးနေသော Cele Top Stars page လေးကို like and share
လေးပြုလုပ်ပေးကျပါအုံးနော်..
ဖတ်ရှုပေးကြတဲ့ Cele top stars ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။။