အသက်မသေခင် မဲပေးခဲ့သူတစ်ဦးရဲ့ ရင်နင့်ဖွယ်ဇာတ်လမ်းအကြာင်းပြောပြလာတဲ့ အစီအစဉ်တင်ဆက်သူ မောင်မောင်အေး

အစီစဉ်တင်ဆက်သူ ကိုမောင်မောင်အေးက ဒီနေ့မနက်ပိုင်းမှာ ရင်နင့်ဖွယ်ဇာတ်လမ်းလေးတစ်ပုဒ် အကြောင်း ကိုပြန်ပြောင်းပြောပြလာခဲ့ပါတယ်။ ဒီဖြစ်ရပ်လေးကတော့ မင်းကင်းမြို့နယ်မှာဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး မင်းကင်း မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးက တင်ထားကို ကိုမောင်မောင်အေးက ပြန်လည် မျှ ဝေပေးခဲ့တာ ဖြစ်ပါတယ်နော်။

မင်းကင်းမြို့နယ်က ကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ရောဂါသည်းလာခဲ့တဲ့ မဝေဝေလင်းက “အမေစုကို သမီးချစ်တယ်၊ သမီး မသေခင် မဲပေးသွားပါရစေ” ဆိုပြီး မိဘတွေကို အမြဲတောင်းဆိုနေခဲ့တဲ့အတွက် မိဘများ က မဝေဝေလင်းစိတ်ချမ်းသာမှု ရအောင် ဆောင်ရွက်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။

မဝေဝေလင်းဟာ အသက်၂၃နှစ်အရွယ်သာ ရှိသေးပြီး မင်းကင်းမြို့နယ်ကျောက်အိုးကျေးရွာမှာ နေထိုင်နေသူ ဖြစ်ပါတယ်။ သူမရဲ့ မိဘများဟာ မဝေဝေလင်း မဲပေးခွင့်ရအောင် ကျေးရွာကော်မရှင်ကိုပြောပေးခဲ့ပါတယ်နော်။နိုဝင်ဘာ ၇ရက်နေ့က ကြိုတင်မဲလာယူခဲ့တဲ့အတွက် မဝေဝေလင်းဟာ မဲပေးခွင့်ကို ရသွားခဲ့ပါတယ်။ နိုဝင်ဘာ ၈ရက်နေ့မှာတော့ မဝေဝေလင်းဟာရောဂါပိုသည်းလာခဲ့ပြီး ကွယ်လွန်ခဲ့ပါတယ်။

မကွယ်လွန်ခင်မှာ မဝေဝေလင်းတမေးတည်းမေးနေခဲ့တာကတော့ “အမေစု နိုင်တယ်မို့လား”လို့ မေးသွားခဲ့ တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်ကရေးသား အသိပေးခဲ့တာပါနော်။ဒါကြောင့်မဝေဝေလင်းကို ဂုဏ်ပြုပါ ကြောင်းနဲ့ နာရေးအတွက် ကူညီမှုအချို့ကိုလည်း ပြုလုပ်ပေးခဲ့တယ်လို့ မင်းကင်းမြို့နယ် NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာကျော်လင်းက အသိပေးထားခဲ့တာဖြစ်ပါတယ်။

ဒီလို ဒေါက်တာကျော်လင်း အသိပေးထားတာကို အစီစဉ်တင်ဆက်သူ ကိုမောင်မောင်အေးက ပြန်ပြီးဝေမျှ ထားတာဖြစ်ပြီး “အမေစု နိုင်ခဲ့တယ် ညီမလေး၊ နိုင်တာမှ အပြတ်အသတ်နဲ့ ကွဲကွဲပြားပြားကို အနိုင်ရခဲ့ပါတယ်။ဝေဝေလင်းတစ်ယောက် ကောင်းရာသုကတိ ရောက်ပါစေ။ နောင်လာနောင်သားတွေအတွက် စစ်မှန်တဲ့ ဒီမိုကရေစီ အသီးအပွင့်ကို ရရှိအောင်ညီမလေး ဝေဝေလင်းရဲ့ မဲတပြားနဲ့ ထောက်ကူပေးခဲ့မှုအပေါ် ကျေးဇူးတင်ရင်း….ဆိုပြီးရေးသားခဲ့တာပဲ ဖြစ်ပါတယ်နော်။

ကိုမောင်မောင်အေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို အင်တိုက်အားတိုက် ထောက်ခံခဲ့သူဖြစ်ကာ မဲပေးကြတဲ့နေ့မဲရုံတွေမှာ တာဝန်ယူပေးခဲ့တဲ့ ဆရာဆရာမတွေကိုလည်း အထူးပဲ ကျေးဇူးတင်စကား တွေ ပြောခဲ့သူလည်း ဖြစ်ပါတယ်။

“တကယ်တော့ ဆရာမတို့ / ဆရာတို့ / မဲရုံမှာရှိပေးနေသူတိုင်းဟာ မဲရုံတွေမှာတာဝန်ယူပေးခဲ့တာမဟုတ်ပါဘူး…ဘယ်အချိန် ဘယ်မဲရုံနေရာမှာ ဗုံးလန့်မလဲဆိုတာကို စိုးတထိတ်ထိတ်နဲ့ ( ဒီလောက်သတင်းတွေထွက်နေ / သက်သေနဲ့တကွ ဖမ်းမိနေခဲ့တာတောင်မှ ) မဲထည့်ပြည်သူတွေတောင် အချိန်ပိုင်းလေးသာ မဲရုံတွေမှာ ရှိခဲ့ကြပေမဲ့ ဆရာ/ဆရာမတို့ဟာ မနက် ၅ နာရီကနေ ည မိုးချုပ်ထိ အချိန်ပြည့်နေပေးခဲ့ကြရင်း တိုင်းပြည် အတွက် အသက်နဲ့ရင်းပြီး ပေးဆပ်ခဲ့ကြသူတွေပါ….

တာဝန်ကျေတာထက် အပြန်သန်းပေါင်းများစွာ ပိုပါတယ်…၂၀၂၀ မြန်မာ့သမိုင်းရဲ့တန်ဖိုးဖြတ်မရသူတွေထဲမှာ ကိုဗစ်ကာလတလျှောက်က ဆရာဝန် – ကျန်းမာရေးဝန်ထမ်း နဲ့ ဗော်လန်တီယာတွေရယ် အခု မဲရုံတိုင်းမှာရှိနေခဲ့တဲ့ ဆရာ/ဆရာမတွေ တယောက်မကျန်ကိုတော့ ကျွန်တော်တို့ပြည်သူတွေရဲ့သူရဲကောင်းစစ်စစ်တွေလို့ ရာသက်ပန်မော်ကွန်းတင်လိုက်ပါတယ်..ရင်ထဲအသည်းထဲကနေ လှိုက်လှဲစွာ ကျေးဇူးတင်ဂါရဝပြုလျက်” ဆိုပြီးလည်း ရေးသားခဲ့တာ ဖြစ်ပါတယ်ပရိတ်သတ်ကြီးတို့ရေ။

အဆုံးထိဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလဲ သာယာတဲ့ နေ့တစ်နေ့ကိူ ပိုင်ဆိုင်နိုင်ကြပါစေနော်။

Zawgyi

အသက္မေသခင္ မဲေပးခဲ့သူတစ္ဦးရဲ႕ ရင္နင့္ဖြယ္ဇာတ္လမ္းအၾကာင္းေျပာျပလာတဲ့ အစီအစဥ္တင္ဆက္သူ ေမာင္ေမာင္ေအး

အစီစဥ္တင္ဆက္သူ ကိုေမာင္ေမာင္ေအးက ဒီေန႔မနက္ပိုင္းမွာ ရင္နင့္ဖြယ္ဇာတ္လမ္းေလးတစ္ပုဒ္ အေၾကာင္း ကိုျပန္ေျပာင္းေျပာျပလာခဲ့ပါတယ္။ ဒီျဖစ္ရပ္ေလးကေတာ့ မင္းကင္းၿမိဳ႕နယ္မွာျဖစ္ပ်က္ခဲ့တာ ျဖစ္ၿပီး မင္းကင္း ၿမိဳ႕နယ္ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း တစ္ဦးက တင္ထားကို ကိုေမာင္ေမာင္ေအးက ျပန္လည္ မွ် ေဝေပးခဲ့တာ ျဖစ္ပါတယ္ေနာ္။

မင္းကင္းၿမိဳ႕နယ္က ကင္ဆာေရာဂါေဝဒနာကို ခံစားေနရၿပီး ေရာဂါသည္းလာခဲ့တဲ့ မေဝေ၀လင္းက “အေမစုကို သမီးခ်စ္တယ္၊ သမီး မေသခင္ မဲေပးသြားပါရေစ” ဆိုၿပီး မိဘေတြကို အၿမဲေတာင္းဆိုေနခဲ့တဲ့အတြက္ မိဘမ်ား က မေဝေ၀လင္းစိတ္ခ်မ္းသာမႈ ရေအာင္ ေဆာင္႐ြက္ေပးခဲ့ၾကတာပဲျဖစ္ပါတယ္။

မေဝေ၀လင္းဟာ အသက္၂၃ႏွစ္အ႐ြယ္သာ ရွိေသးၿပီး မင္းကင္းၿမိဳ႕နယ္ေက်ာက္အိုးေက်း႐ြာမွာ ေနထိုင္ေနသူ ျဖစ္ပါတယ္။ သူမရဲ႕ မိဘမ်ားဟာ မေဝေ၀လင္း မဲေပးခြင့္ရေအာင္ ေက်း႐ြာေကာ္မရွင္ကိုေျပာေပးခဲ့ပါတယ္ေနာ္။ႏိုဝင္ဘာ ၇ရက္ေန႔က ႀကိဳတင္မဲလာယူခဲ့တဲ့အတြက္ မေဝေ၀လင္းဟာ မဲေပးခြင့္ကို ရသြားခဲ့ပါတယ္။ ႏိုဝင္ဘာ ၈ရက္ေန႔မွာေတာ့ မေဝေ၀လင္းဟာေရာဂါပိုသည္းလာခဲ့ၿပီး ကြယ္လြန္ခဲ့ပါတယ္။

မကြယ္လြန္ခင္မွာ မေဝေ၀လင္းတေမးတည္းေမးေနခဲ့တာကေတာ့ “အေမစု ႏိုင္တယ္မို႔လား”လို႔ ေမးသြားခဲ့ တယ္လို႔လည္း လႊတ္ေတာ္ကိုယ္စားလွယ္ကေရးသား အသိေပးခဲ့တာပါေနာ္။ဒါေၾကာင့္မေဝေ၀လင္းကို ဂုဏ္ျပဳပါ ေၾကာင္းနဲ႔ နာေရးအတြက္ ကူညီမႈအခ်ိဳ႕ကိုလည္း ျပဳလုပ္ေပးခဲ့တယ္လို႔ မင္းကင္းၿမိဳ႕နယ္ NLD ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ေဒါက္တာေက်ာ္လင္းက အသိေပးထားခဲ့တာျဖစ္ပါတယ္။

ဒီလို ေဒါက္တာေက်ာ္လင္း အသိေပးထားတာကို အစီစဥ္တင္ဆက္သူ ကိုေမာင္ေမာင္ေအးက ျပန္ၿပီးေဝမွ် ထားတာျဖစ္ၿပီး “အေမစု ႏိုင္ခဲ့တယ္ ညီမေလး၊ ႏိုင္တာမွ အျပတ္အသတ္နဲ႔ ကြဲကြဲျပားျပားကို အႏိုင္ရခဲ့ပါတယ္။ေဝေဝလင္းတစ္ေယာက္ ေကာင္းရာသုကတိ ေရာက္ပါေစ။ ေနာင္လာေနာင္သားေတြအတြက္ စစ္မွန္တဲ့ ဒီမိုကေရစီ အသီးအပြင့္ကို ရရွိေအာင္ညီမေလး ေဝေဝလင္းရဲ႕ မဲတျပားနဲ႔ ေထာက္ကူေပးခဲ့မႈအေပၚ ေက်းဇူးတင္ရင္း….ဆိုၿပီးေရးသားခဲ့တာပဲ ျဖစ္ပါတယ္ေနာ္။

ကိုေမာင္ေမာင္ေအးဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကို အင္တိုက္အားတိုက္ ေထာက္ခံခဲ့သူျဖစ္ကာ မဲေပးၾကတဲ့ေန႔မဲ႐ုံေတြမွာ တာဝန္ယူေပးခဲ့တဲ့ ဆရာဆရာမေတြကိုလည္း အထူးပဲ ေက်းဇူးတင္စကား ေတြ ေျပာခဲ့သူလည္း ျဖစ္ပါတယ္။

“တကယ္ေတာ့ ဆရာမတို႔ / ဆရာတို႔ / မဲ႐ုံမွာရွိေပးေနသူတိုင္းဟာ မဲ႐ုံေတြမွာတာဝန္ယူေပးခဲ့တာမဟုတ္ပါဘူး…ဘယ္အခ်ိန္ ဘယ္မဲ႐ုံေနရာမွာ ဗုံးလန႔္မလဲဆိုတာကို စိုးတထိတ္ထိတ္နဲ႔ ( ဒီေလာက္သတင္းေတြထြက္ေန / သက္ေသနဲ႔တကြ ဖမ္းမိေနခဲ့တာေတာင္မွ ) မဲထည့္ျပည္သူေတြေတာင္ အခ်ိန္ပိုင္းေလးသာ မဲ႐ုံေတြမွာ ရွိခဲ့ၾကေပမဲ့ ဆရာ/ဆရာမတို႔ဟာ မနက္ ၅ နာရီကေန ည မိုးခ်ဳပ္ထိ အခ်ိန္ျပည့္ေနေပးခဲ့ၾကရင္း တိုင္းျပည္ အတြက္ အသက္နဲ႔ရင္းၿပီး ေပးဆပ္ခဲ့ၾကသူေတြပါ….

တာဝန္ေက်တာထက္ အျပန္သန္းေပါင္းမ်ားစြာ ပိုပါတယ္…၂၀၂၀ ျမန္မာ့သမိုင္းရဲ႕တန္ဖိုးျဖတ္မရသူေတြထဲမွာ ကိုဗစ္ကာလတေလွ်ာက္က ဆရာဝန္ – က်န္းမာေရးဝန္ထမ္း နဲ႔ ေဗာ္လန္တီယာေတြရယ္ အခု မဲ႐ုံတိုင္းမွာရွိေနခဲ့တဲ့ ဆရာ/ဆရာမေတြ တေယာက္မက်န္ကိုေတာ့ ကြၽန္ေတာ္တို႔ျပည္သူေတြရဲ႕သူရဲေကာင္းစစ္စစ္ေတြလို႔ ရာသက္ပန္ေမာ္ကြန္းတင္လိုက္ပါတယ္..ရင္ထဲအသည္းထဲကေန လႈိက္လွဲစြာ ေက်းဇူးတင္ဂါရဝျပဳလ်က္” ဆိုၿပီးလည္း ေရးသားခဲ့တာ ျဖစ္ပါတယ္ပရိတ္သတ္ၾကီးတို႔ေရ။

အဆံုးထိဖတ္ရွုေပးတဲ႔ ပရိတ္သတ္ၾကီးလဲ သာယာတဲ႔ ေန႔တစ္ေန႔ကိူ ပိုင္ဆိုင္ႏိုင္ၾကပါေစေနာ္။