ပရိတ္သတ္ႀကီးေရ…တက္သစ္စ ေမာ္ဒယ္တစ္ေယာက္ အျဖစ္ အႏုပညာလမ္းေၾကာင္းမွာ ေလၽွာက္လွမ္းေနၿပီး ပရိသတ္ေတြရဲ့ အားေပးမႈေတြ ျဖည္းျဖည္းခ်င္း ရရွိလာသူကေတာ့ ဟန္လင္းပဲ ျဖစ္ပါတယ္။ သူကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔အတူ ပူးေပါင္းပါဝင္ခဲ့သူ ျဖစ္ပါတယ္။ ေန႔စဥ္ရက္ဆက္ ဆႏၵျပပြဲေတြမွာ ပါဝင္ခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုခံထားရတာပါ။

အခုလက္ရွိမွာေတာ့ Gen-Z Burma အဖြဲ႕ဝင္တစ္ခ်ိဳ႕နဲ႔ ထိုင္းနိုင္ငံနယ္စပ္ကို ေရာက္ရွိေနၾကတာ ျဖစ္ပါတယ္။ ေရာက္ရွိတဲ့ေနရာကေန ေတာ္ လွန္ေရးအတြက္ ကိုယ္စြမ္းရွိသေလာက္ ပါဝင္ေပးေနတဲ့ ဟန္လင္းကိုေတာ့ ပရိသတ္ေတြက ေလးစားေနၾကတာ ျဖစ္ပါတယ္။မၾကာေသးခင္ ရက္ပိုင္းေလာက္ကလည္း ဟန္လင္းရဲ့ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ျပည္သူေတြအေနနဲ႔ ေႏြဦးေတာ္လွန္ေရး ဒုတိယ လွိုင္း ကေန စတင္ၿပီး ရဲရင့္သတၱိနဲ႔ခြန္အားအျပည့္ရွိတာကို ျပသဖို႔လိုေၾကာင္း တိုက္တြန္းႏွိုးေဆာ္ လိုက္တာ ျဖစ္ပါတယ္။

သူကလည္း ” ေႏြဦးေတာ္လွန္ေရး ဒုတိယလွိုင္းအာဏာရွင္စနစ္ကိုျမန္မာ့ေျမေပၚကေန အၿပီးအပိုင္ အျမစ္ျဖဳတ္တြန္းလွန္ခဲ့တဲ့ေနာက္ဆုံးမ်ိဳးဆက္ဟာကၽြန္ေတာ္တို႔မ်ိဳးဆက္ပဲျဖစ္ရမယ္ဒါ့ေၾကာင့္ မနက္ျဖန္ ေမလ ၁ ရက္ေန႔ကစၿပီးအင္အားႀကီးလာမည့္ေႏြဦးေတာ္လွန္ေရး ဒုတိယလွိုင္းကေနခြန္အားအျပည့္ သတိရွိစြာနဲ႔ သတၱိရွိရွိရဲရင့္ေၾကာင္းကိုျပသဖို႔ တိုက္တြန္းႏွိုးေဆာ္ပါတယ္ခင္ဗ်ား“အေရးေတာ္ပုံေအာင္ရမည္” 💪🏻” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ အႏုပညာရွင္မ်ားကလည္း လူထုလႈပ္ရွားမႈမ်ားနဲ႔ ပတ္သက္ၿပီး သူ တို႔ ရဲ့ လူမႈကြန္ယက္မ်ားတြင္ Speak Out လုပ္ေပးေနၾကတာ ျပည္သူေတြအေနနဲ႔အားတက္စရာပါပဲ။လမ္းေပၚထြက္ကာ ဆႏၵထုတ္ေဖာ္ ၾကတဲ့ အခါမွာလည္း သတိရွိစြာျဖင့္ သြားလာၾကဖို႔လည္း သတိေပးလိုက္ပါရေစေနာ္။

Source and Photo Crd-Han Lin’s Facebook Account

Credit
ပရိတ်သတ်ကြီးရေ…တက်သစ်စ မော်ဒယ်တစ်ယောက် အဖြစ် အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေ ဖြည်းဖြည်းချင်း ရရှိလာသူကတော့ ဟန်လင်းပဲ ဖြစ်ပါတယ်။ သူကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာပါ။

အခုလက်ရှိမှာတော့ Gen-Z Burma အဖွဲ့ဝင်တစ်ချို့နဲ့ ထိုင်းနိုင်ငံနယ်စပ်ကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ရောက်ရှိတဲ့နေရာကနေ တော် လှန်ရေးအတွက် ကိုယ်စွမ်းရှိသလောက် ပါဝင်ပေးနေတဲ့ ဟန်လင်းကိုတော့ ပရိသတ်တွေက လေးစားနေကြတာ ဖြစ်ပါတယ်။မကြာသေးခင် ရက်ပိုင်းလောက်ကလည်း ဟန်လင်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပြည်သူတွေအနေနဲ့ နွေဦးတော်လှန်ရေး ဒုတိယ လှိုင်း ကနေ စတင်ပြီး ရဲရင့်သတ္တိနဲ့ခွန်အားအပြည့်ရှိတာကို ပြသဖို့လိုကြောင်း တိုက်တွန်းနှိုးဆော် လိုက်တာ ဖြစ်ပါတယ်။

သူကလည်း ” နွေဦးတော်လှန်ရေး ဒုတိယလှိုင်းအာဏာရှင်စနစ်ကိုမြန်မာ့မြေပေါ်ကနေ အပြီးအပိုင် အမြစ်ဖြုတ်တွန်းလှန်ခဲ့တဲ့နောက်ဆုံးမျိုးဆက်ဟာကျွန်တော်တို့မျိုးဆက်ပဲဖြစ်ရမယ်ဒါ့ကြောင့် မနက်ဖြန် မေလ ၁ ရက်နေ့ကစပြီးအင်အားကြီးလာမည့်နွေဦးတော်လှန်ရေး ဒုတိယလှိုင်းကနေခွန်အားအပြည့် သတိရှိစွာနဲ့ သတ္တိရှိရှိရဲရင့်ကြောင်းကိုပြသဖို့ တိုက်တွန်းနှိုးဆော်ပါတယ်ခင်ဗျား“အရေးတော်ပုံအောင်ရမည်” 💪🏻” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ အနုပညာရှင်များကလည်း လူထုလှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး သူ တို့ ရဲ့ လူမှုကွန်ယက်များတွင် Speak Out လုပ်ပေးနေကြတာ ပြည်သူတွေအနေနဲ့အားတက်စရာပါပဲ။လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော် ကြတဲ့ အခါမှာလည်း သတိရှိစွာဖြင့် သွားလာကြဖို့လည်း သတိပေးလိုက်ပါရစေနော်။

Source and Photo Crd-Han Lin’s Facebook Account

Credit