ပရိသတ်ကြီးရေ အဆိုတော် ဆိုဖီယာကတော့ ကိုယ်ပိုင်သံစဉ် တေးသီချင်းများသာမကဘဲ ပြန်ဆိုတေးများ သီဆိုရာ တွင်လည်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားသူ ဖြစ်ပါတယ်။ လူတိုင်းအပေါ်မှာလည်း အမြဲကူညီပေးသူဖြစ်တာကြောင့် လူချစ်လူခင်ပေါသူတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ ချွေးနည်း စာငွေများဖြင့်လည်း စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေကို လှူဒါန်းပေးနေတာ ဖြစ်ပါတယ်…။

ပရိသတ်တွေကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဗဟုသုတရစေမယ့်စာပေများကို ပြန်လည်ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း အဆိုတော်ဆိုဖီယာရဲ့Facebook Page တွင်အားလပ်ချိန်များမှာ လေ့လာစရာရှိတာတွေ သင်ယူမှတ်သားသင့်ကြောင်း သူမရဲ့အတွေ့အကြုံများနဲ့ယှဉ်ကာ ပြောပြလာတာ ဖြစ်ပါတယ်။ သူမကတော့ နေရာတိုင်းမှာ သင်ယူလေ့လာစရာများစွာရှိနေပြီး အင်တာနက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အချိန်ကို အကျိုးရှိစွာ အသုံးချသင့်ကြောင်းကို ရေးသားထားတာပါ။ လူငယ်တွေ အားတက်ဖွယ်ဖြစ်အောင် သူမကိုယ်တိုင် လက်ရှိလုပ်ဆောင်နေတဲ့ နည်းလမ်းတွေကိုလည်း ပြောပြပေးထားတာပါ။

” မငြီးငြူ ပါနဲ့ ဆိုပေမယ့်လည်း ….တစ်ခါတလေ လူဆိုတာ မထင်ထားတဲ့ အခြေ အနေတွေ နဲ့ ကြုံ ရပြီဆိုကိုယ့်ရဲ့ နေ့စဉ် သွားလာ မှုတွေ အတွေးအခေါ်ပိုင်းတွေက ခဏ Pause ဖြစ်သွားတတ်တယ်ကိုယ်တိုင်လည်း အဲ့ဒီ pause ဖြစ်သွားတဲ့ အချိန်ကာလ က ကြာနေလို့ မနည်း ပြန်ထနေရပါတယ်ကိုယ့်နည်းတူ ပုံစံဖြစ်နေတဲ့ လူအများစု အချို့အတွက် ဒီစာလေး ရေးတင်ဖြစ်တာပါဘယ် အခြေအနေ ဘယ် နေရာရောက်ရောက်တစ်ခုခု ကို အမြဲ လေ့လာနေပါဘာကိုပဲလေ့လာလေ့လာ… တစ်ခုခု ကို အမြဲလေ့လာနေပကိုယ်စိတ်ဝင်စားတာ ဘာလည်း ဆိုတာ ကို ကိုယ် လက်ရှိ ရောက်ရှိရာနေရာ ပတ်ဝန်းကျင် ( အဆင့်မြင့်နေရာရောက်သည်ဖြစ်စေ ခက်ခဲကြမ်းတမ်း တဲ့ နေရာ ရောက်သည် ဖြစ်စေ) ရှာဖွေ လေ့လာပါဟင်းချက် တာလား?? New Language??Movies (ဘဝ အတွက် အကျိုးရှိမယ် message ကောင်းကောင်း ပေးနိုင် မယ့် အရာတွေ)လား??Or လူသစ်တွေ နဲ့ စကားပြောကြည့်မလားကိုယ်နဲ့ လုံးဝ မသိ တဲ့ ပတ်ဝန်းကျင်က သူတွေနဲ့conversation ရအောင်ပြောကြည့်ပြီး new experiences တွေ ဖလှယ်ကြမလား maybe on phone or maybe from online??Internet ရနေသေးရင် ပိုလေ့လာစရာတွေ များတယ်✅Internet မရတော့ရော ကိုယ် တွေ ငုတ်တုတ် ထိုင်ပြီး ငြီးငြူနေမလား?? ❌❌❌Nope internet မရှိဘဲ ဘာလေ့လာနိုင်လဲ အိမ်မှာ ?စာအုပ်ဖတ်မလား အိမ်က အဖိုးအဖွား အရွယ်တွေနဲ့ သူတို့ဘဝအကြောင်းတွေကို မေးကြည့်မလား
Can be anything .. we can learn something without internetIt doesn’t mean we are okay to move on without internet but still have to live ,have to learn and Damn we need improvements in our lives‼️

အဲ့တော့ Excuses တွေ အကြောင်းပြချက်တွေ ကိုယ့်ကိုကို ပေးမနေဘဲ တစ်ခုခု ရှိတာ ထလုပ် ပါ လေ့လာပါညီမအတွက်တော့ သေးသေးကြီးကြီးအရင်က မသိခဲ့ တာ ခု ပိုသိလာ တာလည်း improvement (တိုးတက်မှု) တစ်ခုလို့မြင်ပါတယ်ဘဝ မှာ ဘယ် အရာမှ အလကားမရပါဘူးညီမ ခုဆို Lola ဆိုတဲ့ poodle puppy လေးတစ်ကောင်စမွေးပါတယ်အများကြီး လေ့လာရတယ် စိတ်ရှည်ရတယ်ဘာကို ငါလုပ်နိုင်လည်း မလုပ်နိုင်လည်း သိလာရတယ်တကယ် မလွယ်ပါဘူး pet မွေးရတာ အင်မတန် စိတ်ရှည်ရပါတယ်Lola လေးကို မွေးချင်းရဲ့ အကျိုး ရလဒ်တွေက ရှေ့ မှာ တစ်ခုခု အကျိုးရှိလာမယ် ဆိုတာ ယုံကြည်ပါတယ်နောက်တစ်ခု ညီမ ဟင်းတွေ ချက်တယ် အရင်က စိတ်ကူးထဲမှာ ချက်နေတာတွေ ခု တစ်ခုမကျန် အကုန် လိုက်ချက်တယ်အားတဲ့ချိန် Netflix မှာ ညီမ သရဲကားတွေ cartoons and also Drama တွေညီမ ခုတစ်လော လုံးဝမကြည့်ပါဘူးကြည့်တာ အပြစ်မဟုတ်ပါဘူး ဒါမယ့် ခုနောက်ပိုင်းကြည့်ချင်တာ ကြည့်ဖြစ်တာလေးတွေကခေတ်လူငယ် မိန်းကလေးတွေ New York City မှာ ဘယ် လိုနေထိုင် သွားလာနေလည်း….သူမရဲ့ သူငယ်ချင်းတွေ နဲ့ ဘယ် လိုchill လုပ်လည်းသူမရဲ့ Life style တခုကို ဘယ် လို Balance ဖြစ်အောင် နေလည်း သူရဲ့ ကြိုးစားမှုတွေ ပြတ်သားမှုတွေလေ့လာစရာ ရနိုင်မယ့် ကားမျိုးတွေ but ofcox a little bit mixed with drama လေးတွေ တော့ ပါတတာပေါ့ နော် … ကြည့်ဖြစ်ပါတယ်Youtube ကြည့်တယ် တစ်ခါတလေ သွားရှာမိသေးတယ် ဘာတဲ့ online job vacancies ဆိုပီး😬😁ဘာလို့လည်း ဆိုတော့ ရပ်နေတဲ့ ဘဝ ကြီး မှာ မနေချင်ဘူး လှုပ်ရှား ချင်တယ်ဝုန်းဆိုပီး တက်နေရမယ့် ခေတ်လူငယ်တွေ ရဲ့ life ဟာ ဘယ်သူလုပ်လို့မှ မရပ်တန့်စေချင်ပါဘူးအဲ့တော့ နိုင်ငံသားတစ်ယောက် အနေနဲ့ လုပ်စရာ ရှိတာလေး လည်း လုပ်ရင်းငြီးငြူ နေတာတွေ ခဏရပ်ပြီးအားလုံးပြီးသွားပြီဆိုတဲ့ တစ်နေ့မှာ ငါ ရှေ့ဘယ်နှလှမ်း လေးတော့ ရောက်လာသားပဲ ဆိုတာလေးတွေးမိစေချင်လို့ပါဒါကလည်း ကိုယ်တိုင်က လုပ်နိုင်နေလို့ ပြောပြရချင်းမဟုတ်ပါကြိုးစားနေတုန်းပါပဲ စိတ်ကော လူကော ပြန် ပြီး အားလုံးကို ကြိုးစားနေပါတယ်Hey Dont Forget this 👇🏻ဘယ်သူမှ ကိုယ့် ကို တုံးသွားအောင်လုပ်လို့မရပါဘူး

ကိုယ့်ကိုကိုယ် ပဲပိုင်ပါတယ်Fighting Everyone 💪🏼ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Sophia Everest’s Facebook Page

credit