ခ်စ္ပရိသတ္ႀကီးေရ စကားေျပာပြင့္လင္းျပီး အရမ္းကိုခ်စ္ဖို႔ေကာင္းလြန္းတဲ့ ေနျခည္ဦးကေတာ့ သူမရဲ႕ လူမႈေနထိုင္မႈဘဝကို ကြယ္ဝွက္မႈမရွိပဲ ပရိသတ္ေတြကို ခ်ျပရဲတဲ့ ခပ္ေဂၚေဂၚမိန္းကေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အၿမဲလိုလို အမိုက္စားဖက္ရွင္ေတြနဲ႔ ေတြ႕ျမင္ရေလ့ရွိတဲ့ ေနျခည္ဦးကေတာ့ လတ္တေလာမွာေတာ့ ျပင္ဦးလြင္ျမိဳ့မွာ “ခ်စ္ပန္းဝါဝါ” ရုပ္ရွင္ဇာတ္ကားၾကီးကို သြားေရာက္ရိုက္ကူးေပးေနတာပဲ ျဖစ္ပါတယ္။ Social Influencer ပီပီ ပရိသတ္ေတြအတြက္ အားတက္ေစမယ့္စကားေတြကို အျမဲတမ္းေျပာေလ့ရိွတဲ့ ေနျခည္ဦးက ဒီတစ္ခါမွာလည္း (၂၀၂၁) မွာ ျဖစ္ခ်င္တဲ့ အိပ္မက္ေတြကို အားအင္ေတြအျပည့္နဲ့ ျပဳလုပ္ဖို့ အခုလိုပဲ ေျပာလာပါတယ္။

“လူငယ္ဆိုတာ ႀကိဳးစားေနရမယ္။ ​ပ်င္းရိေနလို႔ မရဘူး ေရာင့္ရဲေနလို႔မရဘူး။ ေနျခည္ဆို(၂၀၂၁) မွာ ျဖစ္ခ်င္တဲ့ အိပ္မက္ေတြ အမ်ားႀကီးျဖစ္ေအာင္လုပ္ဖို႔လည္း အင္အားေတြအျပည့္ပဲ။ ဇြဲမေလွ်ာ့နဲ႔ ေနာက္ျပန္လွည့္မၾကည့္ေၾကး chillies. Show me your best in 2021 ✨🌸✨🌸”ဆိုျပီး အားေပးစကားေျပာလာပါတယ္။

ဒါေပမယ့္ ပရိသတ္တစ္ေယာက္က ဒါက ပိုက္ဆံရိွတဲ့ လူတန္းစားမို့ေျပာတယ္ဆိုတဲ့အေၾကာင္း “ပိုက္ဆံရိွေတာ့ ေျပာအားရိွတာေပါ့။ ပိုက္ဆံမရိွၾကည့္ပါလား လူရာမဝင္ေတာ့ဘူး။” ဆိုျပီး သူ့ရဲ့ ခံစားခ်က္ေတြနဲ့ ေျပာလာပါတယ္။ အဲ့ဒီစကားအေပၚ ေနျခည္ဦးက စိတ္ကြက္သြားျခင္းအလ်ဥ္းမရိွပဲ “အဲ့လို စိတ္ဓာတ္ထားေနကတည္းက မွားေနျပီ။ အၾကီးၾကီးၾကိဳးစားျပပါဦး” ဆိုျပီး ျပန္လည္အားေပးစကားေျပာလာပါတယ္။

ေနျခည္ဦးကေတာ့ သူမကို ပိုက္ဆံရိွလို့ အိပ္မက္ေတြအေကာင္အထည္ေဖာ္ဖို့ လြယ္ကူေၾကာင္း ေျပာလာတဲ့ ပရိသတ္ကို အားေပးစကားေျပာလာတာပဲ ျဖစ္ပါတယ္။ ေနျခည္လည္း (၂၀၂၁) မွာျဖစ္ခ်င္တဲ့ အိပ္မက္ေတြအမွန္တကယ္ျဖစ္လာနိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: beautybynaychi’s fb
Credit– Cele Connections

ချစ်ပရိသတ်ကြီးရေ စကားပြောပွင့်လင်းပြီး အရမ်းကိုချစ်ဖို့ကောင်းလွန်းတဲ့ နေခြည်ဦးကတော့ သူမရဲ့ လူမှုနေထိုင်မှုဘဝကို ကွယ်ဝှက်မှုမရှိပဲ ပရိသတ်တွေကို ချပြရဲတဲ့ ခပ်ဂေါ်ဂေါ်မိန်းကလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အမြဲလိုလို အမိုက်စားဖက်ရှင်တွေနဲ့ တွေ့မြင်ရလေ့ရှိတဲ့ နေခြည်ဦးကတော့ လတ်တလောမှာတော့ ပြင်ဦးလွင်မြို့မှာ “ချစ်ပန်းဝါဝါ” ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်ရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ Social Influencer ပီပီ ပရိသတ်တွေအတွက် အားတက်စေမယ့်စကားတွေကို အမြဲတမ်းပြောလေ့ရှိတဲ့ နေခြည်ဦးက ဒီတစ်ခါမှာလည်း (၂၀၂၁) မှာ ဖြစ်ချင်တဲ့ အိပ်မက်တွေကို အားအင်တွေအပြည့်နဲ့ ပြုလုပ်ဖို့ အခုလိုပဲ ပြောလာပါတယ်။

“လူငယ်ဆိုတာ ကြိုးစားနေရမယ်။ ​ပျင်းရိနေလို့ မရဘူး ရောင့်ရဲနေလို့မရဘူး။ နေခြည်ဆို(၂၀၂၁) မှာ ဖြစ်ချင်တဲ့ အိပ်မက်တွေ အများကြီးဖြစ်အောင်လုပ်ဖို့လည်း အင်အားတွေအပြည့်ပဲ။ ဇွဲမလျှော့နဲ့ နောက်ပြန်လှည့်မကြည့်ကြေး chillies. Show me your best in 2021 ✨🌸✨🌸”ဆိုပြီး အားပေးစကားပြောလာပါတယ်။

ဒါပေမယ့် ပရိသတ်တစ်ယောက်က ဒါက ပိုက်ဆံရှိတဲ့ လူတန်းစားမို့ပြောတယ်ဆိုတဲ့အကြောင်း “ပိုက်ဆံရှိတော့ ပြောအားရှိတာပေါ့။ ပိုက်ဆံမရှိကြည့်ပါလား လူရာမဝင်တော့ဘူး။” ဆိုပြီး သူ့ရဲ့ ခံစားချက်တွေနဲ့ ပြောလာပါတယ်။ အဲ့ဒီစကားအပေါ် နေခြည်ဦးက စိတ်ကွက်သွားခြင်းအလျဉ်းမရှိပဲ “အဲ့လို စိတ်ဓာတ်ထားနေကတည်းက မှားနေပြီ။ အကြီးကြီးကြိုးစားပြပါဦး” ဆိုပြီး ပြန်လည်အားပေးစကားပြောလာပါတယ်။

နေခြည်ဦးကတော့ သူမကို ပိုက်ဆံရှိလို့ အိပ်မက်တွေအကောင်အထည်ဖော်ဖို့ လွယ်ကူကြောင်း ပြောလာတဲ့ ပရိသတ်ကို အားပေးစကားပြောလာတာပဲ ဖြစ်ပါတယ်။ နေခြည်လည်း (၂၀၂၁) မှာဖြစ်ချင်တဲ့ အိပ်မက်တွေအမှန်တကယ်ဖြစ်လာနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Source: beautybynaychi’s fb
Credit– Cele Connections