မဂၤလာပါ ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ မင္းသမီး သင္ဇာဝင့္ေက်ာ္ကေတာ့ ေအာင္ျမင္ လ်က္ရွိေနတဲ့ အႏုပညာရွင္ေတြ ထဲမွာ တစ္ေယာက္အပါအဝင္ျဖစ္ၿပီး အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနကာ ​ ေၾကာ္ျငာေတြကိုလည္း ရိုက္ကူးလ်က္ရွိေနခဲ့တာပဲျဖစ္ပါတယ္။ ပရိသတ္ေတြရဲ့ ခ်စ္ခင္အားေပးမႈကို အခိုင္အမာရယူထားနိုင္ခဲ့တဲ့ သင္ဇာဝင့္ေက်ာ္ ကေတာ့ လူထုလႈပ္ရွားမႈေတြမွာလည္း ကိုယ္တိုင္ ပါဝင္ေနတာျဖစ္သလို ပါဝင္ေနၾကတဲ့ ျပည္သူေတြကိုလည္း စားစရာေတြလႉဒါန္းေလ့ ရွိပါတယ္။

ယေန႔မွာေတာ့ ျပည္သူေတြ မ်ားစြာနဲ႔ နာမည္ႀကီးအႏုပညာရွင္ေတြ မ်ားစြာဟာ သနပ္ခါးကမ္ပိန္းေတြျပဳလုပ္ေနၾကၿပီး ပါးျပင္ေပၚမွာ သနပ္ခါးေတြကိုယ္စီလိမ္းျခယ္ကာ လူထုလႈပ္ရွားမႈမွာ တက္တက္ႂကြႂကြပါဝင္ေနၾကတာပဲျဖစ္ပါတယ္။ သင္ဇာဝင့္ေက်ာ္ကေတာ့ အိမ္မွာေနရင္းနဲ႔ေတာင္ သနပ္ခါး Campaign မွာပါဝင္ေနၿပီး ၿငိမ္းခ်မ္းစြာ လူထုလႈပ္ရွားမႈျပဳလုပ္ေနၾကသူေတြကို ေဘးကင္ းေစဖို႔ ဆုေတာင္းေပးေနခဲ့ပါတယ္။

သင္ဇာဝင့္ေက်ာ္ကေတာ့ ” ၿငိမ္းခ်မ္းစြာ ဆႏၵျပေနတဲ့ျပည္သူမ်ား ေဘးရန္ ကင္းၾကပါေစ ၂၅.၂.၂၀၂၁သနပ္ခါးတိုက္ပြဲေႏြဦးေတာ္လွန္ေရးအေရးေတာ္ပုံေအာင္ရမည္ “ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။ သနပ္ခါးပါးကြက္ၾကားေလးနဲ႔ ျမင္ရသူတိုင္းကို အခ်စ္ပိုေစခဲ့တဲ့ မင္းသမီးသင္ဇာဝင့္ေက်ာ္ရဲ့ ခ်စ္စရာ ပုံရိပ္ေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ၿပီး အဆိုပါပုံရိပ္ေလးေတြကို ေအာက္မွာၾကည့္နိုင္ပါတယ္။

Source: thin zar wint kyaw ‘ s facebook acc
Credit

မင်္ဂလာပါ ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်ကတော့ အောင်မြင် လျက်ရှိနေတဲ့ အနုပညာရှင်တွေ ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေကာ ​ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သင်ဇာဝင့်ကျော် ကတော့ လူထုလှုပ်ရှားမှုတွေမှာလည်း ကိုယ်တိုင် ပါဝင်နေတာဖြစ်သလို ပါဝင်နေကြတဲ့ ပြည်သူတွေကိုလည်း စားစရာတွေလှူဒါန်းလေ့ ရှိပါတယ်။

ယနေ့မှာတော့ ပြည်သူတွေ များစွာနဲ့ နာမည်ကြီးအနုပညာရှင်တွေ များစွာဟာ သနပ်ခါးကမ်ပိန်းတွေပြုလုပ်နေကြပြီး ပါးပြင်ပေါ်မှာ သနပ်ခါးတွေကိုယ်စီလိမ်းခြယ်ကာ လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်နေကြတာပဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ အိမ်မှာနေရင်းနဲ့တောင် သနပ်ခါး Campaign မှာပါဝင်နေပြီး ငြိမ်းချမ်းစွာ လူထုလှုပ်ရှားမှုပြုလုပ်နေကြသူတွေကို ဘေးကင် းစေဖို့ ဆုတောင်းပေးနေခဲ့ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ” ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ပြည်သူများ ဘေးရန် ကင်းကြပါစေ ၂၅.၂.၂၀၂၁သနပ်ခါးတိုက်ပွဲနွေဦးတော်လှန်ရေးအရေးတော်ပုံအောင်ရမည် “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ သနပ်ခါးပါးကွက်ကြားလေးနဲ့ မြင်ရသူတိုင်းကို အချစ်ပိုစေခဲ့တဲ့ မင်းသမီးသင်ဇာဝင့်ကျော်ရဲ့ ချစ်စရာ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source: thin zar wint kyaw ‘ s facebook acc
Credit