



ချစ်ပရိသတ်ကြီးရေ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ ပရိသတ်တွေက ရွှေနှစ်ရွှေလို့ တင်စားခေါ်ဝေါ်ရတဲ့အထိ လိုက်ဖက်ညီလွန်းတဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အချစ်စစ်တစ်ခုကို အခြေခံပြီး အိမ်ထောင်တစ်ခုကို တည်ဆောက်ခဲ့ကြတာမို့ သူတို့နှစ်ယောက်ရဲ့ အချစ်လမ်းခရီးက အထစ်အငေါ့တွေမရှိပဲ ပရိသတ်တိုင်းက အားကျနေရတာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ကလည်း အိမ်ထောင်သက် (၂)နှစ်ကျော်တိုင် တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်က အပျောက်မခံပဲ ချစ်ကြတာကို တွေ့ရပါတယ်။

နှစ်ယောက်စလုံးက နာမည်ကြီးအနုပညာရှင်တွေပီပီ အလုပ်တွေများစွာကို လက်မလည်အောင်လုပ်ကိုင်နေရတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက ဇနီးမောင်နှံတွေပီပီ တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးဂရုစိုက်ဖြစ်ကြတာ ပရိသတ်ကြီး သိပြီးသား ဖြစ်မှာပါ။ ဒီကနေ့မှာလည်း ရွှေထူးက ချစ်ဇနီး ရွှေမှုံရတီနဲ့အတူတူ မီးဖိုချောင်အလုပ်တွေကို ကူညီလုပ်ဆောင်ပေးနေပြီး ရွှေမှုံရတီက ဇနီးမယားအပေါ်တာဝန်ကျေတဲ့အပြင် အိမ်ထောင့်တာဝန်တွေကိုပါ ကူညီလုပ်ဆောင်ပေးတဲ့ ချစ်ခင်ပွန်းရွှေထူးအကြောင်းကို အခုလိုပဲ ပြသလာပါတယ်။

ရွှေမှုံရတီကတော့ သူမအပေါ် အရမ်းချစ်ပြီး ဂရုစိုက်တဲ့အပြင် အိမ်ထောင်ဦးစီးလည်းပီသတဲ့ ခင်ပွန်းအဖြစ် နိုင်ငံကျော် အဆိုတော် ရွှေထူးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိမ်ထောင်ကျကံကောင်းလွန်းသူလေး ရွှေမှုံရတီကို အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Shwe Mhone Yati’s fb
Credit – Cele Connections