ခ်စ္လွစြာေသာ ပရိသတ္ေတြရဲ့အားေပးခ်စ္ခင္ျခင္းကို အျပည့္အဝရရွိထားတဲ့ မေအးေသာင္းကေတာ့ ခုျမန္မာနိုင္ငံမွာ လတ္တေလာမွာျဖစ္ေပၚေနတဲ့အေျခအေနေတြနဲ႔ပတ္သက္ၿပီး ဒီေန႔ထိ ျပည္သူလူထုနဲ႔အတူရပ္တည္ကာ လႈပ္ရွားမႈေတြမွာ အားတတ္သေရာ ပါဝင္ခဲ့ပါတယ္။ဒါ့အျပင္ ျမန္မာနိုင္ငံမွာျဖစ္ပ်က္ေန သမၽွသတင္းေတြအျပင္ လိုက္နာက်င့္သုံးရမယ့္ အေရးႀကီးအခ်က္အလက္ေတြကိုလည္း အခ်ိန္နဲ႔တစ္ေျပးညီေဖာ္ျပကာ ရရာေနရာကေန ပါဝင္ကူညီအားျဖည့္ေပးေနတာပါ..။

သူမကိုယ္တိုင္လည္း လမ္းေပၚထြက္ကာရင္ထဲက ဆႏၵေတြကို အင္တိုက္အားတိုက္ထုတ္ေဖာ္ဆႏၵျပခဲ့တာလည္းျဖစ္ပါတယ္။အခုလည္း မႏၲေလးမွာ မီးေလာင္မႈျဖစ္ပြားၿပီး အိုးမဲ့အိမ္မဲ့ျဖစ္သြားတဲ့ အိမ္ေၿခ ၈၀ ေက်ာ္ မိသားစုမ်ားကို လိုအပ္တဲ့အသုံးအေဆာင္ပစၥည္းမ်ားနဲ႔အစားအေသာက္မ်ား အလႉေငြမ်ားကို မိတ္ေဆြေတြနဲ႔စုေပါင္းကာ ကိုယ္တိုင္သြားေရာက္ လႉဒါန္းခဲ့တာကိုေတြ႕ရပါတယ္..။

အလႉပုံေလးေတြနဲ႔အတူ ” ၂၇ ရက္ေန႔ မေန႔ညက မႏၲေလး ၁၁၆လမ္း ၅၆/၅၇ ၾကား မီးေလာင္မႈ ျဖစ္ပြားသြားရာတြင္အိမ္ေၿခ အိမ္ေထာင္စု ၇၀ေက်ာ္ ၈၀ နီးပါး အိုးမဲ့အိမ္မဲ့ျဖစ္သြားတယ္လို႔ သိရပါတယ္ရွင္ ဒီေန႔ အိမ္ေထာင္စုမ်ားအတြက္ က်မႏွင့္ online မွအလႉရွင္မ်ားလိုအပ္တဲ့အိုးခြက္ ဒယ္အိုး ပန္ကန္ ဇြန္း ေရခြက္ အစရွိသည္တို႔ ႏွင့္အတူ တစ္အိမ္ေထာင္စုလၽွင္ အလႉေငြ ၂၀၀၀၀ က်ပ္လႉဒါန္းခဲ့ပါသည္ရွင့္။ပါဝင္ေပးတဲ့အလႉရွင္မ်ားနဲ႔မိတ္ေဆြမ်ား သာဓု သာဓု သာဓုပါရွင္။ အစစအရာရာစီစဥ္ေပးတဲ့ ကိုမ်ိဳးႀကီး( ပန္းပ်ိဳးသူ) ပရဟိတအဖြဲ႕ကိုလည္းေက်းဇူးအထူးတင္ပါတယ္ရွင့္ဒီေန႔ေန႔လည္ ၁ နာရီမွာလည္း မီးေဘးသင့္ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမွ မိန္းကေလးတစ္ဦးလည္း ဖြားျမင္ခဲ့ပါတယ္ရွင့္ ” ဟုဆိုတဲ့စာေလးကိုေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပး လိုက္ပါတယ္။ဖတ္ရႉ့ေပးၾကတဲ့ပရိတ္သတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္..။

Credit – Cele Zone

ချစ်လှစွာသော ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ မအေးသောင်းကတော့ ခုမြန်မာနိုင်ငံမှာ လတ်တလောမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဒီနေ့ထိ ပြည်သူလူထုနဲ့အတူရပ်တည်ကာ လှုပ်ရှားမှုတွေမှာ အားတတ်သရော ပါဝင်ခဲ့ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံမှာဖြစ်ပျက်နေ သမျှသတင်းတွေအပြင် လိုက်နာကျင့်သုံးရမယ့် အရေးကြီးအချက်အလက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီဖော်ပြကာ ရရာနေရာကနေ ပါဝင်ကူညီအားဖြည့်ပေးနေတာပါ..။

သူမကိုယ်တိုင်လည်း လမ်းပေါ်ထွက်ကာရင်ထဲက ဆန္ဒတွေကို အင်တိုက်အားတိုက်ထုတ်ဖော်ဆန္ဒပြခဲ့တာလည်းဖြစ်ပါတယ်။အခုလည်း မန္တလေးမှာ မီးလောင်မှုဖြစ်ပွားပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ အိမ်ခြေ ၈၀ ကျော် မိသားစုများကို လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းများနဲ့အစားအသောက်များ အလှူငွေများကို မိတ်ဆွေတွေနဲ့စုပေါင်းကာ ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့တာကိုတွေ့ရပါတယ်..။

အလှူပုံလေးတွေနဲ့အတူ ” ၂၇ ရက်နေ့ မနေ့ညက မန္တလေး ၁၁၆လမ်း ၅၆/၅၇ ကြား မီးလောင်မှု ဖြစ်ပွားသွားရာတွင်အိမ်ခြေ အိမ်ထောင်စု ရဝကျော် ၈၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်လို့ သိရပါတယ်ရှင် ဒီနေ့ အိမ်ထောင်စုများအတွက် ကျမနှင့် online မှအလှူရှင်များလိုအပ်တဲ့အိုးခွက် ဒယ်အိုး ပန်ကန် ဇွန်း ရေခွက် အစရှိသည်တို့ နှင့်အတူ တစ်အိမ်ထောင်စုလျှင် အလှူငွေ ၂၀၀၀၀ ကျပ်လှူဒါန်းခဲ့ပါသည်ရှင့်။ပါဝင်ပေးတဲ့အလှူရှင်များနဲ့မိတ်ဆွေများ သာဓု သာဓု သာဓုပါရှင်။ အစစအရာရာစီစဉ်ပေးတဲ့ ကိုမျိုးကြီး( ပန်းပျိုးသူ) ပရဟိတအဖွဲ့ကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင့်ဒီနေ့နေ့လည် ၁ နာရီမှာလည်း မီးဘေးသင့်ကိုယ်ဝန်ဆောင်အမျိုးသမီးမှ မိန်းကလေးတစ်ဦးလည်း ဖွားမြင်ခဲ့ပါတယ်ရှင့် ” ဟုဆိုတဲ့စာလေးကိုရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Photo – Aye Thaung