ေမာ္ဒယ္ေမျမတ္နိုးကေတာ့ ျမန္မာနိုင္ငံမွာ သာမကဘဲ ျပည္ပနိုင္ငံမ်ားအထိ ပရိသတ္ေတြရဲ့တစ္ခဲနက္အားေပးမႈေတြကို ရရွိပိုင္ဆိုင္ ထားတဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။ေမျမတ္နိုး ကေတာ့ ေဖေဖာ္ဝါရီလ အစကတည္းမွစတင္ကာ ယေန႔ခ်ိန္ထိ လူထုလႈပ္ရွားမႈမ်ားတြင္ တက္ႂကြစြာ ပါဝင္ေနတာလည္းျဖစ္ပါတယ္။ နိုင္ငံ့ဂုဏ္ေဆာင္ Missတစ္ဦးလည္းျဖစ္တဲ့ ေမျမတ္နိုးကေတာ့ ပရိသတ္ေတြနဲ႔ အတူတစ္သားတည္းရပ္တည္တာေၾကာင့္ ခ်စ္ခင္အားေပးမႈရရွိေနတဲ့သူေလးပါ….။

ေမျမတ္နိုး ကေတာ့ လတ္တေလာမွာ အလုပ္ကိစၥနဲ႔ မီလန္နိုင္ငံ သို႔ ေရာက္ရွိေနတာပဲျဖစ္ပါတယ္။ဒီလိုအေျခအေနေတြမွာ ျပည္ပနိုင္ငံသို႔ ေရာက္ရွိေနေပမယ့္လည္း ျမန္မာနိုင္ငံမွာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ပက္သက္ၿပီး Speak outလုပ္ေပးေနတာလည္းေတြ႕ရပါတယ္။ အခုလို ျပည္ပနိုင္ငံကိုေရာက္ ရွိေနေပမယ့္ ကိုယ့္နိုင္ငံအတြက္ တတ္အားသေရြ႕ကူညီေပးေနတဲ့ သူမရဲ့စိတ္ဓာတ္ေလးကေတာ့ တကယ္ကိုေလးစားစရာပါပဲ…။

အခုဆိုရင္လည္း ေမျမတ္နိုး က အီတလီနိုင္ငံ မီလန္မွာေရာက္ရွိေနတုန္းေလးမွာ ျပည္ပေရာက္ျမန္မာေတြနဲ႔အတူစုေပါင္းၿပီး မီလန္ Duomo ဘုရားေက်ာင္းမွာ ဆုေတာင္းပြဲျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဆုေတာင္းပြဲျပဳလုပ္ခဲ့တဲ့ပုံရိပ္ေတြကို သူမရဲ့ Facebookစာမ်က္ႏွာမွာတင္ေပးလာခဲ့တာေၾကာင့္ ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပး လိုက္ရပါတယ္ေနာ္…။

crd : MM LOad

မော်ဒယ်မေမြတ်နိုးကတော့ မြန်မာနိုင်ငံမှာ သာမကဘဲ ပြည်ပနိုင်ငံများအထိ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုတွေကို ရရှိပိုင်ဆိုင် ထားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။မေမြတ်နိုး ကတော့ ဖေဖော်ဝါရီလ အစကတည်းမှစတင်ကာ ယနေ့ချိန်ထိ လူထုလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်နေတာလည်းဖြစ်ပါတယ်။ နိုင်ငံ့ဂုဏ်ဆောင် Missတစ်ဦးလည်းဖြစ်တဲ့ မေမြတ်နိုးကတော့ ပရိသတ်တွေနဲ့ အတူတစ်သားတည်းရပ်တည်တာကြောင့် ချစ်ခင်အားပေးမှုရရှိနေတဲ့သူလေးပါ….။

မေမြတ်နိုး ကတော့ လတ်တလောမှာ အလုပ်ကိစ္စနဲ့ မီလန်နိုင်ငံ သို့ ရောက်ရှိနေတာပဲဖြစ်ပါတယ်။ဒီလိုအခြေအနေတွေမှာ ပြည်ပနိုင်ငံသို့ ရောက်ရှိနေပေမယ့်လည်း မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပက်သက်ပြီး Speak outလုပ်ပေးနေတာလည်းတွေ့ရပါတယ်။ အခုလို ပြည်ပနိုင်ငံကိုရောက် ရှိနေပေမယ့် ကိုယ့်နိုင်ငံအတွက် တတ်အားသရွေ့ကူညီပေးနေတဲ့ သူမရဲ့စိတ်ဓာတ်လေးကတော့ တကယ်ကိုလေးစားစရာပါပဲ…။

အခုဆိုရင်လည်း မေမြတ်နိုး က အီတလီနိုင်ငံ မီလန်မှာရောက်ရှိနေတုန်းလေးမှာ ပြည်ပရောက်မြန်မာတွေနဲ့အတူစုပေါင်းပြီး မီလန် Duomo ဘုရားကျောင်းမှာ ဆုတောင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဆုတောင်းပွဲပြုလုပ်ခဲ့တဲ့ပုံရိပ်တွေကို သူမရဲ့ Facebookစာမျက်နှာမှာတင်ပေးလာခဲ့တာကြောင့် ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေး လိုက်ရပါတယ်နော်…။

crd : MM LOad