


Source: Swan Zarni’s fb

ချစ်ပရိသတ်ကြီးရေ စွမ်းဇာတ်သဘင်ရဲ့ မင်းသားတစ်ယောက်လည်းဖြစ်သလို ဗီဒီယိုသရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ စွမ်းကတော့ လူကြီး၊ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်။ စွမ်းဇာနည်ကတော့ ပြီးခဲ့တဲ့နှစ်တွေမှာ မူးယစ်ဆေးဝါးစွဲသွားတဲ့ ပြဿနာကြောင့် ပရိသတ်တွေနဲ့ (၃) နှစ်ကြာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး အခုလက်ရှိမှာတော့ သူ့ရဲ့အမှားတွေကို ပြင်ဆင်ခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ ဒုတိယအကြိမ်ထိတွေ့ဖို့ ကြိုးစားနေတဲ့ စွမ်းဇာနည်က သူ့အနေနဲ့ အကောင်းဆုံးကြိုးစားနေပေမယ့် နေရထိုင်ရတာ အဆင်မပြေတဲ့အကြောင်း အခုလိုပဲ ပြောလာပါတယ်။

စွမ်းဇာနည်က “နေရတာ အဆင်မပြေဘူး။ စိတ်ထဲအလိုမကျတော့ဘူး။ အဆင်ပြေအောင်တော့ နေပေးနေတာပဲ။ ဘာတွေဆက်ဖြစ်မလဲမသိ.. အဆင်ပြေဖို့ပဲ ဆုတောင်းပါတယ်။ စိတ်ထဲမှာ အလုပ်ပဲထားတော့လည်း အာရုံတော့နောက်တယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရင်ဖွင့်ပြောဆိုလာတာပဲ ဖြစ်ပါတယ်။

စွမ်းဇာနည်ကတော့ သူ့အနေနဲ့ အလုပ်ကို ဖိဖိစီးစီးလုပ်ကိုင်နေမှ ဘယ်လိုအရာတွေကြောင့် စိတ်အခန့်မသင့်ဖြစ်ရလဲဆိုတာ ပရိသတ်တွေက စိတ်ပူနေကြတာပဲ ဖြစ်ပါတယ်။ စွမ်းဇာနည်တစ်ယောက် တွေ့ကြုံနေရတဲ့ အဆင်မပြေမှုတွေ အမြန်ဆုံး ကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Source: Swan Zarni’s fb
Credit – Cele Connections