Source: Nay Chi Oo’s fb
မင်္ဂလာပါ ပရိသတ်ကြီးရေ ပရိသတ်တွေ ချစ်ကြတဲ့ မင်းသမီး၊ Beauty Blogger လေး နေခြည်ဦးကတော့ အောင်မြင်မှုတွေများစွာကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပီပီ သူမယုံကြည်ရာလမ်းကို တစိုက်မတ်မတ် လှလှပပလေးလျှောက်လှမ်းနေသူတစ်ယောက်ပါ။ ကိုယ်ပိုင်အရည်အချင်းလည်းရှိသလို မိဘတွေရဲ့ အားပေးပံ့ပိုးပေးမှုကို အပြည့်အဝရရှိထားတဲ့ နေခြည်ဦးကတော့ ပရိသတ်တိုင်း အားကျချင်စရာ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဆို လည်း မမှားနိုင်ပါဘူး။ နေခြည်ဦးရဲ့ မိသားစုဝင်တွေကလည်း ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်ပြီး အထူးသဖြင့် နေခြည့်ရဲ့မေမေ အန်တီဆွေနဲ့ ညီမလေး စိမ်းလဲ့ရတနာတို့ကတော့ ပရိသတ်တွေရဲ့ အရင်းနှီးဆုံးလို့ ဆိုနိုင်ပါတယ်။
မိသားစုကို အရမ်းချစ်သလို အထူးသဖြင့် မိခင်၊ ဖခင်အပေါ် မြတ်နိုးတွယ်တာ တတ်တဲ့နေခြည်ဦးက ဒီကနေ့ အမေများနေ့မှာလည်း မေမေအန်တီဆွေနဲ့တကွ ကမ္ဘာပေါ်ရှိ မိခင်တိုင်းကို “အမေများနေ့မှာ အန်တီဆွေနဲ့အတူ မေမေများအားလုံး ကျန်းမာချမ်းသာပါစေ။အဆင်ပြေပါစေ။ အေးချမ်းပါစေ 🥰😘🥰😘 Today is a special day ✨❤️ Happy Mother’s Day ❤️😘❤️😘” ဆိုပြီး မေတ္တာပို့ ဆုတောင်းပေးလာတာကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တွေ့ လာပါတယ်။
နေခြည်ဦးကတော့ အမေများနေ့မှာ ပြင်ဦးလွင်မှာ ရုပ်ရှင်ရိုက်ကူးနေရတာမို့ မေမေ့အနား မှာမရှိနိုင်ပေမယ့် အဝေးကနေ မေမေ့အတွက် မေတ္တာပို့ ဆုတောင်းပေးလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ ကျရောက်တဲ့ အမေများနေ့မှာ ကျေးဇူးရှင် မေမေတွေကို ဆုတောင်းမေတ္တာပို့သရင်း အမေ့ရဲ့ ကြီးမားလှတဲ့ မေတ္တာတွေကို သိရှိခံစားနိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်…။
Source: Nay Chi Oo’s fb
Credit – Cele Connections