Source: Ashin kumara’s fb
ချစ်လှစွာသောပရိတ်သတ်ကြီးရေ ရခိုင်တိုင်းရင်းသား မင်းသားတစ်ယောက်ဖြစ်တဲ့ နေထက်လင်းကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။သရုပ်ဆောင်မင်းသား နေထက်လင်းရဲ့ ဇနီး သရုပ်ဆောင် စုဒါလီကလည်း သရုပ်ဆောင်တစ်ယောက်ဖြစ်သလို သားကြီးဖြစ်သူ ထက်လင်းအောင်ကလည်း အကယ်ဒမီရွှေကြို မောင်တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်တစ်ယောက်ဖြစ်လာပြီမို့ အနုပညာမိသားစုကြီးလို့တောင် ဆိုနိုင်ပါတယ်။ ဒီကနေ့မှာတော့ နေထက်လင်းတို့ မိသားစုကတော့ သူတို့ရဲ့ သွေးသားအမျိုးတွေရှိရာ ရခိုင်တိုင်းရင်းသားတွေဆီ အလှူလေးတစ်ခုပြုလုပ်ခဲ့ပါတယ်..။
သရုပ်ဆောင်မင်းသား နေထက်လင်းတို့ မိသားစုက ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ြ ပည်သူမျာအတွက် ဆောင်းရာသီဝတ် အနွေးထည် အထည် (၅၀၀) ကို ရန်ကုန်မြို့ အလိုတော်ပြည့်ဆရာတော်ကြီးရဲ့ တပည့်ရင်း အသျှင်ကုမာရဆီကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။မင်းသား နေထက်လင်းတို့ မိသားစုကတော့ မကြာခဏဆိုသလို အလှူအတန်းတွေပြုလုပ်ပြီး ဒီတစ်ခေါက်မှာလည်း လက်ရှိရာသီဥတုအတွက် လိုအပ်နေတဲ့ အဝတ်အထည်လေးတွေကို လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်..။
သရုပ်ဆောင်မင်းသားကြီး နေထက်လင်းတို့ မိသားစုကတော့ နှစ်တစ်နှစ်ရဲ့ အစမှာတင် အလှူအတန်းတွေပြုလုပ်ရင်း ကျက်သရေရှိရှိ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေထက်လင်းတို့ မိသားစုရဲ့ နှစ်ဦးအလှူလေးအတွက် ဝမ်းေြ မာက်စွာသာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit – Cele Connections