


Credit – Cele Zone
Photo – Cele Gabar

မင်္ဂလာပါ ပရိသတ်ကြီးရေ ခုဆိုရင် မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ နေရာအနှံအပြားမှာ ပြည်သူတွေအပါအဝင် အနုပညာရှင်များနဲ့ အလွှာအသီးသီးကပါ ဒီနေ့ချိန်ထိ ပုံစံမျိုးစုံနဲ့ အရှိန်အဟုန် ပြင်းပြင်း ဆန္ဒထုတ်ဖော်လျက်ရှိနေတာ လည်းဖြစ်ပါတယ်။

ပြည်သူနဲ့အတူ ရပ်တည်ကာ ဆန္ဒထုတ်ဖော်နေတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် ရာဇာနေဝင်းကလည်း တာဝန်ကျေတဲ့ ပြည်သူတစ်ယောက်အနေနဲ့ အနာဂတ်လှပအောင် ပြည်သူတွေနဲ့အတူအားမာန်တက်ကြွစွာ ပါဝင်လာ တာကို တွေ့မြင်ရပါတယ်။

အနုပညာလောကမှာ အချိန်အတော်ကြာအောင် ပျောက်ကွယ်နေတဲ့ ရာဇာနေဝင်းက ဒီနေ့မှာတော့ အမေရိကန် သံရုံးရှေ့မှာ ပြည်သူပရိသတ်တွေနဲ့အတူ ဆိုင်းဘုတ်ကိုင်ကာ အားမာန်အပြည့်နဲ့ ဆန္ဒထုတ်ဖော်လျက်ရှိရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေး လိုက်ပါတယ်နော်…။

Credit – Cele Zone
Photo – Cele Gabar