ျမန္မာနိုင္ငံမွာခုဆိုရင္ လႈပ္ရွားမႈေတြ ဟာအားေကာင္းလာတာနဲ႔အမၽွ အတိုက္အခိုက္ေတြ ၾကားမွာ အသက္လုၿပီး လႈပ္ရွားမႈေတြကို အားမလ်ာ့ဘဲ စြမ္းစြမ္းတမံလႈပ္ရွားေနၾကတာလည္းျဖစ္ပါတယ္။ ျပည္သူလူထုကလည္း အခ်င္းခ်င္းလူသားခ်င္းစာနာစြာ ရသေလာက္တတ္နိုင္တဲ့ဘက္ကေန ကူညီမႈေတြမ်ိဳးစုံေပးေန တာလည္းျဖစ္ပါတယ္။

လႈပ္ရွားမႈျပဳလုပ္ရင္း ေႂကြလြင့္သြားရတဲ့ အာဇာနည္သူရဲေကာင္းေတြဟာလည္း တစ္ဆတစ္ဆ မ်ားျပား လာတာကိုလည္း ဝမ္နည္းေၾကကြဲစြာေတြ႕ျမင္ေနရပါတယ္။အႏုပညာရွင္ေတြကလည္း ရရာေနရာကေန အားလုံးကိုကူညီေစာင့္ေရွာက္ရင္း ျပည္သူေတြနဲ႔အတူရပ္တည္​ေပးေနၾကတာပါ။အစြမ္းကုန္ရပ္တည္ေပးေနတဲ့ အႏုပညာရွင္ေတြထဲမွာမွ ကိုလူမင္းဟာ ဆိုရင္လည္း တိုင္းျပည္အတြက္ ဘက္ေပါင္းစုံက နိုင္ငံဝန္ထမ္းမ်ားကို လူထုလႈပ္ရွားမႈမွာ ပါဝင္ရန္ တိုက္တြန္းေပးခဲ့မႈေၾကာင့္ မိသားစုနဲ႔ ကြဲကြာၿပီး ထိန္းသိမ္းခံထား ရတာလည္း ျဖစ္ပါတယ္။

အန္ကယ္ေလးနဲ႔ပတ္သက္ၿပီး အႏုပညာရွင္ အသိုင္းအဝိုင္းေကာ ျပည္သူေတြအားလုံးက ပါမက်န္ စိတ္ပူပန္ေနၾကရတာအမွန္ပါပဲေနာ္။ခုလည္း ခင္လွိုင္က အန္ကယ္ေလးကို စိတ္ပူပန္ေနမိေၾကာင္းကိုခုလိုေလး ေရးသားေဖာ္ျပလာတာျဖစ္ပါတယ္။” ကိုလူမင္း ကၽြန္ေတာ္တို႔ေလာကသားခ်စ္စနိုးႏွင့္ခင္မင္ရင္းႏွီးစြာေခၚခဲ့ၾကတာက…အန္ကယ္ေလးေရ…အခုလိုအခ်ိန္မွာ အန္ကယ္ေလးမိသားစုေတြဘယ္ေလာက္ေတာင္မွစိတ္ပူၿပီးေသာကေရာက္ေနၾကလဲဆိုတာေတြးၾကည့္စရာမလိုေအာင္အားလုံးကစာနာနာ းလည္နိုင္ၾကပါတယ္ ကၽြန္ေတာ္အပါအဝင္ အန္ကယ္ေလးကို ခ်စ္ခင္ၾကတဲ့ေလာကသားအားလုံးအန္ကယ္ေလးကို ခ်စ္ခင္အားေပးၾကတဲ့ခ်စ္ပရိတ္သတ္အားလုံးကလည္းမိသားစုႏွင့္ ထပ္တူခံစားေနၾကရပါတယ္ဗ်ာပရိတ္သတ္ေတြအေပၚမွာ ေလးစားခ်စ္ၿပီးေလာကသားေတြအေပၚမွာလဲ တတ္စြမ္းသမၽွ ကူညီေပးတတ္ၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေဖၚေဖၚ ေရြေရြေနတတ္တဲ့အန္ကယ္ေလး က်န္းမာစြာျဖင့္ေဘးရန္ကင္းၿပီးမိသားစုမ်ားရွိရာကိုအျမန္ ျပန္လာနိုင္ ပါေစခင္ဗ်ာ”ဆိုတဲ့စာေလးပဲျဖစ္ရာ ပရိသတ္ႀကီးအတြက္ ျပန္လည္မၽွေဝေပးရင္း နိုင္ငံေတာ္ႀကီး အျမန္ေအးခ်မ္းပါေစ ဆုေတာင္းေပးလိုက္ပါတယ္။

Source & Photo Credit : Khin Hlaing Facebook Account
Credit

မြန်မာနိုင်ငံမှာခုဆိုရင် လှုပ်ရှားမှုတွေ ဟာအားကောင်းလာတာနဲ့အမျှ အတိုက်အခိုက်တွေ ကြားမှာ အသက်လုပြီး လှုပ်ရှားမှုတွေကို အားမလျာ့ဘဲ စွမ်းစွမ်းတမံလှုပ်ရှားနေကြတာလည်းဖြစ်ပါတယ်။ ပြည်သူလူထုကလည်း အချင်းချင်းလူသားချင်းစာနာစွာ ရသလောက်တတ်နိုင်တဲ့ဘက်ကနေ ကူညီမှုတွေမျိုးစုံပေးနေ တာလည်းဖြစ်ပါတယ်။

လှုပ်ရှားမှုပြုလုပ်ရင်း ကြွေလွင့်သွားရတဲ့ အာဇာနည်သူရဲကောင်းတွေဟာလည်း တစ်ဆတစ်ဆ များပြား လာတာကိုလည်း ဝမ်နည်းကြေကွဲစွာတွေ့မြင်နေရပါတယ်။အနုပညာရှင်တွေကလည်း ရရာနေရာကနေ အားလုံးကိုကူညီစောင့်ရှောက်ရင်း ပြည်သူတွေနဲ့အတူရပ်တည်​ပေးနေကြတာပါ။အစွမ်းကုန်ရပ်တည်ပေးနေတဲ့ အနုပညာရှင်တွေထဲမှာမှ ကိုလူမင်းဟာ ဆိုရင်လည်း တိုင်းပြည်အတွက် ဘက်ပေါင်းစုံက နိုင်ငံဝန်ထမ်းများကို လူထုလှုပ်ရှားမှုမှာ ပါဝင်ရန် တိုက်တွန်းပေးခဲ့မှုကြောင့် မိသားစုနဲ့ ကွဲကွာပြီး ထိန်းသိမ်းခံထား ရတာလည်း ဖြစ်ပါတယ်။

အန်ကယ်လေးနဲ့ပတ်သက်ပြီး အနုပညာရှင် အသိုင်းအဝိုင်းကော ပြည်သူတွေအားလုံးက ပါမကျန် စိတ်ပူပန်နေကြရတာအမှန်ပါပဲနော်။ခုလည်း ခင်လှိုင်က အန်ကယ်လေးကို စိတ်ပူပန်နေမိကြောင်းကိုခုလိုလေး ရေးသားဖော်ပြလာတာဖြစ်ပါတယ်။” ကိုလူမင်း ကျွန်တော်တို့လောကသားချစ်စနိုးနှင့်ခင်မင်ရင်းနှီးစွာခေါ်ခဲ့ကြတာက…အန်ကယ်လေးရေ…အခုလိုအချိန်မှာ အန်ကယ်လေးမိသားစုတွေဘယ်လောက်တောင်မှစိတ်ပူပြီးသောကရောက်နေကြလဲဆိုတာတွေးကြည့်စရာမလိုအောင်အားလုံးကစာနာနာ းလည်နိုင်ကြပါတယ် ကျွန်တော်အပါအဝင် အန်ကယ်လေးကို ချစ်ခင်ကြတဲ့လောကသားအားလုံးအန်ကယ်လေးကို ချစ်ခင်အားပေးကြတဲ့ချစ်ပရိတ်သတ်အားလုံးကလည်းမိသားစုနှင့် ထပ်တူခံစားနေကြရပါတယ်ဗျာပရိတ်သတ်တွေအပေါ်မှာ လေးစားချစ်ပြီးလောကသားတွေအပေါ်မှာလဲ တတ်စွမ်းသမျှ ကူညီပေးတတ်ပြီး ပျော်ပျော်ရွှင်ရွှင် ဖေါ်ဖေါ် ရွေရွေနေတတ်တဲ့အန်ကယ်လေး ကျန်းမာစွာဖြင့်ဘေးရန်ကင်းပြီးမိသားစုများရှိရာကိုအမြန် ပြန်လာနိုင် ပါစေခင်ဗျာ”ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးရင်း နိုင်ငံတော်ကြီး အမြန်အေးချမ်းပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Source & Photo Credit : Khin Hlaing Facebook Account
Credit