သ႐ုပ္ေဆာင္ ဇဏ္ခီႏွင့္ ဒါရိုက္တာ ခရစၥတီးနားခီတို႔ကို ယေန႔ (ဧၿပီ ၁၇ ရက္) မနက္ ၇ နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္၌ အရပ္ဝတ္ လူတစုက လာေရာက္ ဖမ္းဆီး ေခၚေဆာင္သြားတာပဲျဖစ္ပါတယ္။

ဇဏ္ခီ၊ ခရစၥတီးနားခီ၊ သားျဖစ္သူႏွင့္အတူ အမ်ိဳးသမီးတဦး အပါအဝင္ ၄ ဦးသည္ ရန္ကုန္ကေန ဘန္ေကာက္သို႔ ထြက္ခြာမည့္ MAI ေလေၾကာင္းလိုင္းျဖင့္ သြားရန္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ေရာက္ရွိေနခ်ိန္ Immigration ေကာင္တာ၌ စစ္ေဆးမႈ ခံယူၿပီးေနာက္ လူတစုက ေခၚေဆာင္သြားျခင္းျဖစ္သည္။

၎တို႔ ဇနီးေမာင္ႏွံသည္ အေမရိကန္နိုင္ငံသား ခံယူထားသူမ်ားျဖစ္ေၾကာင္း ၎တို႔ႏွင့္ နီးစပ္သည့္ ဝါရင့္အႏုပညာရွင္တဦးကဧရာဝတီသို႔အတည္ျပဳေျပာဆိုသည္။ဇဏ္ခီ၊ ခရစၥတီးနားခီတို႔ ႏွစ္ဦးမွာ ပုဒ္မ ၅၀၅-က ျဖင့္ ဖမ္းဝရမ္း ထုတ္ခံထားရျခင္းမရွိဘဲယခုလို ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္ကာယခုအခါ ျပန္လႊတ္ေျမာက္လာၿပီျဖစ္ေၾကာင္းသိရပါတယ္။

လက္ရွိအခ်ိန္တြင္ ပုဒ္မ ၅၀၅-က ျဖင့္ တရားစြဲဆို ခံထားရေသာ အႏုပညာရွင္မ်ားထဲမွသ႐ုပ္ေဆာင္ လူမင္း၊ ဇင္ဝိုင္း၊ ဇာဂနာ၊ ေျပတီဦး၊ ရဲတိုက္၊ ပိုင္တံခြန္၊ အိျႏၵာေက်ာ္ဇင္၊ အဆိုေတာ္ ပိုပို တို႔ ဖမ္းဆီးခံထားရသည္။

Credit

သရုပ်ဆောင် ဇဏ်ခီနှင့် ဒါရိုက်တာ ခရစ္စတီးနားခီတို့ကို ယနေ့ (ဧပြီ ၁၇ ရက်) မနက် ၇ နာရီအချိန်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အရပ်ဝတ် လူတစုက လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားတာပဲဖြစ်ပါတယ်။

ဇဏ်ခီ၊ ခရစ္စတီးနားခီ၊ သားဖြစ်သူနှင့်အတူ အမျိုးသမီးတဦး အပါအဝင် ၄ ဦးသည် ရန်ကုန်ကနေ ဘန်ကောက်သို့ ထွက်ခွာမည့် MAI လေကြောင်းလိုင်းဖြင့် သွားရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိနေချိန် Immigration ကောင်တာ၌ စစ်ဆေးမှု ခံယူပြီးနောက် လူတစုက ခေါ်ဆောင်သွားခြင်းဖြစ်သည်။

၎င်းတို့ ဇနီးမောင်နှံသည် အမေရိကန်နိုင်ငံသား ခံယူထားသူများဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် ဝါရင့်အနုပညာရှင်တဦးကဧရာဝတီသို့အတည်ပြုပြောဆိုသည်။ဇဏ်ခီ၊ ခရစ္စတီးနားခီတို့ နှစ်ဦးမှာ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရခြင်းမရှိဘဲယခုလို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကာယခုအခါ ပြန်လွှတ်မြောက်လာပြီဖြစ်ကြောင်းသိရပါတယ်။

လက်ရှိအချိန်တွင် ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆို ခံထားရသော အနုပညာရှင်များထဲမှသရုပ်ဆောင် လူမင်း၊ ဇင်ဝိုင်း၊ ဇာဂနာ၊ ပြေတီဦး၊ ရဲတိုက်၊ ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင်၊ အဆိုတော် ပိုပို တို့ ဖမ်းဆီးခံထားရသည်။

Credit