ပရိတ်သတ်ကြီးရေ.. အဆိုတော်ယုန်လးဟာဆိုရင် တေးသီချင်းများစွာကို သီဆိုခဲ့တဲ့အဆိုတော်တစ်ဦးပဲဖြစ်ပါတယ် ပရိတ်သတ်ကြီးရေ..။ယုန်လေးဟာဆိုရင် စစ်တပ်မှကျင်းပပြုလုပ်တဲ့ သင်္ကြန်ပွဲတော်မှာသွားရောက်ဖျော်ဖြေခဲ့တဲ့ အတွက် ပရိတ်သတ်တွေ အကြီးအကျယ်ပေါက်ကွဲပြီး ဒေါသထွက်သည်အထိ ယုန်လေးကို စိတ်ဆိုးနေကြတာပဲဖြစ်ပါတယ်နော်…။

ပီးခဲ့တဲ့ရက်ပိုင်မှာလည်း ယုန်လေးရဲ့ကားကိုမီးရှို့ခြင်းခံခဲ့ရပါတယ် ။အဲ့ဒီအဖြစ်အပျက်နဲ့ပတ်သက်ပီး ယုန်လေးက အခုလိုပဲပေါက်ကွဲစွာနဲ့ပြန်လည်တုန့်ပြန်လာခဲ့တာပဲဖြစ်ပါတယ် ပရိတ်သတ်ကြီးရေ..။ ယုန်လေးက ” အခု မှ လိုင်းရတဲ့ နေရာရောက်လို့ပါ ဒလံ ဆိုတဲ့ စကားအဓိပ္ပါယ်ကို သေချာ နားလည်နိုင်ပါစေ . အရင်ထဲက မကျေနပ်တာတွေ နဲ့ ရော ပြီး ဒလံ ဆိုတာနဲ့ မရောထွေးပြစ်ပါနဲ့ .

ဒီနေ့ ဒီချိန်ထိ သူတပါးကို ဒုက္ခရောက် အောင် မလုပ်ဖူးပါဘူး .ဒုက္ခရောက်နေတဲ့ လူတွေကိုသာ သူတို့ ဒုက္ခတွေကို ဖြေရှင်းပေးခဲ့တာပါ .ကျွန်တော် ကူညီပေးခဲ့တဲ့ လူတွေပါအဖြေတစ်ခု ဖြစ်စဉ်ကို သေချာ မသိပဲ ဆဲနေတာတွေ မြင်တော့ စိတ်မကောင်းပါဘူး .ဒီလောက်ပါပဲ . ကလဲ့စားချေတယ်ဆိုတာ ဘဝ မှာမရှိခဲ့ဘူးပါ . နောက်လည်း မရှိပါ .အရင်ထဲကလည်း ကူတယ် ကယ်တယ် ဒီ အလုပ်ပဲ လုပ်နေတာ အခုလည်း ကူတယ်ကယ်တယ် . ဒါပဲ လုပ်တာပါ .အနုပညာ သမားတွေ နဲ့ ပက်သက်ပြီး နောက် Post တင်ပါမယ် .

ကားကိစ္စပြောချင်ပါတယ် .အာမခံ မထားထားတဲ့ အမှားက အဆိုးထဲက အကောင်းဖြစ်လာတယ် .ဆုံးရူံးတာ ကျွန်တော်ပါ .ကျွန်တော် ကိုယ့်ကားကို ကိုယ်တိုင်ရို့တယ် လို့ထပ်စွတ်စွဲတယ် . သိန်း ၂၀၀ နဲ့ ပေါင်ထားတယ် ထပ်ပြောတယ် .လူတွေ အကုသိုလ် နဲ့ စိတ်ဓာတ်တွေ အခြေနေတွေတော်တော်ဆိုးသွားပြီကျွန်တော် OG 2 က ရတဲ့ ရုံဝင်ကြေးနဲ့ ဝယ်ထားတဲ့ ကား ဘဝ ပြန်စတဲ့ အချိန် ပြန်ဝယ်နိုင်တဲ့ ကား ကျွန်တော်တန်ဖိုး ထားတဲ့ ကား ဘယ်လောက် ပေးပေးမရောင်းဘူး .ကျွန်တော် ပြန်ရို့ပါ့ မလား .

သိန်း ၂၀၀ နဲ့ ပေါင်ပြီး အပေါင်ဆုံးချင်တယ်လို့ ပြောရအောင်လည်း သိန်း ၂၀၀ မက တန်ပါတယ် .မီးရို့ စရာရောလိုလိုလား . ကျွန်တော် အနုပညာ သမားပါ . ကျွန်တော် ကို Show ဌားလို့ဆိုတယ် .ပြီးတော့ ကိုယ့်လူတွေကို ကူကယ်တဲ့ ကိစ္စတွေ လုပ်နေလို့ ဆိုပါတယ် . ဒါပါပဲ . ဝဠ်ကြွေး များရှိခဲ့ရင် ဒီ ဘဝ ဒီမှာတင်ကြေပါစေ.ကိုယ်စိတ်ကိုယ်သန့်တယ် .ကိုယ်စေတနာ ကိုယ် အကျိုးပေး မယ်လို့ ယုံကြည်ပါတယ် .” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားတာပဲဖြစ်ပါတယ်နော်…။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်…။

Source ; Yone Lay’s Facebook acc
Credit ; Famous Stars