


Credit– Cele Zone
Photo – Sandy Cho

မင်္ဂလာပါ ပရိသတ်ကြီးရေ ချစ်စရာသားသမီး (၄) ယောက်ကို ပိုင်ဆိုင်ထားတဲ့နိုင်းနိုင်းတို့ ဇနီးမောင်နှံဟာ ကလေးတွေရဲ့ အနာဂတ်အတွက်အကောင်းဆုံးကြိုးစား နေခဲ့ပါတယ်။ ကလေးတွေကိုလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရပ်တည်နိုင်အောင်ပျိုးထောင်ပေးခဲ့ပြီး ပျော်စရာကောင်းတဲ့ ကလေးဘဝရဲ့အနှစ်သာရကိုလည်းအပြည့် အဝရအောင် ဖန်တီးပေးနိုင်ကြပါတယ်။

အလုပ်ကိစ္စတွေနဲ့ မြန်မာပြည်မှာပဲအနေများတဲ့ နိုင်းနိုင်းဟာ ကလေးတွေဆီကိုတော့ မကြာခဏဆိုသလိုပြန်ပြီး သားသမီးတွေကို အချိန်ပေးကာ ကလေးတွေနဲ့အတူ ဆော့ကစားတတ်ပါသေးတယ်။ ချစ်ဇနီးအပေါ်မှာလည်း ခင်ပွန်းကောင်းပီသသလို သားသမီးတွေအပေါ်မှာလည်း ဖခင်ကောင်းပီသသူ တစ်ယောက်ပါ။

ဖေဖေကလည်းတာဝန်ကျေသလို မေမေကလည်းကလေးတွေကိုအကောင်းဆုံးထိန်းကျောင်း တည့်မတ်ပေး နိုင်ခဲ့ပါတယ်။ ချစ်ရတဲ့သမီးလေးနှစ်ယောက်လုံးက ကျောင်းမှာ ” Student of the month ” ဆုကိုရခဲ့လို့ ပီတိဖြစ်နေတဲ့သူမရဲ့ဝမ်းသာစကားကို ” A proud mommy right here Both my munchkins received the Student of the Month Award ” ဆိုပြီး သမီးလေးတွေပုံနဲ့ ဝေမျှခဲ့ပါတယ်။ ထူးချွန်တဲ့ လူတော် လူကောင်းလေးတွေဖြစ်ကြပါစေ။

Credit– Cele Zone
Photo – Sandy Cho