မင္းသမီးေခ်ာ ဝါဝါဝင္းေရႊကေတာ့ အျဖဴအမည္း ဖလင္ေခတ္ကတည္းကေန ဒီေန့ဒီအခ်ိန္ထိ ေအာင္ျမင္ေနဆဲ မင္းသမီးၾကီးတစ္လက္ ျဖစ္ပါတယ္။ ဝါဝါဝင္းေရႊကေတာ့ လက္ရိွမွာ အသက္ (၇၇) နွစ္အရြယ္ကိုေရာက္ရိွေနျပီျဖစ္ျပီး အနုပညာအလုပ္ေတြကုိ မစြန့္လႊတ္ေသးပဲ ဘာသာေရးနဲ့ ကုသိုလ္ေရးကိုလည္း လက္နဲ့မကြာ အျမဲျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ဝါဝါဝင္းေရႊက ဘဝတစ္ပါးကူးေျပာင္းသြားတဲ့ အစ္ကိုနဲ့ ေယာင္းမအတြက္ ကုသိုလ္ျပဳ အလွဴေလးတစ္ခုကို ျပဳလုပ္ခဲ့ေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။
ဝါဝါဝင္းေရႊက “ယေန႔ ကုသိုလ္ ဘဝတစ္ပါး ေျပာင္းလဲသြားၾကေသာ ခ်စ္လွစြာေသာအကို နဲ႔ ေယာင္းမတို႔အားရည္စူး ၍ ငုင္းတို႔ေဆာက္ခဲ့ေသာ ေက်ာင္းေတာ္အား သားသမီး တို႔မွ အသစ္တဖန္ ျပန္လည္ ေဆာက္လုပ္ကာ ေက်ာင္းလႊတ္ ေရစက္ခ် လႉဒါန္းျခင္း ကုသိုလ္အစုစု တို႔ကို ကိုကိုတာ၊ အၫြန္႔ တို႔ႏွင့္တကြ ၾကားသိသမွ် ကိုအမွ်ေပးေဝလိုက္ပါတယ္”ဆိုျပီး မိသားစုအလွဴေလးကို မွ်ေဝေပးလာပါတယ္။
ဝါဝါဝင္းေရႊကေတာ့ ဗုဒၶဘာသာျမန္မာလူမ်ိဳးပီပီ ကံကံရဲ့အက်ိဳးကို ယံုၾကည္ကာ ကုသိုလ္ေရးေတြ မပ်က္မကြက္ ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဝါဝါဝင္းေရႊတို့ရဲ့ မိသားစုကုသိုလ္ေလးကို ထပ္တူသာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Source: Wa Wa Win Shwe’s fb
Bilie – Cele Connections
မင်းသမီးချော ဝါဝါဝင်းရွှေကတော့ အဖြူအမည်း ဖလင်ခေတ်ကတည်းကနေ ဒီနေ့ဒီအချိန်ထိ အောင်မြင်နေဆဲ မင်းသမီးကြီးတစ်လက် ဖြစ်ပါတယ်။ ဝါဝါဝင်းရွှေကတော့ လက်ရှိမှာ အသက် (၇၇) နှစ်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး အနုပညာအလုပ်တွေကို မစွန့်လွှတ်သေးပဲ ဘာသာရေးနဲ့ ကုသိုလ်ရေးကိုလည်း လက်နဲ့မကွာ အမြဲပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဝါဝါဝင်းရွှေက ဘဝတစ်ပါးကူးပြောင်းသွားတဲ့ အစ်ကိုနဲ့ ယောင်းမအတွက် ကုသိုလ်ပြု အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။
ဝါဝါဝင်းရွှေက “ယနေ့ ကုသိုလ် ဘဝတစ်ပါး ပြောင်းလဲသွားကြသော ချစ်လှစွာသောအကို နဲ့ ယောင်းမတို့အားရည်စူး ၍ ငုင်းတို့ဆောက်ခဲ့သော ကျောင်းတော်အား သားသမီး တို့မှ အသစ်တဖန် ပြန်လည် ဆောက်လုပ်ကာ ကျောင်းလွှတ် ရေစက်ချ လှူဒါန်းခြင်း ကုသိုလ်အစုစု တို့ကို ကိုကိုတာ၊ အညွန့် တို့နှင့်တကွ ကြားသိသမျှ ကိုအမျှပေးဝေလိုက်ပါတယ်”ဆိုပြီး မိသားစုအလှူလေးကို မျှဝေပေးလာပါတယ်။
ဝါဝါဝင်းရွှေကတော့ ဗုဒ္ဓဘာသာမြန်မာလူမျိုးပီပီ ကံကံရဲ့အကျိုးကို ယုံကြည်ကာ ကုသိုလ်ရေးတွေ မပျက်မကွက် ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝါဝါဝင်းရွှေတို့ရဲ့ မိသားစုကုသိုလ်လေးကို ထပ်တူသာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Wa Wa Win Shwe’s fb
Bilie – Cele Connections