ခ်စ္ပရိသတ္ႀကီးေရ လတ္တေလာမွာေတာ့ ပရိသတ္ေတြက ျဖဴျဖဴေက်ာ္သိန္း နဲ႔ေက်ာ္ထက္ေအာင္တို႔ ခ်စ္သူေတြျဖစ္ေနၿပီလား ဆိုၿပီး သို႔ေလာ သို႔ေလာ ထင္ေၾကးေပးေနၾကပါတယ္။ ႏွစ္ေယာက္အတူ ျဖဴျဖဴေက်ာ္သိန္း႕ရဲ့သီခ်င္း MTV ကို ရိုက္ကူးရင္း ရိုဆန္တဲ့ပုံေလးေတြေၾကာင့္ ပရိသတ္ေတြက အသည္းတယားယားျဖစ္ေနခဲ့တာပါ။ ဒီေနာက္မွာလည္း မၾကာခဏဆိုသလို ႏွစ္ေယာက္တြဲပုံေလးေတြတင္တတ္ပါေသးတယ္။

ႏွစ္သစ္လက္ေဆာင္အျဖစ္နဲ႔ စႏၵယားႀကီးရခဲ့တုန္းက ေပ်ာ္ေပ်ာ္ရႊင္ရႊင္တီးခတ္ေနတဲ့ျဖဴျဖဴေက်ာ္သိန္း ကို အမိအရမွတ္တမ္းတင္ေပးခဲ့ပါေသးတယ္။ ဒီေန႔မွာလည္း ေက်ာ္ထက္ေအာင္ရဲ့အိမ္ကို အလည္သြားၿပီး ေက်ာ္ထက္ေအာင္ရဲ့အခ်စ္ေတာ္ေခြးေလးေတြနဲ႔ ဓာတ္ဖမ္းခဲ့ပါတယ္။ အားလုံးကိုအသည္းယားေအာင္ပဲလုပ္ေနသလား တကယ္ပဲခ်စ္သူျဖစ္ေနသလားဆိုတာေတာ့ ကာယကံရွင္ေတြပဲသိနိုင္မွာပါ။

ကေလးေတြနဲ႔အမွတ္တရပုံေလးကို ” သူငယ္ခ်င္းေတြဆီ သြားလည္တာလြမ္းလို႔ ဓါတ္ပုံ by သူငယ္ခ်င္းေတြရဲ့အေဖ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ေက်ာ္ထက္ေအာင္ရဲ့ေခြးေလးေတြမွန္းသိလို႔ ခ်စ္စရာမွတ္ခ်က္ေလးေတြ ေပးခဲ့ၾကပါတယ္။

Credit – Cele Zone
Photo – Phyu Phyu Kyaw Thein

ချစ်ပရိသတ်ကြီးရေ လတ်တလောမှာတော့ ပရိသတ်တွေက ဖြူဖြူကျော်သိန်း နဲ့ကျော်ထက်အောင်တို့ ချစ်သူတွေဖြစ်နေပြီလား ဆိုပြီး သို့လော သို့လော ထင်ကြေးပေးနေကြပါတယ်။ နှစ်ယောက်အတူ ဖြူဖြူကျော်သိန်း့ရဲ့သီချင်း MTV ကို ရိုက်ကူးရင်း ရိုဆန်တဲ့ပုံလေးတွေကြောင့် ပရိသတ်တွေက အသည်းတယားယားဖြစ်နေခဲ့တာပါ။ ဒီနောက်မှာလည်း မကြာခဏဆိုသလို နှစ်ယောက်တွဲပုံလေးတွေတင်တတ်ပါသေးတယ်။

နှစ်သစ်လက်ဆောင်အဖြစ်နဲ့ စန္ဒယားကြီးရခဲ့တုန်းက ပျော်ပျော်ရွှင်ရွှင်တီးခတ်နေတဲ့ဖြူဖြူကျော်သိန်း ကို အမိအရမှတ်တမ်းတင်ပေးခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း ကျော်ထက်အောင်ရဲ့အိမ်ကို အလည်သွားပြီး ကျော်ထက်အောင်ရဲ့အချစ်တော်ခွေးလေးတွေနဲ့ ဓာတ်ဖမ်းခဲ့ပါတယ်။ အားလုံးကိုအသည်းယားအောင်ပဲလုပ်နေသလား တကယ်ပဲချစ်သူဖြစ်နေသလားဆိုတာတော့ ကာယကံရှင်တွေပဲသိနိုင်မှာပါ။

ကလေးတွေနဲ့အမှတ်တရပုံလေးကို ” သူငယ်ချင်းတွေဆီ သွားလည်တာလွမ်းလို့ ဓါတ်ပုံ by သူငယ်ချင်းတွေရဲ့အဖေ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ကျော်ထက်အောင်ရဲ့ခွေးလေးတွေမှန်းသိလို့ ချစ်စရာမှတ်ချက်လေးတွေ ပေးခဲ့ကြပါတယ်။

Credit – Cele Zone
Photo – Phyu Phyu Kyaw Thein