


Credit

မင်္ဂလာပါ ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ လူထုလှုပ်ရှားမှုတွေမှာလည်း ပြည်သူတွေနဲ့အတူ ရဲရဲဝံ့ဝံ့ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။ လူငယ်ပီပီ ရှေ့ဆုံးကနေပြီး ပြည်သူတွေကို ကာကွယ်ပေးနေတာကြောင့်လည်း ယောကျာ်းလေးပရိသတ်တွေကပါ လေးစားနေကြတာ လည်း ဖြစ်ပါတယ်။

ပိုင်တံခွန်က လက်ရှိမှာ သူတတ်နိုင်တဲ့ဘက်ကနေ လှုပ်ရှားပါဝင်ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။ အခုလည်းသွားလာရင်း အပြင်မှာ ဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်များကို အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ပိုင်တံခွန်ရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ပေး ထားတာပဲ ဖြစ်ပါတယ်။

သွားရင်းလာရင်းလမ်းပေါ်မှာဖြစ်ပေါ်နေတဲ့အခြေအနေအားပြည်သူတွေသိရှိရအောင်ဗီဒီယိုရိုက်ကူးကာဝေမျှပေး လာတာပဲ ဖြစ်ပါတယ်။ သူကလည်း ” ဂရုစိုက်ကြပါ အားလုံး ရဲကားတွေအများကြီး ထွက်လာနေပါပြီ” ဆိုပြီး ရေးသားထားတာကြောင့် ပရိသတ်တွေလည်း ကြည့်ရှုလို့ရအောင် ပိုင်တံခွန်ရဲ့ ဗီဒီယိုဖိုင်ကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါ တယ်နော်။

Credit