ပရိတ္သတ္ႀကီးေရ …ေမာ္ဒယ္သ႐ုပ္ေဆာင္မင္းသမီး ေခ်ာေလး ထားထက္ထက္ ဟာဆိုရင္ ပရိတ္သတ္ရဲ့ခ်စ္ခင္ အားေပးမႈကို အျပည့္အဝ ရရွိထားတဲ့ အႏုပညာရွင္မင္းသမီေခ်ာေလးတစ္ေယာက္ပဲျဖဟ္ပါတယ္ေနာ္။ထားထက္ထက္ဟာဆိုရင္ ယခု လက္ရွိ ျဖစ္ေပၚေနတဲ့ နိုင္ငံေရးအေျခအေန ေတြ နဲ႔ပတ္သက္ၿပီး ေဖေဖာ္ဝါရီလ အစပိုင္းမွစတင္ၿပီး လႈထုလႈပ္ရွားမႈမွာပါဝင္လာတဲ့ သူတစ္ေယာက္ပဲျဖစ္ပါတယ္။အခုလို ပါဝင္ခဲ့တဲ့အတြက္လည္း ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆို အေရးယူခံထားရတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေဘးကင္းရာသို႔တိမ္းေရွာင္ရင္း ျပည္သူေတြရဲ့ အႏၲရာယ္ေတြကို ေရွ႕ဆုံးကေန ကာကြယ္ရန္ တတ္နိုင္သေလာက္ ႀကိဳးစားေနသူျဖစ္ပါတယ္…။

လက္ရွိမွာေတာ့ လြတ္ေျမာက္နယ္ေျမတစ္ေနရာတြင္ ေတာ္လွန္ေရးအတြက္ စစ္သင္တန္း တက္ေရာက္ သင္ၾကားေနတာ ျဖစ္ပါတယ္။ သူမေရာက္ရွိေနေသာ ေနရာတြင္ စားနပ္ရိကၡာလိုအပ္မႈမ်ားရွိေနတာေၾကာင့္ တတ္နိုင္သမၽွပါဝင္လႉဒါန္းေပးၾကဖို႔ကိုလည္း အျမဲတိုက္တြန္းေနတာလည္း ျဖစ္ပါတယ္။အခုရက္ပိုင္းေတြမွာထားထက္ထက္ဟာ နိူင္ေင့ျခားက အင္တာဗ်ဴးတစ္ခုကိုေျဖဆိုခဲ့ၿပီး၊ထိုအင္တင္ဗ်ဴးနဲ႔ပတ္သတ္ၿပီး မလိုလားသူေတြက မဟုတ္မမွန္ေရးသားေျပာဆိုေနၾကတာကိုေတြ႕လာရပါတယ္။ ထိုသိုေရးသားခဲ့အေၾကာင္းအရာအေပၚမွာ ထားထက္ထက္ ဟာျပန္လည္ေျဖရွင္းခဲ့ျဖစ္ပါတယ္ေနာ္…။

ထားထက္ထက္က”ကၽြန္မ ထားထက္ထက္ ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာပါ လုံျခဳံစြာ ရွိေနပါတယ္ရွင္ … ကၽြန္မရဲ့ သတင္းတခုခု တက္လာတဲဲ့အခါတိုင္း တဖက္က ရည္ရြယ္ခ်က္ရွိရွိနဲ႔ သတင္းအမွားျဖန႔္ၿပီး ကၽြန္မရဲ့ သိကၡာ နဲ႔ အမ်ားရဲ့သိကၡာကို တိုက္ခိုက္ေနၾကတာ ျမင္ေတြ႕ရပါတယ္…ကၽြန္မရဲ့ နိုင္ငံတကာက အင္တာဗ်ဴးထဲမွ ပုံအခ်ိဳ႕ကို SS ရိုက္ ၊ English လို video နဲ႔ ေျဖထားတာကို နားမလည္ ကိုယ္နဲ႔ခိုင္းႏွိုင္းၿပီး ရိုင္းစိုင္းစြာ သတင္းပုံဖ်က္တိုက္ခိုက္မႈေတြကို ဒီရက္ပိုင္းေတြမွာ ေတာ္ေတာ္မ်ားမ်ား ေတြ႕လာရတဲ့အခါ စိတ္ဓါတ္အလြန္ယုတ္ညံ့တဲ့ လူေတြနဲ႔ ကၽြန္မတို႔ေတြ ရင္ဆိုင္ေနရပါလားလို႔ ပိုၿပီး သတိထားမိပါတယ္ရွင္…တိုင္းရင္းသားေတြရဲ့ ရိုးေျဖာင့္မႈ သစၥာရွိမႈ မိသားစုစိတ္ရွိမႈေတြကို ပုံဖ်က္ဖို႔ ႀကိဳးစားေနတာကို ရပ္တန႔္ဖို႔ သင့္ၿပီလို႔ ထင္ပါတယ္..

ကၽြန္မ ဒီေဒသမွာ ေနထိုင္လာခဲ့တာ လအေတာ္ၾကာလာတဲ့ အခ်ိန္အထိ ေစာ္ကားခံရဖို႔ မဆိုထားနဲ႔ ထိကပါး ရိကပါး ေျပာဆိုခံရမႈေတာင္ မရွိပါဘူးရွင္… တခ်ိဳ႕ဆို ကၽြန္မအကိုႀကီး အရြယ္ တခ်ိဳ႕ဆို ကၽြန္မရဲ့ေမာင္ငယ္ေတြ အရြယ္ေတြပါ…သူတို႔အားလုံးရဲ့ ျဖဴစင္တဲ့ ေမတၱာစစ္စစ္ကို ခံစားရပါတယ္ရွင္… သူတို႔မွာ တင္းက်ပ္တဲ့ စစ္စည္းကမ္းေတြ ရွိတာေၾကာင့္လဲ ျဖစ္နိုင္ပါတယ္ … သူတို႔မွာ သူတို႔ရဲ့ အမ်ိဳးဂုဏ္ကို ထိန္းသိမ္းေနတာေၾကာင့္လဲ ျဖစ္နိုင္ပါတယ္… သူတို႔ဟာ လူေယာက္်ားတေယာက္ရဲ့ ကိုယ္က်င့္သိကၡာကို ထိန္းသိမ္းၾကတာလဲ ျဖစ္နိုင္ပါတယ္… ေသခ်ာတာကေတာ့ တဖက္က ကိုယ့္စိတ္နဲ႔ႏွိုင္းၿပီး သတင္းမွား ေဖာ္ျပေနၾကတဲ့ လူေတြေျပာသလို မဟုတ္ၾကတာေတာ့ အမွန္ပါပဲရွင္ … ကၽြန္မသည္ အမွန္တရားအေပၚ ျမတ္နိုးမႈ ရွိလို႔ ကၽြန္မ ယုံၾကည္မႈနဲ႔ ေတာ္လွန္ေရးလမ္းကို ေလၽွာက္ခဲ့ပါတယ္ …

ယေန႔အထိ ကၽြန္မအေပၚ စခန္းမွ တိုင္းရင္းသား ရဲေဘာ္ရဲဘက္မ်ားသည္ ႏႈတ္အားျဖင့္ေတာင္ အိေျႏၵ ပ်က္ေအာင္ စ ေနာက္ခဲ့ျခင္းမ်ား မရွိခဲ့သည္ကို ေတာေစာင့္နတ္ ၊ ေတာင္ေစာင့္နတ္မ်ား သက္ေသထား၍ ကၽြန္မ သစၥာ ဆိုပါတယ္ရွင္ .. 🙏🙏🙏ကၽြန္မႏွင့္ တိုင္းရင္းသား ရဲေဘာ္ ရဲဘက္မ်ား၏ ျဖဴစင္ေသာ ညီအကို ေမာင္ႏွမ စိတ္ သစၥာမွန္ကန္ပါက ဤေတာ ဤေတာင္ ဤေရေျမတြင္ ကၽြန္မတို႔အား စြပ္စြဲသိကၡာခ်သူ အေပါင္းတို႔ စစ္ရႈံးပါေစသား … ေတာေစာင့္ ေတာင္ေစာင့္နတ္ အေပါင္းတို႔ ၏ျပစ္ဒါဏ္ခတ္မႈေၾကာင့္ ဤေၿမ ဤေရ ဤေတာေတာင္တို႔တြင္ မမွန္မကန္ စြပ္စြဲ သိကၡာခ်ခဲ့သည့္ တပ္ဖြဲ႕ဝင္မ်ားအားလုံး ေဘးဆိုး အမ်ိဳးမ်ိဳး သင့္ပါေစသား … 🙏🙏🙏ထားထက္ထက္June 5 2021″ ဆိုၿပီးသူမရဲ့လူမႈကြန္ယက္စာမ်က္ႏွာကေနေရးသားလာခဲ့တာပဲျဖစ္ပါတယ္ေနာ္..။ဖတ္ရႈေပးတဲ့ပရိတ္သတ္တစ္ေယာက္ခ်င္ဒစီတိုင္းကို ေက်းဇူးတင္ရွိပါတယ္…။

Source ; Htar Htet Htet Facebook Acc
Credit ; Celebrity Platforms

ပရိတ်သတ်ကြီးရေ …မော်ဒယ်သရုပ်ဆောင်မင်းသမီး ချောလေး ထားထက်ထက် ဟာဆိုရင် ပရိတ်သတ်ရဲ့ချစ်ခင် အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ အနုပညာရှင်မင်းသမီချောလေးတစ်ယောက်ပဲဖြဟ်ပါတယ်နော်။ထားထက်ထက်ဟာဆိုရင် ယခု လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ တွေ နဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ အစပိုင်းမှစတင်ပြီး လှုထုလှုပ်ရှားမှုမှာပါဝင်လာတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။အခုလို ပါဝင်ခဲ့တဲ့အတွက်လည်း ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို အရေးယူခံထားရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးကင်းရာသို့တိမ်းရှောင်ရင်း ပြည်သူတွေရဲ့ အန္တရာယ်တွေကို ရှေ့ဆုံးကနေ ကာကွယ်ရန် တတ်နိုင်သလောက် ကြိုးစားနေသူဖြစ်ပါတယ်…။

လက်ရှိမှာတော့ လွတ်မြောက်နယ်မြေတစ်နေရာတွင် တော်လှန်ရေးအတွက် စစ်သင်တန်း တက်ရောက် သင်ကြားနေတာ ဖြစ်ပါတယ်။ သူမရောက်ရှိနေသော နေရာတွင် စားနပ်ရိက္ခာလိုအပ်မှုများရှိနေတာကြောင့် တတ်နိုင်သမျှပါဝင်လှူဒါန်းပေးကြဖို့ကိုလည်း အမြဲတိုက်တွန်းနေတာလည်း ဖြစ်ပါတယ်။အခုရက်ပိုင်းတွေမှာထားထက်ထက်ဟာ နိူင်ငေ့ခြားက အင်တာဗျူးတစ်ခုကိုဖြေဆိုခဲ့ပြီး၊ထိုအင်တင်ဗျူးနဲ့ပတ်သတ်ပြီး မလိုလားသူတွေက မဟုတ်မမှန်ရေးသားပြောဆိုနေကြတာကိုတွေ့လာရပါတယ်။ ထိုသိုရေးသားခဲ့အကြောင်းအရာအပေါ်မှာ ထားထက်ထက် ဟာပြန်လည်ဖြေရှင်းခဲ့ဖြစ်ပါတယ်နော်…။

ထားထက်ထက်က”ကျွန်မ ထားထက်ထက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လုံခြုံစွာ ရှိနေပါတယ်ရှင် … ကျွန်မရဲ့ သတင်းတခုခု တက်လာတဲဲ့အခါတိုင်း တဖက်က ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းအမှားဖြန့်ပြီး ကျွန်မရဲ့ သိက္ခာ နဲ့ အများရဲ့သိက္ခာကို တိုက်ခိုက်နေကြတာ မြင်တွေ့ရပါတယ်…ကျွန်မရဲ့ နိုင်ငံတကာက အင်တာဗျူးထဲမှ ပုံအချို့ကို SS ရိုက် ၊ English လို video နဲ့ ဖြေထားတာကို နားမလည် ကိုယ်နဲ့ခိုင်းနှိုင်းပြီး ရိုင်းစိုင်းစွာ သတင်းပုံဖျက်တိုက်ခိုက်မှုတွေကို ဒီရက်ပိုင်းတွေမှာ တော်တော်များများ တွေ့လာရတဲ့အခါ စိတ်ဓါတ်အလွန်ယုတ်ညံ့တဲ့ လူတွေနဲ့ ကျွန်မတို့တွေ ရင်ဆိုင်နေရပါလားလို့ ပိုပြီး သတိထားမိပါတယ်ရှင်…တိုင်းရင်းသားတွေရဲ့ ရိုးဖြောင့်မှု သစ္စာရှိမှု မိသားစုစိတ်ရှိမှုတွေကို ပုံဖျက်ဖို့ ကြိုးစားနေတာကို ရပ်တန့်ဖို့ သင့်ပြီလို့ ထင်ပါတယ်..

ကျွန်မ ဒီဒေသမှာ နေထိုင်လာခဲ့တာ လအတော်ကြာလာတဲ့ အချိန်အထိ စော်ကားခံရဖို့ မဆိုထားနဲ့ ထိကပါး ရိကပါး ပြောဆိုခံရမှုတောင် မရှိပါဘူးရှင်… တချို့ဆို ကျွန်မအကိုကြီး အရွယ် တချို့ဆို ကျွန်မရဲ့မောင်ငယ်တွေ အရွယ်တွေပါ…သူတို့အားလုံးရဲ့ ဖြူစင်တဲ့ မေတ္တာစစ်စစ်ကို ခံစားရပါတယ်ရှင်… သူတို့မှာ တင်းကျပ်တဲ့ စစ်စည်းကမ်းတွေ ရှိတာကြောင့်လဲ ဖြစ်နိုင်ပါတယ် … သူတို့မှာ သူတို့ရဲ့ အမျိုးဂုဏ်ကို ထိန်းသိမ်းနေတာကြောင့်လဲ ဖြစ်နိုင်ပါတယ်… သူတို့ဟာ လူယောက်ျားတယောက်ရဲ့ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းကြတာလဲ ဖြစ်နိုင်ပါတယ်… သေချာတာကတော့ တဖက်က ကိုယ့်စိတ်နဲ့နှိုင်းပြီး သတင်းမှား ဖော်ပြနေကြတဲ့ လူတွေပြောသလို မဟုတ်ကြတာတော့ အမှန်ပါပဲရှင် … ကျွန်မသည် အမှန်တရားအပေါ် မြတ်နိုးမှု ရှိလို့ ကျွန်မ ယုံကြည်မှုနဲ့ တော်လှန်ရေးလမ်းကို လျှောက်ခဲ့ပါတယ် …

ယနေ့အထိ ကျွန်မအပေါ် စခန်းမှ တိုင်းရင်းသား ရဲဘော်ရဲဘက်များသည် နှုတ်အားဖြင့်တောင် အိန္ဒြေ ပျက်အောင် စ နောက်ခဲ့ခြင်းများ မရှိခဲ့သည်ကို တောစောင့်နတ် ၊ တောင်စောင့်နတ်များ သက်သေထား၍ ကျွန်မ သစ္စာ ဆိုပါတယ်ရှင် .. 🙏🙏🙏ကျွန်မနှင့် တိုင်းရင်းသား ရဲဘော် ရဲဘက်များ၏ ဖြူစင်သော ညီအကို မောင်နှမ စိတ် သစ္စာမှန်ကန်ပါက ဤတော ဤတောင် ဤရေမြေတွင် ကျွန်မတို့အား စွပ်စွဲသိက္ခာချသူ အပေါင်းတို့ စစ်ရှုံးပါစေသား … တောစောင့် တောင်စောင့်နတ် အပေါင်းတို့ ၏ပြစ်ဒါဏ်ခတ်မှုကြောင့် ဤမြေ ဤရေ ဤတောတောင်တို့တွင် မမှန်မကန် စွပ်စွဲ သိက္ခာချခဲ့သည့် တပ်ဖွဲ့ဝင်များအားလုံး ဘေးဆိုး အမျိုးမျိုး သင့်ပါစေသား … 🙏🙏🙏ထားထက်ထက်June 5 2021″ ဆိုပြီးသူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်..။ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်ဒစီတိုင်းကို ကျေးဇူးတင်ရှိပါတယ်…။

Source ; Htar Htet Htet Facebook Acc
Credit ; Celebrity Platforms