


credit – Myanmarload

ချစ်ပရိတ်သတ်ကြီးရေ… ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေအားလုံးက အချစ်ပိုနေကြရတဲ့ ပြည်သူ ့အသည်းကျော်လေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး သဇင်ထူးမြင့်ပဲ ဖြစ်ပါတယ်…..။ သဲသဲလေးလို့ချစ်စနိုးခေါ်ကြတဲ့သူမဟာဆိုရင် စွယ်စုံရအနုပညာရှင်ကြီး ဦးခင်လှိုင်ရဲ့သမီးလေးတစ်ယောက်လည်းဖြစ်ပြီးတော့ အနုပညာသွေး အပြည့်ပါတာကြောင့် အနုပညာလောကထဲကို ရွှေကြိုတစ်ယောက်အနေနဲ့စတင်ပြီးဝင်ရောက်လာပြီး အချိန်တိုအတွင်မှား ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိခဲ့တာဖြစ်ပါတယ်နော်။

သဇင်ထူးမြင့်ဟာ အခုလက်ရှိမှာဆိုရင်လည်း ယွန်းယွန်း၊အောင်မင်းခန့်၊ စည်သူဝင်းတို့နဲ့အတူ Double Dating programလေးကိုရိုက်ကူးနေတာဖြစ်ပြီး ချစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်ဝန်းရံအားပေးမှု ကိုရရှိနေတာပဲဖြစ်ပါတယ်နော်။ ဒါ့ပြင် သဇင်ထူးမြင့်ဟာ အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပြီး မကြာသေးမီကလည်းအေးမြဖြူရဲ့ သီချင်းသစ်လေးမှာ နေတိုးနဲ့အတူပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်နော်။

သူမဟာဆိုရင် မင်းသားချောနေတိုး ကိုငယ်စဉ်ကတည်းက အားပေးခဲ့ရသူဖြစ်ပြီး အခုလို အတူတူသရုပ်ဆောင်ရတဲ့အတွက် အပျော်ကြီးပျော်နေတာဖြစ်တဲ့အပြင် နေတိုးဆီကလည်းချီးကျူးတာခံခဲ့ရတာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ “အကို့ဆီက ချီးကျူးစကားကြားရတာကို တကယ်ကိုပျော်မိပါတယ်❤️…ငယ်ငယ်တည်းက အရမ်းသဘောကျပြီး အားပေးခဲ့ရတဲ့အကိုနဲ့ အလုပ်တူတူ လုပ်ခွင့်ရတာ တကယ်ကိုအမှတ်တရပါ…တကယ်ကိုမတွေးခဲ့ဘူးတဲ့ အရာတခု ဖြစ်လာတဲ့တွက် အရမ်းပျော်ပါတယ်…သဲတုံ တစ်ယောက် တကယ်တုန်နေပါတယ်😅…..” ဆိုပြီးသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်နော်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ချစ်ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်….။

Source: Thazin Htoo Myint
credit – Myanmarload