


Source: Nansu Yati Soe’s fb

မင်္ဂလာပါချစ်ပရိတ်သတ်ကြီးရေ ကြွေရုပ်လေးတစ်ရုပ်လို နုနုရွရွလေးနဲ့ အရမ်းလှတဲ့ နန်းဆုရတီစိုးကတော့ ဆယ်စုနှစ်ကျော်တိုင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။အဆိုတော်သရုပ်ဆောင် နန်းဆုရတီစိုးကတော့ ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှုတွေကို အမြဲမပြတ်ပြုလုပ်သလို တစ်ဖက်မှာလည်း သူမရဲ့ အချစ်ရေးလေးကို သာယာပျော်ရွှင်ဖွယ်ဖြစ်အောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ နန်းဆုရတီစိုးကတော့ သူမရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ချပြလေ့ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်..။

ချစ်သူလေးဆီက ဂရုစိုက်ယုယမှုတွေကို ရရှိတဲ့ နန်းဆုရတီစိုးက ဒီကနေ့ ဇန်နဝါရီလ (၆) ရက်နေ့မှာ ကျရောက်တဲ့ ချစ်သူကောင်လေးအတွက် မွေးနေ့လက်ဆောင်လေးပေးပြီး အတူတူရှိနေခဲ့ပေးတာကို တွေ့ရပါတယ်။အဆိုတော်သရုပ်ဆောင် နန်းဆုရတီစိုးက သူမရဲ့ချစ်သူကောင်လေးအတွက် နောက်ဆုံးပေါ် PlayStation 5 ဂိမ်းစက်ကြီးကိုဝယ်ပေးပြီး အမှတ်တရမွေးနေ့ လက်ဆောင်ပေးဖြစ်တဲ့အကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်..။

အဆိုတော်သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ချစ်သူကောင်လေးအတွက် တကယ့်အမိုက်စားလက်ဆောင်ကြီးကို လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန်းဆုရတီစိုးအရမ်းချစ်တဲ့ ချစ်သူကောင်လေးကို အရမ်းသိချင်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – Cele Connections