



မင်္ဂလာပါ ပရိသတ်ကြီးရေ ဇာတ်လမ်းတွဲသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ပိုးကြာဖြူခင်ကတော့ ပြည်သူတွေအားပေးမှုနဲ့ နာမည်ရ ကျော်ကြားလာတဲ့ မင်းသမီးတစ်ယောက်ပီပီ လက်ရှိမြန်မာ့အရေးမှာလည်း ပြည်သူတွေနဲ့ တစ်သွေးတည်း တသားတည်းရှိနေသူတစ်ယောက် ဖြစ်ပါတ်ယ။ ပိုးကြာဖြူခင်က သူမကိုယ်တိုင်လည်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေသလို ဆန္ဒပြကြတဲ့ မိဘပြည်သူတွေအတွက်လည်း စားသောက်စရာ မုန့်ပဲသရေစာတွေနဲ့ နေ့စဉ်နေ့တိုင်း အလှူတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ပိုးကြာဖြူခင်က မော်လမြိုင်မြို့က ဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေအတွက် အအေးဘူးတွေ လှူဒါန်းသွားမယ့်အကြောင်းကို “ဒီနေ့ မော်လမြိုင်မြို့ မှာ ကျမနဲ့ ကျမပရိတ်သာတ်များ မှ အလှူငွေ များ မတည်ပြီး အမှန်တရားအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသော မော်လမြိုင် သူ မော်လမြိုင်သားများအတွက် အမောပြေ အအေးဘူးများနှင့်ရေခဲထုပ်များ လှူဒါန်းပေးပါမယ်ရှင်🙏🏻” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးထားပါတယ်။

ပိုးကြာဖြူခင်ကတော့ သူမကိုယ်တိုင်က ရန်ကုန်မှာရှိနေပေမယ့် လက်လှမ်းမှီသလောက် မြို့လေးတွေမှာလည်း အလှူအတန်းတွေများစွာ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ချစ် ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Poe Kyar Phyu Khin’s fb
Credit – Cele Connections